Date

September 5, 2021

ကမ္ဘာကြီးကို သူဘာလုပ်နိုင်လဲဆိုတာ ပြသလိုနေတဲ့ ဒန်နီရယ် စတားရစ်

လီဗာပူးပရိသတ်တွေဟာ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ပြန်ခေါ်ယူလို့ ရနိုင်မယ့် တိုက်စစ်မှူး စတားရစ်ကို ခေါ်ယူဖို့ အသင်းကို တိုက်တွန်းမှုတွေ ရှိနေပါတယ်။ လီဗာပူးတိုက်စစ်သမားဟောင်းဟာ မကြာသေးခင်က အသက် ၃၂ နှစ်ကို ပြည့်မြောက်ခဲ့ပြီဖြစ်တယ်။ အင်္ဂလန်မှာရှိခဲ့စဉ် သူ့ရဲ့ ဒဏ်ရာ မှတ်တမ်းဆိုးတွေကြောင့် စတားရစ်ကို ခေါ်ယူလိုတဲ့ ကလပ်တွေ ရှားပါးနေပြီး လက်ရှိအချိန်ထိ စပိန်မြေမှာ လေ့ကျင့်နေတဲ့ စတားရစ်ဟာ ကလပ်တစ်သင်းသင်းရဲ့ ကမ်းလှမ်းမှုတွေ မရသေးပါဘူး။ သူ့ရဲ့ မွေးနေ့မှာ စတားရစ်က “ ကျနော် ၃၂ နှစ် ပြည့်ပြီ။ အောင်မြင်မှုရဖို့… Continue Reading →

အတ်ဝပ်က လီဗာပူးအသိုင်းအဝိုင်းမှာ ဂန္တဝင်တစ်ဦးလို နာမည်ကြီးရခြင်းရဲ့ အကြောင်းရင်း (၁၀) ခု

လီဗာပူးမှာ ၁၀ နှစ်တာ ကာလအတွင်း စွမ်းဆောင်ရည်နဲ့ စိစစ်ချက် တာဝန်ခံ နေရာကနေ အားကစား ဒါရိုက်တာ အဆင့်အထိ မယုံနိုင်စရာ တိုးတက်ခဲ့ပြီးနောက် မိုက်ကယ် အတ်ဝပ်ဟာ ကလပ်ကို စွန့်ခွာတော့မယ်လို့ သိထားရပါတယ်။ အားကစား ဒါရိုက်တာအဖြစ် တာဝန်ယူခဲ့တဲ့ ကာလအတွင်း ပို့စ်မောက်ရဲ့ စိစစ်သူဟောင်းဟာ လီဗာပူး ကမ္ဘာ့ အကြီးမားဆုံးနဲ့ အကောင်းဆုံး အပြောင်းအရွှေ့ တချို့ကို လုပ်ဆောင်ခဲ့ပါတယ်။ အန်ဖီးက လူများစွာဟာ သူတို့ရဲ့ အပြောင်းအရွှေ့ ကော်မတီ နောက်ကွယ်က အဓိက အရေးပါသူအဖြစ် အတ်ဝပ်ကို… Continue Reading →

ကမ္ဘာအကောင်းဆုံး ညာအစွန်လူအဖြစ်မှ အင်္ဂလန်ရဲ့ စတုတ္ထဦးစားပေးအဆင့် လျော့ကျမှုအတွက် ထရန့်ရဲ့ မှတ်ချက်

လီဗာပူးညာအစွန်လူ ထရန့်ဟာ ကမ္ဘာအကောင်းဆုံး အစွန်လူအဖြစ်မှ အင်္ဂလန်ရဲ့ စတုတ္ထဦးစားပေး အစွန်လူအဆင့်ကို လျော့ကျခဲ့ပါပြီဆိုတာကတော့ ဒေးလီးမေလ်းက ဖော်ပြခဲ့တဲ့ သတင်းခေါင်းစီးဖြစ်ပါတယ်။ လီဗာပူးမှာ ထူးချွန်တဲ့ ခြေစွမ်းတွေ ပြသထားနိုင်တဲ့ ထရန့်ဟာ အင်္ဂလန်မှာတော့ ပုံမှန်ပွဲကစားခွင့် မရဘူးဖြစ်နေပါတယ်။ သူဟာ အင်္ဂလန်အသင်းအတွက် ထူးထူးချွန်ချွန် ကစားပြနိုင်ခြင်းလည်း မရှိဘဲ လက်ရွေးစင် ပရိသတ်တွေထံက မရှိမဖြစ် ကစားသမားအဖြစ် ချီးကျူးအားပေးခြင်းလည်း မရထားပါဘူး။ ဒီအခြေအနေကို နားလည်ထားတဲ့ ထရန့်ကတော့ အခွင့်အရေး ရလာမယ်ဆိုရင် အင်္ဂလန်အတွက် အကောင်းဆုံး စွမ်းဆောင်ပြလိုကြောင်း ထုတ်ပြောလာခဲ့ပါတယ်။ ထရန့်က… Continue Reading →

လီဗာပူးက အသင်းကြီးပေမယ့် လူအင်အားက အဆင့် ၁၀ အသင်းသာသာပဲလို့ အဘွန်လဟော ဝေဖန်

ပရီးမီးယားလိဂ် တိုက်စစ်မှူးဟောင်း အဘွန်လဟောက လီဗာပူးအသင်းရဲ့ လူစာရင်းဟာ မန်စီးတီး၊ ချယ်ဆီးတို့ကို ယှဉ်ပြိုင်နိုင်မှာ မဟုတ်ဘူးလို့ မြင်နေပါတယ်။ ပွဲထွက် ၁၁ ဦးလူစာရင်းထဲက ဒဏ်ရာရမှုတွေ ရှိလာမယ်ဆိုရင် လီဗာပူးရဲ့ အရန်စာရင်းဟာ ပရီးမီးယားလိဂ်က အဆင့် ၁၀ အသင်း သာသာပဲ ရှိတယ်လို့ အဘွန်လဟောက မြင်ပါတယ်။ ချယ်ဆီးနဲ့ပွဲမှာဆိုရင် သွင်းဂိုးယူဖို့ လိုအပ်နေချိန်မှာ ယာဂင်ကလော့ပ်ရဲ့ အရန်စာရင်းက အားပျော့လွန်းတယ်လို့ သူက ဆိုသေးတာဖြစ်ပါတယ်။ အဘွန်လဟောက “ လီဗာပူးဟာ ထိပ်တန်းအသင်း ဖြစ်နေဆဲပါပဲ။ ဒါပေမယ့်လို့ ဒဏ်ရာပြဿနာတွေ… Continue Reading →

လူငယ် သွေးသစ်တွေကို ဆွဲဆောင်ရာမှာ အခက်အခဲအချို့ကို ရင်ဆိုင်ထားရတဲ့ လီဗာပူး

လီဗာပူးအသင်းဟာ ကစားသမားသစ် ခေါ်ယူရေးအတွက် လူငယ်ကြယ်ပွင့်တွေကို ချိတ်ဆက်မှုတွေ ရှိခဲ့ပေမယ့် အချို့သော ကစားသမားတွေကို ခေါ်ယူရေးက ထင်သလောက် မလွယ်ခဲ့ဘူးလို့ မာဆေးဆိုဒ်အခြေစိုက် လီဗာပူးသတင်းဌာနက ဖော်ပြသွားပါတယ်။ ယာဂင်ကလော့ပ်ရဲ့ အသင်းဟာ တိုက်စစ်ပိုင်းမှာ အင်အားနည်းနေပြီး ကလပ်ဘက်က လူငယ်ကြယ်ပွင့် အချို့ကို ကြိုးစားမှုတွေ ရှိခဲ့တာဖြစ်တယ်။ ဒီနွေမှာ မဟုတ်ပေမယ့်လည်း လီဗာပူးက ဘယ်ဂျီယံ လူငယ်တိုက်စစ်သမား ဒိုကူကို ခေါ်ယူဖို့ ကြိုးစားခဲ့ပါသေးတယ်။ ဒိုကူကိုယ်တိုင်ကလည်း လီဗာပူးနဲ့ အပြောင်းအရွှေ့ကိစ္စ နီးစပ်ခဲ့ကြောင်းကို “ လီဗာပူးက ကျနော်နဲ့ ကျနော် မိဘတွေကို… Continue Reading →

ဆာလာရဲ့ စာချုပ်သစ်ကိစ္စနဲ့ ပတ်သက်လို့ သူ့အမြင်ကို ပြောဆိုသွားတဲ့ ကာရေဂါ

လီဗာပူးကစားသမားဟောင်း ကာရေဂါက ကလပ်ဟာ ဒီနွေမှာ လူသစ်ခေါ်ယူရေးထက် အသင်းသားတွေကို သက်တမ်းတိုးဖို့ကိုပဲ ဦးတည်လာနေတယ်လို့ ပြောလာပါတယ်။ စီနီယာအသင်းသား အများစုဟာ စာချုပ်သက်တမ်း ၂ နှစ် ဝန်းကျင်ပဲ ကျန်ရှိနေကြကာ သူတို့ကို ဆက်ထိန်းရေးက ကလပ်ရဲ့ အဓိက ဦးတည်ချက်ဖြစ်လာခဲ့တယ်။ လီဗာပူးဟာ ဆာလာ၊ မာနေး၊ ဖာမင်နိုတို့ရဲ့ အနာဂတ်တွေကို စီမံရတော့မှာဖြစ်ကာ လာမယ့် နွေမှာဆိုရင် ချိန်ဘာလိန်၊ ကိတ်တာတို့ကလည်း စာချုပ် တစ်နှစ်ပဲ ကျန်ရှိမှာဖြစ်ပါတယ်။ ကမ္ဘာအကောင်းဆုံး ကစားသမားတွေကို တန်ဖိုးနည်းနည်းဖြင့် လက်မလွတ်ရရေး ကြိုးစားနေခြင်းဟာ အောင်မြင်မှုတွေလည်း… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!