Date

September 6, 2021

လက်ရွေးစင်အသင်းတွေက ဒဏ်ရာဖြင့် ပြန်လာရတဲ့ အယ်လီးယော့၊ မီနာမီနိုတို့ရဲ့ အခြေအနေ

ဟာဗေး အယ်လီးယော့ဟာ ဒဏ်ရာ ကုသမှုတွေ ခံယူဖို့ အင်္ဂလန် ယူ-၂၁ လူစာရင်းက နုတ်ထွက်ကာ လီဗာပူးအသင်းထံ ပြန်လာခဲ့ပြီဖြစ်ပါတယ်။ အသက် ၁၈ နှစ်အရွယ် ကွင်းလယ်တိုက်စစ်သမားဟာ အန်ဖီးမှာ ချယ်ဆီးနဲ့ ၁-၁ သရေကျတဲ့ပွဲအတွင်း အသေးစား ကြွက်သား ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရတယ်။ အင်္ဂါနေ့မှာ ယှဉ်ပြိုင်ကစားမယ့် ကိုဆိုဗိုနဲ့ ယူရိုခြေစစ်ပွဲမှာ ပါဝင်ဖို့ရာ ကြံ့ခိုင်မှု မလုံလောက်ခြင်းကြောင့် လီဗာပူးကို ပြန်လာခြင်းဖြစ်ကြောင်း သတင်းထောက် ဂျိမ်းပီယော့ဇ်က အတည်ပြုခဲ့ပါတယ်။ အယ်လီးယော့ရဲ့ ဒဏ်ရာဟာ ကြိုတင်ပြင်ဆင်မှုပဲ ဖြစ်ပြီး… Continue Reading →

ဂူနီယာ အာဏာသိမ်း စစ်တပ်လက်ကနေ ကိတ်တာကို ပြန်ခေါ်ထုတ်ဖို့ ကြိုးစားနေရတဲ့ လီဗာပူး

ကိတ်တာဟာ ကမ္ဘာဖလား ခြေစစ်ပွဲအဖြစ် မိုရိုကိုနှင့် ယှဉ်ပြိုင်ရမယ့် ဂူနီယာအသင်းအတွက် ဇာတိမြေကို ပြန်ရောက်နေစဉ်မှာပဲ စစ်တပ်အာဏာသိမ်းမှုကို ရင်ဆိုင်ရပြီး ပြည်တွင်းမှာ ပိတ်မိနေဆဲလို့ သိရပါတယ်။ ဂူနီယာနိုင်ငံရဲ့ မြို့တော် Conakry ကနေ မိုရိုကိုအသင်းက ထွက်ခွာနိုင်ခဲ့ပေမယ့် အသက် ၂၆ နှစ်အရွယ် နိုင်ငံလက်ရွေးစင်အသင်း အသင်းခေါင်းဆောင် ကိတ်တာကတော့ သူ့အသင်းသားတွေနဲ့ ဆက်ရှိနေဆဲဖြစ်ပါတယ်။ ဖီဖာနဲ့ အာဖရိကဘောလုံးအဖွဲ့ချုပ်ကတော့ “ လက်ရှိ ဂူနီယာရဲ့ နိုင်ငံရေးနဲ့ လုံခြုံရေး အခြေအနေတွေက အရမ်းကို ရှုပ်ထွေးနေပြီး အဖွဲ့ချုပ်နှစ်ခုရဲ့ တာဝန်ရှိသူတွေကလည်း နီးနီးကပ်ကပ်… Continue Reading →

ထရန့်ကို အင်္ဂလန်အသင်းမှာ ကွင်းလယ်လူအဖြစ် ကစားစေခဲ့တဲ့နောက် သူ့အမြင်ကို ဆောက်ဂိတ် ပြော

ထရန့်ဟာ လက်ရွေးစင်ပွဲအဖြစ် အန်ဒိုရာကို ၄-၀ ဖြင့် အနိုင်ရတဲ့ပွဲမှာ ကလပ်အသင်းဖော် ဟန်ဒိုနဲ့ ဒေါ့မွန်ကွင်းလယ်လူ ဘယ်လင်ဟမ်တို့နဲ့ တွဲဘက်ကာ ကစားခွင့်ရခဲ့ပါတယ်။ ညာအစွန်လူဟာ သူကစားနေကျ မဟုတ်တဲ့ ကွင်းလယ်လူနေရာက ကစားခဲ့တာဖြစ်ပြီး ဒါဟာ ကစားဟန်မတူတဲ့ လက်ရွေးစင်အသင်းမှာ သူပွဲကစားခွင့်ရလာဖို့ အခွင့်အရေး တစ်ခုလည်း ဖြစ်ပါတယ်။ အင်္ဂလန်အသင်းမှာ ညာအစွန်လူတွေ များပြားနေပေမယ့်လို့ မန်နေဂျာဆောက်ဂိတ်ရဲ့ နည်းစနစ်ပိုင်းအရ ထရန့်ဟာ ဦးစားပေးတစ်ယောက်တော့ မဟုတ်ခဲ့ပါဘူး။ ထရန့်ဟာ ထူးချွန်စွာ ကစားပြနိုင်ခဲ့ခြင်းမျိုးတော့ မရှိပေမယ့် ပွဲချိန်တွင်းမှာ အကောင်းမြင်စရာ ကိစ္စတွေ ရှိနေခဲ့တယ်လို့… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!