Date

September 7, 2021

လိဒ်ယူနိုက်တက်နဲ့ပွဲမှာ ပွဲပယ်ပြစ်ဒဏ် ရင်ဆိုင်ရနိုင်တဲ့ အယ်လီဆန်နဲ့ ဖာဘင်ညို

လီဗာပူးအသင်းဟာ နိုင်ငံတကာသီတင်းပတ်မှာ အယ်လီဆန်နဲ့ ဖာဘင်ညိုတို့ကို ဘရာဇီးအသင်းအတွက် လွတ်ပေးဖို့ ငြင်းဆန်ခဲ့ခြင်းကြောင့် လက်ရွေးစင်ဘက်က အရေးယူဖို့ တောင်းဆိုခြင်းကို ရင်ဆိုင်နေရဆဲဖြစ်ပါတယ်။ စက်တင်ဘာ နိုင်ငံတကာသီတင်းပတ်မှာ ဘရာဇီးသားတွေကို လွတ်ပေးရမယ်ဆိုရင် သူတို့ သုံးဦးဟာ အင်္ဂလန်ကို ပြန်လာခဲ့ရင် ကွာရန်တင်း ၁၀ ရက် ဝင်ကြရမှာဖြစ်တယ်။ ဒီအခြေအနေကြောင့်ပဲ လီဗာပူး အပါအဝင် ပရီးမီးယားလိဂ်ကလပ်တွေက ဗြိတိန်အစိုးရက တားမြစ်ထားတဲ့ နိုင်ငံတွေထဲ သက်ဆိုင်ရာ ကစားသမားတွေကို စေလွှတ်ခြင်း မလုပ်ဖို့ သဘောညီခဲ့ကြပါတယ်။ ဖာမင်နိုကတော့ ဒဏ်ရာကြောင့် ဘရာဇီးအသင်းထံ ပူးပေါင်းနိုင်မှာ မဟုတ်ပေမယ့်… Continue Reading →

ဘယ်လင်ဟမ်အတွက် အေးဂျင့်လုပ်ပေးနေသူလို့ လီဗာပူးပရိသတ်တွေရဲ့ ထောက်ခံမှု ရနေတဲ့ ဟန်ဒို

လီဗာပူးအသင်းခေါင်းဆောင် ဟန်ဒါဆန်က အင်္ဂလန်အသင်း နောက်ဆုံးကစားထားတဲ့ လက်ရွေးစင်ပွဲမှာ အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့စဉ် တွဲဘက် ကွင်းလယ်လူအဖြစ် ကစားခဲ့တဲ့ ဆယ်ကျော်သက် ကစားသမားလေး ဘယ်လင်ဟမ်ကို ထုတ်ဖော် ချီးကျူးမှု လုပ်သွားခဲ့ပါတယ်။ အသက် ၁၈ နှစ်အရွယ် ကွင်းလယ်လူဟာ မနှစ်ကနွေမှာ ဒေါ့မွန်အသင်းကို ပြောင်းရွှေ့ခဲ့ကာ ပုံမှန်ပွဲကစားခွင့်ကို ရယူလာနိုင်ခဲ့တယ်။ ဘယ်လင်ဟမ်က ဥရောပအဆင့်မြင့်တန်း လိဂ်တစ်ခုမှာ အသက်ငယ်ငယ်နဲ့ အရေးပါနေပြီး တူညီတဲ့ အရွယ်တုန်းက ဟန်ဒါဆန်ဟာ ဆန်းဒါးလန်းကနေ ကိုဗင်ထရီ အသင်းထံ အငှားကစားနေခဲ့ရတာပါ။ “ ဘယ်လင်ဂမ်က ကျွန်တော်… Continue Reading →

ဒဏ်ရာက သူ့ကို ရင့်ကျက်လာစေပြီး သွင်းဂိုးနဲ့ ဆုဖလားတွေကို ဆာလောင်သူ ဖြစ်လာတဲ့ ချိန်ဘာလိန်

လီဗာပူးကွင်းလယ်လူ ချိန်ဘာလိန်ဟာ ၂၀၁၇ မှာ အသင်းကို ရောက်လာခဲ့တာဖြစ်ပြီး သူဟာ ကစားသမားဘဝ အကောင်းဆုံး အရွယ်တစ်ခုကို ရောက်လာခဲ့ပြီဖြစ်ပါတယ်။ လီဗာပူးအသင်းမှာ လေးနှစ်ကြာ ရှိလာခဲ့တဲ့ တိုက်စစ်အားသန် ကစားသမားဟာ စာချုပ်အားဖြင့်လည်း နောက်ဆုံး ၂ နှစ်ကို ရောက်ရှိနေပါပြီ။ ဒါကြောင့် ပိုမို အတွေ့အကြုံရှိလာတဲ့ ကစားသမားတစ်ဦးအဖြစ် ဒီရာသီမှာ သွင်းဂိုးတွေ၊ ဆုဖလားတွေအတွက် ကူညီပေးနိုင်ဖို့ စိတ်အားထက်သန်ခြင်းတွေလည်း တိုးပွားလာနေခဲ့ပါပြီ။ ချိန်ဘာလိန်က ” ကျနော်ကစားသမားဘဝ ဒုတိယအရွယ်ကို ဝင်ရောက်လာခဲ့ပါပြီ။ ဒီတော့ ကျနော်က လူငယ်ကစားသမားတစ်ယောက် မဟုတ်သလို… Continue Reading →

ဗာရိန်း၊ ဒီယော့စ်ကို ကျော်ပြီး ဗန်ဒိုက်က ကမ္ဘာအကောင်းဆုံး ခံစစ်မှူးဖြစ်နေခြင်းကို ဖာဒီနန် ရှင်းပြ

ပရီးမီးယားလိဂ်ခံစစ်မှူးဟောင်း ဖာဒီနန်က သူ့ရဲ့ ကမ္ဘာအကောင်းဆုံး ခံစစ်မှူးအဖြစ် ဗာရိန်း၊ ဒီယော့စ်တို့ကို ကျော်ပြီး လီဗာပူးခံစစ်မှူး ဗန်ဒိုက်ကို ရွေးချယ်ခဲ့ပါတယ်။ ဗန်ဒိုက်ဟာ ကုန်ခဲ့တဲ့ နှစ်ပိုင်းတွေမှာ အတော်လေး ထူးချွန်တဲ့ ခြေစွမ်းတွေ ပြသခဲ့ပြီး သူဟာ ပုံမှန်ပွဲကစားနိုင်မှုနဲ့အတူ စွမ်းဆောင်ရည်ကောင်းတွေကို အမြဲတမ်း ပြသထားနိုင်တာပါ။ မနှစ်တုန်းက သူ ဒူးဒဏ်ရာကြောင့် ဘောလုံးမကစားနိုင်ချိန်မှာ လီဗာပူးအသင်းဟာ ရလဒ်ပိုင်း ထိခိုက်မှုတွေပါ ဖြစ်ပေါ်ခဲ့တာဖြစ်တယ်။ ဗန်ဒိုက် နည်းတူ ဗာရိန်းနဲ့ ဒီယော့စ်တို့ကလည်း ခံစစ်သမားကောင်းတွေ ဖြစ်ပေမယ့် နယ်သာလန် အသင်းခေါင်းဆောင်ကတော့ တစ်ဆင့်မြင့်လွန်းလှတယ်လို့… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!