Date

September 8, 2021

လီဗာပူးရဲ့ အားကစားဒါရိုက်တာသစ် ဖြစ်လာနိုင်တဲ့ ဂျူလီယန် ဝတ်က ဘယ်သူလဲ ရှင်းပြခြင်း

လီဗာပူးအသင်းရဲ့ အားကစားဒါရိုက်တာ တာဝန်ကို ရယူစဉ်မှာ အထင်ကြီးစရာ ကောင်းလှတဲ့ မိုက်ကယ် အတ်ဝပ်တစ်ယောက် လီဗာပူးကို စွန့်ခွာတော့မှာဖြစ်ပြီး ကြီးမားတဲ့ နေရာလပ်ကို ချန်ခဲ့မှာ ဖြစ်ပေမယ့် လီဗာပူးဘက်ကလည်း သူ့နေရာကို ဆက်ခံမယ့် အနာဂတ်ပလန်ကို အစီအစဉ်ကျ လုပ်ထားခဲ့ပြီး ဖြစ်ပါတယ်။ အတ်ဝပ်ဟာ လီဗာပူးမှာ ၁၀ နှစ်ကြာ ရှိခဲ့တာဖြစ်ပြီး နောက်နှစ်မှာ သူ့ရဲ့ စာချုပ်သက်တမ်း ကုန်တဲ့အခါ ရာထူးကနေ နုတ်ထွက်မယ်လို့ အသင်းကို အသိပေးထားပါတယ်။ လီဗာပူးဘက်ကတော့ သူ့ကို စာချုပ်သက်တမ်းတိုးပြီး အသင်းကို ဖလားစိန်ခေါ်သူတွေကနေ ချန်ပီယံဖြစ်တဲ့အထိ… Continue Reading →

ရှုပ်ထွေးနေတဲ့ ကွင်းလယ် ပြဿနာတွေကြောင့် လိဒ်နဲ့ပွဲမှာ ပွဲထွက်ခွင့်ရလာနိုင်တဲ့ ကာတစ်ဂျုံး

စက်တင်ဘာ နိုင်ငံတကာသီတင်းပတ်ဟာ လီဗာပူးအတွက် ပြဿနာအသစ်တွေ သယ်ဆောင်ပေးလာခဲ့ပြီး အဓိက အားဖြင့် ဒဏ်ရာကြောင့် မဟုတ်တဲ့ ကိစ္စတွေလည်း ပါဝင်လာခဲ့ပါတယ်။ ဂူနီယာကွင်းလယ်လူ ကိတ်တာဟာ လက်ရွေးစင်တာဝန်အတွက် သူ့နိုင်ငံကို ပြန်သွားချိန် ပြည်တွင်းမှာ စစ်တပ် အာဏာသိမ်းခြင်းကို ရင်ဆိုင်ခဲ့ရပြီး အတော်လေး ကမောက်ကမနိုင်တဲ့ အခြေအနေကို ကြုံတွေ့ခဲ့တာပါ။ သတင်းကောင်းကတော့ သူ အပါအဝင် ကစားသမားအချို့နဲ့ ဝန်ထမ်းအချို့ကို ဂူနီယာက ကယ်ထုတ်ဖို့ လီဗာပူး အပါအဝင် ဥရောပကလပ်တွေရဲ့ ကြိုးစားမှု အောင်မြင်ခဲ့တယ်လို့ သိရပါတယ်။ ကိတ်တာဟာ ဥရောပကို ပြန်လာရမယ့်… Continue Reading →

ထရန့်ကို ကွင်းလယ်လူအဖြစ် ကစားစေတာကို သိပ်သဘောမကျကြောင်း ဟန်ဒါဆန် ထုတ်ပြော

အင်္ဂလန်အသင်းနဲ့ အန်ဒိုရာတို့ ယှဉ်ပြိုင်ကစားတဲ့ ကမ္ဘာဖလား ခြေစစ်ပွဲမှာ ထရန့်ဟာ ဟန်ဒါဆန်နဲ့ ဘယ်လင်ဂမ်တို့နဲ့အတူ ကွင်းလယ် သုံးယောက်တန်းမှာ တွဲကစားခဲ့ကြပါတယ်။ မန်နေဂျာဆောက်ဂိတ်က လေးယောက်တန်း ခံစစ်ကို အသုံးပြုပေမယ့် လီဗာပူး ညာအစွန်လူကို အစွန်လူအဖြစ် ပွဲမထုတ်ဘဲ ပိုပြီး ဗဟိုကျတဲ့ နေရာကို ရွှေ့ကစားနိုင်တဲ့ ကွင်းလယ်လူအဖြစ် ကစားစေခဲ့တာဖြစ်တယ်။ ဆောက်ဂိတ်ရဲ့ နေရာချမှုကို ဟန်ဒါဆန်က ကျေနပ်ပေမယ့် သူ့ရဲ့ လီဗာပူး အသင်းဖော်ကို ပိုပြီး အသားကျတဲ့ နေရာမှာသာ ကစားစေချင်ကြောင်း ထုတ်ပြောလာပါတယ်။ “ ထရန့်က ကွင်းလယ်လူအဖြစ်… Continue Reading →

နယ်သာလန် ၆-၁ တူရကီပွဲမှာ ခြေကျင်းဝတ် ထိခိုက်မိခဲ့ပေမယ့် မစိုးရိမ်ရဘူးလို့ ဗန်ဒိုက် ပြောလာ

နယ်သာလန်က တူရကီကို ၆-၁ ဖြင့် အနိုင်ရတဲ့ပွဲမှာ ခံစစ်မှူး ဗန်ဒိုက်ဟာ အသေးစား ဒဏ်ရာရခဲ့ပေမယ့် အခြေအနေ ကောင်းပါတယ်လို့ ပွဲအပြီး ထုတ်ပြောလာပါတယ်။ ဗန်ဒိုက်နဲ့ တူရကီ တိုက်စစ်သမားတို့ ထိတွေ့မှုဖြစ်ရာက အသက် ၃၀ အရွယ် ဗဟိုခံစစ်မှူးရဲ့ ညာဘက် ခြေကျင်းဝတ်မှာ ထိခိုက်မှု ဖြစ်ပွှားခဲ့တာပါ။ မနှစ်ကရာသီ ဒူးဒဏ်ရာကြောင့် ကာလရှည် ဒဏ်ရာရခဲ့တဲ့ ဗန်ဒိုက်ရဲ့ လက်ရွေးစင်အသင်းနဲ့ ဖြစ်ရပ်ဟာ လီဗာပူးပရိသတ်တွေကို ရင်ထိတ်ရမှုတွေ ဖြစ်စေခဲ့ပါတယ်။ ဒါပေမယ့်လို့ ဗန်ဒိုက်ကတော့ အဆင်ပြေကြောင်း ပွဲအပြီးမှာ ထုတ်ပြောခဲ့လို့… Continue Reading →

ဒီကနေ့ ကြေညာမယ့် တတိယဂျာစီ၊ ဂိုးသွင်းတဲ့ ဂျိုတာ မာနေးတို့နဲ့ လီဗာပူး နံနက်ခင်းသတင်းများ

ဂျိုတာဟာ ကမ္ဘာဖလားခြေစစ်ပွဲအဖြစ် ပေါ်တူဂီက အဇာဘိုင်ဂျန်ကို ၃-၀ နှင့် အနိုင်ရတဲ့ပွဲမှာ ပွဲထွက် လူစာရင်းက ပါဝင်ခဲ့ပြီး ကိုယ်တိုင် ၁ ဂိုးသွင်းကာ ဂိုးထောက်ပံ့မှု ၁ ကြိမ် လုပ်နိုင်ခဲ့ပါတယ်။ ဆီနီဂေါက ကွန်ဂိုကို ၃-၁ ဖြင့် အနိုင်ရတဲ့ပွဲမှာ မာနေးက ပင်နယ်တီသွင်းဂိုး ရယူပေးနိုင်ခဲ့တယ်။ ရော်ဘတ်ဆန်က စကော်တလန်က သြစတြီးယားကို ၁-၀ ဖြင့် အနိုင်ရတဲ့ပွဲစဉ်မှာ အသင်းခေါင်းဆောင်အဖြစ်၊ နယ်သာလန်က တူရကီကို ၆-၁ ဖြင့် အနိုင်ရတဲ့ပွဲမှာ ဗန်ဒိုက်က အသင်းခေါင်းဆောင်အဖြစ် ပါဝင်ခဲ့ကြပါတယ်။… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!