Date

September 9, 2021

ဘရာဇီး ကစားသမား သုံးဦး မပါနိုင်မယ့် လိဒ်နဲ့ပွဲအတွက် လီဗာပူးရဲ့ ဖြစ်လာဖွယ် လူစာရင်း

စက်တင်ဘာလ နိုင်ငံတကာသီတင်းပတ်အပြီး ယှဉ်ပြိုင်ကစားရမယ့် ပရီးမီးယားလိဂ်ပွဲမှာတော့ လီဗာပူးအသင်းဟာ ဘရာဇီးလက်ရွေးစင်တွေဖြစ်တဲ့ အယ်လီဆန်၊ ဖာဘင်ညို၊ ဖာမင်နိုတို့ကို ထုတ်သုံးခွင့်ရမှာ မဟုတ်ပါဘူး။ ဘရာဇီးအသင်းအတွက် သူတို့ သုံးဦးကို စေလွှတ်ပေးဖို့ ကလပ်ဘက်က ငြင်းဆန်ခဲ့ခြင်းကြောင့် ၅ ရက် ပွဲပယ်ခံရမှာဖြစ်တယ်။ လိဒ်ယူနိုက်တက်ဘက်မှာလည်း တိုက်စစ်သမား ရာဖင်ဟာ ပါဝင်နိုင်မှာ မဟုတ်ကြောင်းက သေချာခဲ့ပြီဖြစ်ပါတယ်။ ဘရာဇီး ကစားသမားတွေ ပါဝင်လာနိုင်ခြင်း မရှိတဲ့ အနေအထားမှာ ယာဂင်ကလော့ပ် ဘယ်လို ရွေးချယ်စရာတွေ လုပ်လာနိုင်မလဲ? အဲ့အတွက် ဝါရင့် လီဗာပူးသတင်းထောက် တစ်ဦးဖြစ်တဲ့ Ian… Continue Reading →

လီဗာပူးထံက စိတ်ဝင်စားခြင်း ခံရတာကို အံ့သြခဲ့ပြီး ကလော့ပ်ကြောင့် ယုံခဲ့တာလို့ ကိုနတေး ဖွင့်ဟ

ဒီနွေအပြောင်းအရွှေ့မှာ လီဗာပူးကို ပေါင် ၃၆ သန်းဖြင့် ပြောင်းလာခဲ့တဲ့ ခံစစ်မှူး ကိုနာတေးက အသင်းဖော် ဗန်ဒိုက်ထံက သင်ယူမှုတွေ လုပ်နိုင်ဖို့ စိတ်အားထက်သန်နေပါတယ်။ ဒီရာသီမှာ ဗန်ဒိုက်၊ မာတစ်၊ ဂိုးမက်စ်တို့ ဒဏ်ရာက ပြန်သက်သာနေခြင်းအပြင် နက်ဖီးလစ်ကိုလည်း ကာလရှည် သက်တမ်းတိုးထားခြင်းကြောင့် လီဗာပူးရဲ့ ဗဟိုခံစစ်အတွဲနေရာအတွက် နေရာပြိုင်ဆိုင်မှုက ပြင်းထန်လာနေပါတယ်။ ကိုနတေးက “ ဗန်ဒိုက်က မယုံနိုင်လောက်စရာ ကစားသမားပါ။ သူနဲ့အတူ တွဲဘက်ကစားပြီး သူ့ထံက သင်ယူရမှာပါ။ သူဟာ ဗဟိုခံစစ်မှူးနေရာမှာတော့ ကမ္ဘာအကောင်းဆုံးတွေထဲက တစ်ဦးပဲ ဖြစ်ပါတယ်… Continue Reading →

လီဗာပူးအသင်းက ဘယ်လင်ဟမ်ကို စိတ်ဝင်စားနေခြင်းရဲ့ ဖြစ်လာမယ့် အလားအလာ

လီဗာပူးအသင်းဟာ အင်္ဂလန်ရဲ့ အထွန်းတောက်ဆုံး လူငယ်တစ်ဦးဖြစ်တဲ့ ဘယ်လင်ဟမ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာနေခ့ပါတယ်။ ၂၀၂၀ မှာ ဘာမင်ဂမ်ကနေ ဒေါ့မွန်အသင်းထံ ပေါင် ၂၅ သန်းဖြင့် ပြောင်းရွှေ့ခဲ့တဲ့ ဘယ်လင်ဟမ်ဟာ အသက် ၁၈ နှစ်ပဲ ရှိသေးသူဖြစ်ပေမယ့် အင်္ဂလန်ရဲ့ ဦးစားပေး ကစားသမားတွေထဲက တစ်ဦး ဖြစ်လာခဲ့တယ်။ မနှစ်ကရာသီ ဂျာမနီမှာ ၄၆ ပွဲ ကစားခဲ့သလို ကိုယ်တိုင် ၄ ဂိုးသွင်းပြီး ဂိုးထောက်ပံ့မှု ၄ ကြိမ် ပြုလုပ်ထားနိုင်ခဲ့တဲ့ အင်္ဂလန်သားကို… Continue Reading →

လီဗာပူးရဲ့ ဘယ်အစွန်နေရာ သူ့လက်ထဲကနေ ရိုဘို ရယူသွားနိုင်ခဲ့တဲ့ အကြောင်းရင်းကို မိုရီနို ပြောပြ

အယ်ဘတ်တို မိုရီနိုဟာ ၂၀၁၉ မှာ ဗီလာရီးရဲထံ မထွက်ခွာခင် လီဗာပူးဘက်က ၅ နှစ် စာချုပ်သစ် ကမ်းလှမ်းမှုကို ပယ်ချခဲ့တယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ စပိန်သား ဘယ်အစွန်လူဟာ လီဗာပူး ကစားသမားဘဝ အဆုံးသတ်ပိုင်းမှာ ဦးစားပေး မခံခဲ့ရတာဖြစ်ပြီး အတက်အကျများစွာ ကြုံတွေ့ခဲ့ရပြီးနောက် လွန်ခဲ့တဲ့ ၂ နှစ်က အန်ဖီးကို စွန့်ခွာခဲ့တာ ဖြစ်ပါတယ်။ မိုရီနိုဟာ ကလပ်မှာ သူ့ရဲ့ ပထမဆုံးရာသီဖြစ်တဲ့ ၂၀၁၄-၁၅ ရာသီအတွင်း ပြိုင်ပွဲစုံ ၄၁ ပွဲ ကစားခဲ့ပြီး နောက်နှစ်မှာ ပွဲ… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!