Date

September 14, 2021

အယ်လီးယော့ ဒဏ်ရာ ခွဲစိတ်မှုနဲ့ ချန်ပီယံလိဂ်ပွဲကြို ယာဂင်ပြောတဲ့ အရေးပါတဲ့ ကိစ္စ (၅) ခု

အန်ဖီးကွင်းမှာ အေစီမီလန်ကို ဧည့်ခံကစားမယ့် ချန်ပီယံလိဂ်ပွဲကြို ယာဂင်ရဲ့ မီဒီယာတွေ့ဆုံမှုမှာ အရေးပါတဲ့ ကိစ္စ (၅) ခုကို ကောက်နုတ် ဖော်ပြမှာဖြစ်ပါတယ်။ ၁) ခွဲစိတ်မှုအတွက် လန်ဒန်ကို ရောက်နေပြီဖြစ်တဲ့ အယ်လီးယော့ လိဒ်ယူနိုက်တက်နဲ့ပွဲမှာ ခြေကျင်းဝတ် ဒဏ်ရာရသွားတဲ့ အယ်လီးယော့ဟာ ဒီကနေ့မှာပဲ လန်ဒန်မှာ ခွဲစိတ်မှု ခံယူသွားတော့မယ်လို့ သိရပါတယ်။ သူ့ရဲ့ အခြေအနေကို ခွဲစိတ်မှုပြီးမှ သိရပါလိမ့်မယ်။ “ ပွဲအပြီးမှာ သူနဲ့ စကားပြောဖြစ်ခဲ့ပါတယ်။ သူက အကောင်းဆုံး အခြေအနေမှာ ရှိနေပါတယ်။ ခွဲစိတ်ရမယ့် ကိစ္စကိုလည်း… Continue Reading →

လီဗာပူးက ဘာလို့ ဆာလာ တောင်းတဲ့ လုပ်ခပေးပြီး စာချုပ်သစ်ချုပ်သင့်သလဲ ကာရေဂါ ရှင်းပြ

မိုဆာလာဟာ လီဗာပူးရဲ့ ထာဝရ အကောင်းဆုံး ၁၁ ယောက် အသင်းထဲမှာ ပါဝင်လိမ့်မယ်လို့ ဂျေမီ ကာရေဂါက ဆိုလိုက်ပြီး အီဂျစ်သား တိုက်စစ်မှူးကို အန်ဖီးမှာ စာချုပ်သစ် ချုပ်ဆိုစေချင်နေပါတယ်။ ဆာလာဟာ တနင်္ဂနွေနေ့က လိဒ်စ်ကို ၃-၀ နဲ့ နိုင်ခဲ့တဲ့ပွဲမှာ သူ့ရဲ့ ပရီးမီးယာလိဂ် ဂိုး ၁၀၀ ပြည့် သွင်းယူခဲ့တာဖြစ်ပြီး လီဗာပူးမှာ သူ့ရဲ့ အကျိုးသက်ရောက်မှုက လျှော့တွက်ခံနေရဆဲ ဖြစ်တယ်လို့ ကာရေဂါက ယုံကြည်နေပါတယ်။ “ သူက အရမ်းကို အရေးပါပါတယ်။ တခါတလေ… Continue Reading →

လီဗာပူးဘက်က သူ့ကို ဆက်ထိန်းလိုတယ် မခံစားရလို့ အသင်းပြောင်းခဲ့ကြောင်း ဂီနီ ပြောလာ

ပီအက်စ်ဂျီကွင်းလယ်လူ ဝိုက်နယ်ဒမ်က လီဗာပူးအသင်းကို စွန့်ခွာခဲ့တာက မာဆေးဆိုဒ်ကလပ်ဟာ သူ့ကို ဆက်ထိန်းလိုတယ်လို့ မခံစားရတာကြောင့်လို့ ထုတ်ပြောလာပါတယ်။ ၂၀၁၉ မှာ လီဗာပူးအသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလား အောင်မြင်ခဲ့ပြီး ၂၀၂၀ မှာ ပရီးမီးယားလိဂ်ဖလား အောင်မြင်ခဲ့တဲ့ ဝိုက်နယ်ဒမ်ဟာ လီဗာပူးကနေ အလွတ်ဖြင့် ထွက်ခွာသွားခဲ့တာ ဖြစ်ပါတယ်။ အသက် ၃၀ အရွယ် ကွင်းလယ်လူဟာ ယာဂင်ကလော့ပ် ယုံကြည်အားကိုးရသူ ဖြစ်ခဲ့ပေမယ့် ဒီနွေမှာပဲ သူ့ကို လက်လွတ်ခဲ့ရကာ ကလပ်ဘက်က အစားထိုး ခေါ်ယူမှုတော့ ပြုလုပ်ခဲ့ခြင်း မရှိပါဘူး။ ဒီနွေမှာ လီဗာပူးအသင်းက… Continue Reading →

အယ်လီးယော့အပါ လူငယ် (၄၀) ကို စာရင်းတင်ထားတဲ့ လူငယ် ချန်ပီယံလိဂ်ပြိုင်ပွဲ လူစာရင်း

လီဗာပူးအသင်းဟာ ၂၀၂၁-၂၀၂၂ ဘောလုံးရာသီအတွက် လူငယ်ချန်ပီယံလိဂ် ပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရမှာဖြစ်ကာ လူငယ် (၄၀) ကို ပြိုင်ပွဲအတွက် နာမည်စာရင်း တင်ခဲ့ပြီဖြစ်ပါတယ်။ ထူးထူးခြားခြားအဖြစ် လိဒ်ယူနိုက်တက်နဲ့ ယှဉ်ပြိုင်ရာမှာ ဒဏ်ရာကြီး ရသွားခဲ့တဲ့ အယ်လီးယော့ကိုလည်း ထည့်သွင်းသွားပါတယ်။ ဒီဇင်ဘာလ ၇ ရက်အထိ ယှဉ်ပြိုင်ရမယ့် လူငယ် ပြိုင်ပွဲမှာ အယ်လီးယော့ရဲ့ ကြံ့ခိုင်မှုကို စမ်းသပ်ခွင့် ရလိုရညားလို့ ထည့်သွင်းခြင်းလားဆိုတာကို စောင့်ကြည့်ရမှာဖြစ်တယ်။ လူငယ် ချန်ပီယံလိဂ်ပြိုင်ပွဲဟာ ယူ-၁၉ အသင်းပုံစံဖြင့် ပါဝင်ရခြင်းဖြစ်ကာ လီဗာပူးဘက်ကတော့ ယူ-၂၃ နဲ့… Continue Reading →

လီဗာပူးကို ချန်ပီယံဖြစ်မယ် ဘယ်သူမှ မမြင်ဘူး၊ အဲ့တာ ကောင်းတဲ့ကိစ္စပဲလို့ ရက်နက် ရှင်းပြ

များပြားတဲ့ ဒဏ်ရာကိစ္စတွေကြောင့် မနှစ်တုန်းက လီဗာပူးရဲ့ အခြေအနေတွေဟာ စိုးရိမ်စရာထိ ကျဆင်းခဲ့ပေမယ့် ယာဂင်ကလော့ပ်ရဲ့ အသင်းဟာ ဒီရာသီမှာ ဆုဖလားတွေ ပြန်လည် စိန်ခေါ်လာလိမ့်မယ်လို့ ယုံကြည်ကြောင်း အသင်းခေါင်းဆောင်ဟောင်း ဂျေမီ ရက်နက်က ထုတ်ပြောလိုက်ပါတယ်။ လူတိုင်းက မန်ချက်စတာ ယူနိုက်တက်၊ မန်ချက်စတာ စီးတီးနဲ့ ချယ်ဆီးတို့အပေါ် ပိုပြီးတော့ အာရုံစိုက်နေကြပေမယ့် လက်ရှိ အမှတ်ပေးဇယားမှာ ဇယားထိပ်က ယူနိုက်တက်နဲ့ ရမှတ်တူ၊ အဆင့် ၃ နေရာမှာ ရပ်တည်နေတဲ့ လီဗာပူးက သူတို့ရဲ့ ရပ်တည်မှုကို မြှင့်တင်နိုင်စွမ်း ရှိတယ်လို့… Continue Reading →

ဆောင်းပါး | သူ့ကို မလေးစားသူတွေအား ထိပ်တန်းခြေစွမ်းဖြင့် သက်သေပြဖို့ ရုန်းထလာတဲ့ သီယာဂို

လိဒ်ဟာ လီဗာပူးကို ၂-၀ နဲ့ ရှုံးနေချိန်မှာ တစ်ယောက်ထုတ်ခံရပြီး ၁၀ ယောက်တည်းဖြင့် ကစားခဲ့ရတာနဲ့အတူ ပွဲက စိတ်ပျက်စရာ အဆုံးသတ်ကို ရောက်ရှိခဲ့တာကြောင့် လိဒ်ပရိသတ်တွေက သူတို့ကိုယ်ပိုင် ဖျော်ဖြေမှုတွေ ရှာဖွေဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ‘အင်္ကျီအမည်းနဲ့ လီဗာပူးသားက ဘယ်သူလဲ’ ဆိုပြီး အော်ဟစ်သီကြွေးခဲ့တာက ကွင်းလယ်ဒိုင် ခရစ် ပေါဆန်ကို ရည်ရွယ်ခဲ့ခြင်းဖြစ်သလို ဒိုင်လူကြီးဟာ သူတို့ကို နာကျင်စေတဲ့ ဆုံးဖြတ်ချက်ကို ချခဲ့တယ်လို့ လိဒ်ပရိသတ်တွေက ယုံကြည်နေပါတယ်။ ပေါဆန်ဟာ နောက်ဆုံးမှာ အန္တရာယ်ရှိတဲ့ နေရာအတွင်း လိဒ်ယူနိုက်တက်ကို ဖရီးကစ်… Continue Reading →

လိဒ်ပွဲမှာ လီဗာပူးက ပွဲကို မဖြတ်နိုင်ခဲ့သလို သွင်းနိုင်သလောက် ဂိုးတွေလည်း မရခဲ့ဘူးလို့ ထရန့် ပြော

လီဗာပူးညာအစွန်လူ ထရန့်က လိဒ်ယူနိုက်တက်ကို ဂိုးပြတ် အနိုင်ရခဲ့တာကို ပျော်ရွှင်ပေမယ့်လို့ အသင်းဟာ ဂိုးတွေ ပိုရသင့်ပြီး အခွင့်အရေးတွေကို ပိုအသုံးချဖို့ လိုအပ်တယ်လို့ ဝန်ခံပါတယ်။ တိုက်စစ်သမားတွေဖြစ်တဲ့ ဆာလာနဲ့ မာနေးတို့ သွင်းဂိုးတွေ ရခဲ့တယ်ဆိုပေမယ့်လို့ မာနေး တစ်ဦးတည်းရတဲ့ အခွင့်အရေးဟာ လိဒ်ယူနိုက်တက် တစ်သင်းလုံးရတဲ့ အခွင့်အရေးထက်တောင် ပိုများနေခဲ့တာပါ။ လီဗာပူးဟာ ပထမပိုင်းမှာတင် ပွဲကို အပြီးသတ်ထားနိုင်မယ့် အခြေအနေတွေ ရှိခဲ့ပေမယ့် တိုက်စစ်သမားတွေ ဂိုးပေါက် လွဲချော်နေခဲ့တာဖြစ်ပါတယ်။ ထရန့်က ” လိဒ်ရဲ့ အိမ်ကွင်းကို လာကစားရတာက ခက်ခဲပါတယ်။… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!