Date

September 15, 2021

ဆောင်းပါး | ကိုနတေး အရန်ခုံမှာ ဆက်ထိုင်ရအောင်ကို မာတစ်က ကောင်းလွန်းနေပါတယ်

လီဗာပူးအသင်းက လိဒ်ယူနိုက်တက်ကို ၃-၀ နဲ့ နိုင်ခဲ့တဲ့ပွဲမှာ ကောင်းမွန်တဲ့ အဖြစ်အပျက်တွေကော စိတ်မကောင်းစရာ အဖြစ်အပျက်တွေပါ ရှိခဲ့တာကြောင့် တချို့အရာတွေကို လျစ်လျူရှုမိဖို့ လွယ်ကူခဲ့ပါတယ်။ ဥပမာအားဖြင့် ကစားသမားသစ် ကိုနာတေး သူ့ရဲ့ ပထမဆုံးပွဲ ကစားခွင့်ကို ဘာကြောင့် စောင့်နေရသေးလဲဆိုတာမျိုးပေါ့။ အကြောင်းရင်းကတော့ ထူးထူးချွန်ချွန် တော်လွန်းနေတဲ့ ဂျိုဝယ် မာတစ်ကြောင့်ပါပဲ။ ခံစစ်ဇုန် ကိုက် ၂၀ အကွာ ဗန်ဒိုက်ဆီက ပေးပို့မှုကို လက်ခံရရှိခဲ့တဲ့ မာတစ်ဟာ သူရှာတွေ့ခဲ့တဲ့ နေရာလွတ်ဆီ ရည်ရွယ်ချက်ရှိရှိနဲ့ ပြေးလွှားသွားခဲ့ပြီးနောက် မာနေးကို အနီးကပ်ပေးပို့မှု… Continue Reading →

ဒီရာသီ လီဗာပူးရဲ့ အကောင်းဆုံး ပွဲထွက် (၁၁) ဦးကို မြင်ရမယ့် အေစီပွဲအတွက် လူစာရင်း ခန့်မှန်း

ဒီကနေ့ညမှာ လီဗာပူးအသင်းဟာ ၂၀၂၁-၂၀၂၂ ဘောလုံးရာသီ ပထမဆုံး ချန်ပီယံလိဂ်ပွဲအဖြစ် အေစီမီလန်ကို အိမ်ကွင်း အန်ဖီးမှာ ဧည့်ခံ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ ပွဲကြို ထူးခြားသတင်းတွေအဖြစ် အယ်လီးယော့ဟာ ခြေကျင်းဝတ် ခွဲစိတ်မှု အောင်မြင်ခဲ့ပြီး ကာလရှည် အနားယူရမှာ ဖြစ်ပါတယ်။ ဖာမင်နို မပါနိုင်သေးပေမယ့်လို့ မီနာမီနို လေ့ကျင့်ရေး ပြန်ဝင်လာပါပြီ။ နီကိုး ဝီလီယမ် လေ့ကျင့်ရေး မဆင်းနိုင်ပေမယ့် ဘရတ်ဒလေ ပါဝင်ခဲ့ပြီး တိုက်စစ်သမား ဂေါ်ဒန် အသင်းနဲ့အတူ လေ့ကျင့်ရေးဝင်ပါတယ်။ မီလ်နာ လီဗာပူးအသင်းနဲ့အတူ လေ့ကျင့်ရေး ပြန်ဝင်ပြီဖြစ်ပါတယ်။ေ အစီမီလန်တိုက်စစ်မှူး… Continue Reading →

ဖခင်နဲ့ မိခင်တို့အတွက် သွင်းယူခဲ့တဲ့ ဂိုးပါလို့ လိဒ်နဲ့ပွဲ သွင်းဂိုးအတွက် ဖာဘင်ညို ဖွင့်ဟ

လိဒ်ယူနိုက်တက်နဲ့ပွဲမှာ သွင်းဂိုးတစ်ဂိုး ရယူနိုင်ခဲ့တာဟာ လီဗာပူး ကွင်းလယ်လူ ဖာဘင်ညိုအတွက် အရမ်းကို ခံစားခဲ့ရတဲ့ အချိန်ဖြစ်ခဲ့ပါတယ်။ ဖာဘင်ညိုကတော့ သူ့ရဲ့ သွင်းဂိုးဟာ ဘုရားသခင်ကပေးတဲ့ လက်ဆောင်ဖြစ်သလို ကွယ်လွန်သွားပြီဖြစ်တဲ့ သူ့ရဲ့ဖခင်အတွက်ကော ဘရာဇီးမှာ သက်ရှိထင်ရှား ရှိနေဆဲ မိခင်အတွက်ပါ ထူးရှယ်ဖြစ်လိမ့်မယ်လို့ ယုံကြည်နေတယ်။ ဖာဘင်ညိုဟာ သူ့ရဲ့ ဖခင်ကို ပြီးခဲ့တဲ့လက ဆုံးရံှူးခဲ့ရတာဖြစ်ပါတယ်။ ဘရာဇီးကွင်းလယ်လူဟာ အတော်လေး ခံစားခဲ့ရပေမယ့် ကိုဗစ်ဆိုင်ရာ ကန့်သတ်ချက်တွေကြောင့် ဇာတိမြေကို မပြန်နိုင်ခဲ့ဘဲ အင်္ဂလန်မှာပဲ ဆက်ရှိနေခဲ့တာဖြစ်ပါတယ်။ ဖာဘင်ညိုဟာ ဒီအပတ်တွေမှာ မိသားစုရေးရာ ကိစ္စအပြင်… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!