Date

September 16, 2021

ကိုနတေး သူ့ရဲ့ ပထမဆုံး ပွဲထွက်ကစားခွင့်ကို လာမယ့် ၂ ပွဲအတွင်း ရမယ်ဆိုလာတဲ့ ပီယော့ဇ်

လီဗာပူးသတင်းထောက် ခံစစ်မှူး ကိုနတေးရဲ့ ပထမဆုံး ပွဲထွက်ရမှုကို မကြာခင်မှာ မြင်တွေ့ရပါတော့မယ်လို့ သတင်းစကား ပါးလာခဲ့ပါတယ်။ အေစီမီလန်နဲ့ပွဲမှာ မာတစ်နဲ့ ဂိုးမက်စ်တို့ကို ထုတ်သုံးခဲ့တဲ့ အနေအထားအရ ပဲလေစ့်နဲ့ပွဲမှာ ဗန်ဒိုက်နဲ့ ကိုနတေး (သို့) ဗန်ဒိုက်နဲ့ ဂိုးမက်စ်ကို ပွဲထုတ်နိုင်တယ်လို့ ပီယော့ဇ်က မြင်ပါတယ်။ ဗန်ဒိုက်၊ မာတစ်၊ ဂိုးမက်စ်တို့ဟာ မနှစ်ကရာသီ ကာလရှည် ဒဏ်ရာတွေ ရခဲ့တာကြောင့် ၁ ပတ်အတွင်း ၃ ပွဲ ကစားခွင့်ကိုတော့ ဘယ်သူမှ ရရှိဖွယ် မရှိပါဘူူး။ ပီယော့ဇ်က ”… Continue Reading →

အူဘာနဲ့ အာဆင်နယ်လို အမှားမျိုး လီဗာပူးနဲ့ ဆာလာ မလုပ်ဖို့ အိုဝင် ထောက်ပြသတိပေး

လီဗာပူးတိုက်စစ်မှုး မိုက်ကယ် အိုဝင်ကတော့ အန်းဖီးကလပ်ဟာ အားထားရတဲ့ တိုက်စစ်မှုး မိုဟာမက် ဆာလာကို သက်တမ်းတိုး စာချုပ် ချုပ်ဆိုနိုင်မယ်လို့ ယုံကြည်ပေမယ့် အာဆင်နယ်လို အမှားတွေ မလုပ်ဖို့ ထောက်ပြ သတိပေးလိုက်ပါတယ်။ အီဂျစ် တိုက်စစ်မှုးရဲ့ လက်ရှိ စာချုပ်က ၂နှစ် လျော့လျော့သာ ကျန်တော့တာ ဖြစ်ပြီး ဒီနွေမှာ လီဗာပူးက စီနီယာ အသင်းသားတွေကို သက်တမ်းတိုး စာချုပ်တွေ တောက်လျောက် ချုပ်ဆိုနေရာမှာ ဆာလက် ကျန်ရှိနေသေးတာ ဖြစ်ပါတယ်။ လီဗာပူးဟာ ဗန်ဒိုက်၊ ထရန့်၊ ဖာဘင်ညို… Continue Reading →

အနိုင်ဂိုးအတွက် ခံစားချက်ကို ဖွင့်ဟတဲ့ ဟန်ဒိုနဲ့ သူ့ကို ဂျရတ်နဲ့ နှိုင်းသွားတဲ့ ပီတာခရော့

အေစီမီလန်လို သမိုင်းဝင် ပြိုင်ဘက်အသင်းနဲ့ ရင်ဆိုင်ချိန်မှာ လီဗာပူးအသင်းအတွက် အနိုင်ဂိုး သွင်းယူပေးနိုင်တာကြောင့် ပရိသတ်တွေက အသင်းခေါင်းဆောင် ဟန်ဒါဆန်ကို Stevie H ရယ်လို့တောင် တင်စားခေါ်ဝေါ်နေခဲ့ကြတယ်။ လီဗာပူးကပွဲကို ဦးဆောင်ထားနိုင်ပေမယ့် ခံစစ်ပိုင်း အမှားတွေကနေ ပွဲ ဦးဆောင်ခွင့်ကို လက်လွတ်ခဲ့ရတယ်။ ဟန်ဒါဆန်ရဲ့ သိပ်ကိုကောင်းတဲ့ အဆုံးသတ် ကန်ချက်ကြောင့် ချန်ပီယံလိဂ် အုပ်စု B မှာ နေရာကောင်းကို လီဗာပူးက ပိုင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။ ဟန်ဒါဆန်က ” သွင်းဂိုး ရယူနိုင်ခဲ့တာ သိပ်ကောင်းတာပေါ့ဗျာ။ ဂိုးမသွင်းနိုင်တာ ကြာခဲ့ပြီဆိုတော့ သွင်းဂိုး… Continue Reading →

အေစီမီလန်နဲ့ပွဲ သူ့ရဲ့ လူစာရင်း ရွေးချယ်မှုနဲ့ ပတ်သက်လို့ ဖြေရှင်းချက်ပေးသွားတဲ့ ယာဂင်

အေစီမီလန်နဲ့ပွဲအပြီးမှာ မန်နေဂျာကလော့ပ်က ပွဲနဲ့ ပတ်သက်လို့ မှတ်ချက်စကားတွေ ပြောဆိုခဲ့ပြီး သိပ်ကောင်းတဲ့ အသင်းနှစ်သင်း ယှဉ်ပြိုင်တဲ့ပွဲလို့ ဆိုပါတယ်။ ကလော့ပ်က ” ကျနေ်ာတို့ အစ သိပ်ကောင်းခဲ့တယ်။ သိပ် သိပ်ကောင်းတဲ့ ပွဲကို ကစားခဲ့ပါတယ်။ ပွဲရဲ့ ပြင်းထန်မှုက သိပ်ကောင်းတယ်။ နေရာလွတ်တွေ အားလုံးကို အသုံးချခဲ့ပြီး အေစီဘက်ကို အခွင့်အရေးလည်း မပေးခဲ့ပါဘူး။ ဒီလိုအနေအထားချည်းပဲတော့ ကျနေ်ာတို့ မထိန်းနိုင်ခဲ့ဘူး။ တိုက်စစ်နဲ့ ခံစစ်မှာ စုဖွဲ့မှု အပြည့်အဝ မကောင်းခဲ့ဘူး။ ကျနေ်ာတို့ စုဖွဲ့မှု ကောင်းလာချိန်မှာ ဖာဘင်ညိုရဲ့… Continue Reading →

အေစီနဲ့ ပထမပိုင်းအပြီး ဘာတွေဖြစ်ကုန်တာလဲလို့ အံ့သြသင့်ခဲ့ရတဲ့ အခြေအနေကို ရိုဘို ထုတ်ပြော

လီဗာပူးဘယ်အစွန်လူ ရော်ဘတ်ဆန်က အေစီမီလန်နဲ့ပွဲမှာ ပွဲကို ထိန်းချုပ်နိုင်ခဲ့ပေမယ့် ပေါ့ဆစွာ ကစားမိခဲ့မှုတွေကို ပွဲအပြီးမှာ ဝန်ခံသွားပါတယ်။ လီဗာပူးဟာ ချန်ပီယံလိဂ် အဖွင့်ပွဲမှာလည်း နိုင်ပွဲရခဲ့တာကြောင့် ဒီရာသီ ရံှူးပွဲ မရှိသေးပါဘူး။ ပထမပိုင်းအပြီးမှာတော့ ဘယ်လိုတွေများ ကစားခဲ့လို့ အေစီမီလန်ဘက်ကို ဦးဆောင်ခွင့် ပေးလိုက်ရတယ်ဆိုတာ မစဉ်းစားနိုင်အောင် ဖြစ်ခဲ့တယ်လို့ ရော်ဘတ်ဆန်က ဖွင့်ဟခဲ့ပါတယ်။ ရော်ဘတ်ဆန်က ” ကျနေ်ာတို့ ပွဲကို လွှမ်းမိုးကစားနိုင်ခဲ့တာတွေကို ပရိသတ်တွေ နှစ်သက်ကြမှာ သေချာပါတယ်။ ပထမပိုင်း နာရီဝက်လောက်မှာ ကျနေ်ာတို့ အေစီကို လုံးဝ ရှင်းထုတ်ထားနိုင်ခဲ့တာပါ။… Continue Reading →

ပေါ့ဆမှုကြောင့် နောက်က လိုက်ကစားရပေမယ့် ထိပ်တန်းခြေစွမ်းဖြင့် အေစီကို အနိုင်ယူတဲ့ လီဗာပူး

လီဗာပူးအသင်းဟာ အန်ဖီးမှာ အေစီမီလန်ကို ဧည့်ခံကစားတဲ့ ချန်ပီယံလိဂ် အုပ်စုတွင်း အဖွင့်ပွဲကိုတော့ တိုမိုရီ (OG)၊ ဆာလာ၊ ဟန်ဒါဆန်တို့ရဲ့ သွင်းဂိုးဖြင့် အနိုင်ရပြီး အုပ်စုတွင်းကို ဦးဆောင်ပါတယ်။ မန်နေဂျာကလော့ပ်ဟာ လူစာရင်း အပြောင်းအလဲတွေ အတော် လုပ်လာခဲ့ပြီး ခံစစ်မှာ ဗန်ဒိုက်အစား ဂိုးမက်စ်၊ ကွင်းလယ်မှာ သီယာဂိုအစား ကိတ်တာနဲ့ တိုက်စစ်မှာ မာနေးအစား အိုရီဂီတို့ကို ထည့်သုံးခဲ့ပါတယ်။ အိုရီဂီကိုတော့ ဘယ်ခြမ်း မဟုတ်ဘဲ အထောင်တိုက်စစ်မှူး နေရာက ထည့်သွင်းခဲ့တာပါ။ လူစာရင်းနဲ့ ပတ်သက်လို့ လီဗာပူးပရိသတ်တွေ စိတ်ပူမှုတွေ၊… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!