Date

September 17, 2021

ဇန်နဝါရီထိ အသင်းပြောင်းခွင့်မရှိတဲ့ ကိတ်တာက လီဗာပူးရဲ့ အရန်ဖြစ်နေရတာ ပျော်ကောင်း ပျော်နေလိမ့်မယ်

လီဗာပူးအသင်းမှာ ကွင်းလယ် ကစားသမား ကိတ်တာက ပွဲထွက်နေရာ ဦးစားပေး အစဉ်လိုက်မှာ အနောက်ကို ရောက်နေတာ ဖြစ်ပေမယ့် ကစားသမားအနေနဲ့ အန်ဖီးမှာ လူစာရင်း ဖြည့်ပေးရုံ အရန်လူ ဖြစ်နေတာကို ပျော်ကောင်း ပျော်နေနိုင်တယ်လို့ လီဗာပူး ဂန္တဝင် ဂျွန်ဘန်းစ်က သုံးသပ် ပြောဆိုခဲ့ပါတယ်။ ကိတ်တာ ဟာ လီဗာပူးရဲ့ ချန်ပီယံလိဂ်နဲ့ ပရီးမီးယားလိဂ်ဖလား အောင်မြင်မှုတွေမှာ နေရာတစ်နေရာကနေ ပါဝင်ခွင့် ရထားခဲ့တယ်။ သူ့ရဲ့ ခြေစွမ်းနဲ့ ကြံ့ခိုင်မှုပိုင်းဆိုင်ရာ ရုန်းကန်ရမှုတွေကြောင့် စုစုပေါင်း ပွဲ ၈၀ သာ… Continue Reading →

လီဗာပူး V ပဲလေစ့် ပွဲအတွက် မိုက်ကယ်အိုဝင်၏ ပွဲကြိုသုံးသပ်နှင့် ရလဒ်ခန့်မှန်း

ဒီအပတ် စနေနေ့မှာတော့ လီဗာပူးအသင်းက ပရီးမီးယားလိဂ် ပွဲစဉ် ၅ အဖြစ် ပဲလေစ့်အသင်းကို အိမ်ကွင်း အန်ဖီးမှာ ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။ အဆိုပါ ပွဲစဉ်အတွက် ပရီးမီးယားလိဂ် တိုက်စစ်မှူးဟောင်း အိုဝင်ရဲ့ သုံးသပ်ချက်နဲ့ ရလဒ်ခန့်မှန်းအား ဖော်ပြလိုက်ပါတယ်။ လီဗာပူး Vs ပဲလေစ့် ပရီးမီးယားလိဂ် ပွဲစဉ် (၅) စက်တင်ဘာလ ၁၈ ရက်၊ စနေနေ့။ မြန်မာစံတော်ချိန် ညနေ ၈း၃၀ နာရီ။ အိုဝင်၏ ပွဲကြို သုံးသပ်ချက်။ ။ ကျနော်ကို အသင်းစွဲထားတယ်ပဲ ပြောပြောပါ… Continue Reading →

အာရုံစူးစိုက်မှုကို လျော့လိုက်တာနဲ့ အပြစ်ပေးခံရတာပါပဲလို့ အေစီပွဲအပေါ် သုံးသပ်သွားတဲ့ ထရန့်

ဗုဒ္ဓဟူးနေ့က ပြင်းထန်တဲ့ ချန်ပီယံလိဂ်ပွဲမှာ လီဗာပူးအသင်း အနိုင် ၃ မှတ် ရယူနိုင်ခဲ့တဲ့အတွက် ညာအစွန်လူ ထရန့် အလက်ဇန္ဒား-အာနိုးက ပျော်ရွှင်နေကြောင်း လီဗာပူးအသင်းဝဘ်ဆိုဒ်မှာ ဖော်ပြသွားခဲ့ပါတယ်။ လီဗာပူးဟာ အန်ဖီးမှာ ဂျော်ဒန် ဟန်ဒါဆန်ရဲ့ မှင်သက်ဖွယ် ၆၉ မိနစ် အနိုင်ဂိုးကြောင့် အေစီမီလန်ကို ၃-၂နဲ့ စိတ်လှုပ်ရှားစရာ အနိုင်ယူပြီး ဥရောပ ရာသီကို စတင်ခဲ့တာ ဖြစ်ပါတယ်။ ထရန့်က ဒီပွဲရဲ့ အစောပိုင်း အဖွင့်ဂိုးကို ကူညီပေးခဲ့တာဖြစ်ပြီး ၉ မိနစ်မှာ သူ့ရဲ့ ဖြတ်တင်ပေးပို့မှုက မီလန်နောက်ခံလူ… Continue Reading →

လီဗာပူးရဲ့ အဆင့်အဆန်းက သိပ်မြင့်လွန်းနေခဲ့ကြောင်း ဝန်းခံကြတဲ့ အေစီမီလန် အသင်းခေါင်းဆောင်နဲ့ မန်နေဂျာ

အေစီမီလန် အသင်းခေါင်းဆောင် ကာလာဘရီရယ်နဲ့ မန်နေဂျာ ပီအိုလီတို့ဟာ ချန်ပီယံလိဂ် ရံှူးပွဲအပြီး လီဗာပူးအသင်းရဲ့ မြန်ဆန်လွန်းမှုနဲ့အတူ ဥရောပသင်ခန်စားနဲ့ ပတ်သက်လို့ မှတ်ချက်ပေး ပြောဆိုပါတယ်။ အန်ဖီးကွင်းဟာ ပြင်းထန်တဲ့ အားပေးပုံတွေကြောင့် တစ်ကွင်းလုံး ညာသံတွေ ဟိန်းခဲ့ပြီး စိတ်လှုပ်ရှားစရာ ချန်ပီယံလိဂ်ည တစ်ညကို ပိုင်ဆိုင်ခဲ့တယ်။ အဆိုပါပွဲဟာ အေစီမီလန်အတွက် ချန်ပီယံလိဂ် တစ်ကျော့ပြန် ခရီးဖြစ်လာခဲ့ပြီး လီဗာပူးရဲ့ လွှမ်းမိုးကစားမှုအောက်မှာ အတော်လေး ခက်ခဲစွာ ရုန်းကန်ခဲ့ရတယ်။ ကာလာဘရီရယ်က “ လီဗာပူးက သိပ်ကို အားကောင်းစွာနဲ့ စတင်ခဲ့တာပါ။ သူတို့… Continue Reading →

လီဗာပူးအသင်းက ပိုက်ဆံသေတ္တာ မဖွင့်တတ်တဲ့ ပိုင်ရှင်တွေကြောင့် ဟာလန်းကို ခေါ်နိုင်မှာ မဟုတ်ဘူး

ဘိုင်ယန်မြူးနစ် ဥက္ကဌဟောင်း ရူမန်နီဂီက အနာဂတ်မှာ ဟာလန်းက လီဗာပူးအသင်းထံ ပြောင်းရွှေ့နိုင်မယ် မမြင်ပါဘူးလို့ သူ့အမြင်ကို ထုတ်ပြောလာပါတယ်။ ဒီနှစ်တွေမှာ ဟာလန်းဟာ ဥရောပရဲ့ အလားအလာ အရှိဆုံး တိုက်စစ်သမားတွေထဲက တစ်ဦးအဖြစ် ထွန်းတောက်လာတာပါ။ သူ့ကို ခေါ်ယူဖို့ ကလပ်တွေ အများအပြား စိတ်ဝင်စားနေပြီး တကယ်တမ်း ခေါ်ယူနိုင်မယ့် ကလပ်ကတော့ လက်ချိုးရေတွက်လို့ ရနေတာဖြစ်ပါတယ်။ မနှစ်ကရာသီ ဘွန်ဒက်လီဂါပွဲ ၂၈ ပွဲမှာ သွင်းဂိုး ၂၇ ဂိုး သွင်းယူထားတဲ့ တိုက်စစ်သမားကို ခေါ်ယူခွင့်အတွက် ကလပ် ၅… Continue Reading →

© 2021 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!