Date

September 19, 2021

နော့ဝစ်နဲ့ပွဲမှာ ပါဝင်ခွင့်ရမယ့် ထုတ်ပြောခံရတဲ့ ကစားသမားတွေနဲ့ ကိတ်တာအတွက် တောင်းဆိုမှု

ကြားရက်မှာတော့ လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ်ကလပ် နော့ဝစ်ချ်အသင်းနဲ့ ကာရာဘောင်းဖလား ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ ဒီပွဲမှာ မန်နေဂျာကလော့ပ်က အဓိကလူစာရင်းကို အနားပေးမယ်လို့ ယူဆထားရတယ်။ ဒီရာသီမှာ မတူညီခြင်းကတော့ အရင်နှစ်တွေကလို ယူ-၂၃ အသင်းမှ လူငယ်တွေကို အဓိက ထုတ်သုံးလာဖို့ မရှိဘဲ ပွဲထွက်ခွင့် နည်းပါးနေတဲ့ စီနီယာအသင်းမှ အရန်ကစားသမားတွေကို ပွဲထုတ်လာဖွယ် ရှိနေပါတယ်။ လီဗာပူးသတင်းထောက် ဂျိမ်းပီယော့ဇ်က “ ကလယ်ဟာ၊ ဂိုးမက်စ်၊ ဖီးလစ်၊ ချိန်ဘာလိန်၊ ဂျုံး၊ မီနာမီနိုနဲ့ အိုရီဂီတို့အားလုံး ပွဲထွက်လူစာရင်းက ပါဝင်လာမယ် မျှော်လင့်ပါတယ်။ ကိန်ဂေါ်ဒန်ကိုလည်း… Continue Reading →

ခပ်လျော့လျော့ လူစာရင်းဆိုပေမယ့် ဆုဖလားစိန်ခေါ်ဖို့ အဆိပ်ပြင်းကြောင်း ပြသခဲ့တဲ့ လီဗာပူး

ထရန့် အလက်ဇန္ဒား-အားနိုး မရှိ၊ အန်ဒီ ရောဘတ်ဆန် မရှိ၊ ဂျိုဝယ် မာတစ် မရှိ။ လီဗာပူးအတွက် စိုးရိမ်စရာ ပြဿနာထွေထွေထူးထူး မရှိ။ ဒါဟာ ပဲလေစ့်ပွဲက လီဗာပူးအခြေအနေပဲ ဖြစ်ပါတယ်။ ယာဂင်ကလော့ပ်ရဲ့ အသင်းဟာ အကျွမ်းတဝင် ရှိပြီးသားနေရာကို ပြန်လည် ရောက်ရှိလာပါပြီ။ ကစားပွဲတွေကို အနိုင်ယူပြီး ပရီးမီးယားလိဂ် အမှတ်ဇယား ထိပ်ဆုံးကို ရောက်ရှိလာခြင်းနဲ့အတူ ဒီရာသီ ဖလားပြိုင်ပွဲထဲကနေ သူတို့ကို ဖယ်ထုတ်ထားတဲ့ သူတွေအနေနဲ့ ပြန်စဉ်းစားကြရင် ပိုကောင်းမယ်လို့ သတိပေးခဲ့တာပါပဲ။ မနေ့က မန်စီးတီးဟာ အိမ်ကွင်းမှာ… Continue Reading →

လီဗာပူးရဲ့ ဘောလုံးရာသီကောင်းကို အားဖြည့်ပေးဖို့ အဓိကကျလာမယ့် အသင်းသား (၃) ဦး

အပြောင်းအရွှေ့ လှုပ်ရှာမှုတွေနဲ့ ပတ်သက်ရင် လီဗာပူးအတွက် တိတ်ဆိတ်တဲ့ နွေရာသီတစ်ခု ဖြစ်ခဲ့ပေမယ့် ယာဂင်ကလော့ပ်ရဲ့ အသင်းအတွက် တောင့်တင်းတဲ့ ရာသီစတင်မှုလဲ ဖြစ်ခဲ့ပါတယ်။ ပရီးမီးယားလိဂ် အဖွင့် ၅ ပွဲကနေ ၄ ပွဲနိုင်၊ ၁ ပွဲသရေ ရထားတာနဲ့အတူ ကလော့ပ်ရဲ့ ဖိအားပေး နည်စနစ် ဘောလုံးအကြောင်းတွေ ပြောရတာက အချိန်ကြာလာလေ ပိုကောင်းလာလေ ဖြစ်နေမှာပါ။ ဘာလို့လည်းဆိုတော့ ပြီးခဲ့တဲ့ ဩဂုတ်လတွေအတွင်းမှာ ကလပ်ရဲ့ အပြောင်းအရွှေ့ အစီအစဉ်တွေအကြောင်း၊ ရာသီသစ်မတိုင်ခင် အသင်းရဲ့ အင်အား တောင့်တင်းမှု လုံလောက်မှုရှိမရှိ… Continue Reading →

ကိုနတေးရဲ့ ခြေစွမ်းကို မှတ်ချက်ပေးပြီး ပဲလေစ့်ကို အနိုင်ရခြင်းက ခက်ခဲတဲ့ တိုက်ပွဲလို့ ဝန်ခံတဲ့ ယာဂင်

ပဲလေ့စ်ကို အိမ်ကွင်းမှာ နိုင်တဲ့ပွဲဟာ အခက်ခဲဆုံး တိုက်ယူရတဲ့ ၃-၀ နိုင်ပွဲ တစ်ခု လို့ မန်နေဂျာ ယာဂင်ကလော့ပ်က ညွှန်းဆိုလိုက်ပါတယ်။ လီဗာပူးဟာ ဂိုးရလဒ်မှာ သိပ်ကို ပြတ်သားခဲ့ပေမယ့် ကွင်းတွင်း စွမ်းဆောင်ရမှုမှာတော့ ထူးခြားစွာ သာလွန်ခဲ့ခြင်း မရှိဘဲ အတော်လေး ကြိုးစား ယှဉ်ပြိုင်ခဲ့ရတယ်။ အိမ်ကွင်း ပရိသတ်တွေရဲ့ အားပေးမှုအောက်မှာ မိနစ် ၉၀ အာရုံစူးစိုက်မှု အပြည့်ထားခြင်းကြောင့် လီဗာပူးက ထိုက်တန်တဲ့ နိုင်ပွဲတစ်ပွဲကို ရခဲ့ခြင်း ဖြစ်ပါတယ်။ ” ဒီပွဲကတော့ ၃-၀ နိုင်တဲ့ပွဲတွေထဲ… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!