Date

September 22, 2021

ကလော့ပ်ကို ခေါ်လိုနေတဲ့ ဘာစီလိုနာ၊ ကားရီးယက်စ်ကို ခေါ်မယ့် ဘေဆယ်နဲ့ လီဗာပူးသတင်းတိုများ

Forbes ရဲ့ ကမ္ဘာလုပ်ခအမြင့်ဆုံး ကစားသမား ၁၀ ဦးစာရင်းမှာတော့ ပရီးမီးယားလိဂ် ကစားသမားတွေအဖြစ် ရော်နယ်ဒို၊ ပေါ့ဘာနည်းတူ ဆာလာလည်း နံပါတ် (၅) နေရာက ပါဝင်လာပါတယ်။ ဆွစ်ဇလန်ကလပ် ဘေဆယ်အသင်းဟာ လီဗာပူးဂိုးသမား ကားရီးယက်စ်ကို ခေါ်ယူလိုနေဆဲဖြစ်ပါတယ်။ ဒီနွေမှာ ခေါ်ယူဖို့ ကြိုးစားမှု မအောင်မြင်ခဲ့ပေမယ့် ဒီနွေမှာ စာချုပ်ကုန်တော့မယ့် ကားရီးယက်စ်ကို ဇန်နဝါရီမှာတင် ခေါ်ယူရေး ထပ်မံ ချိတ်ဆက်လာဦးမှပါ။ လီဗာပူးအသင်းဟာ ပေါင် သန်း ၆၀ အကုန်အကျခံ တည်ဆောက်မယ့် Anfield Road ပွဲကြည့်စင်… Continue Reading →

လီဗာပူး သိပ်ကောင်းနေပေမယ့် ချန်ပီယံမဖြစ်နိုင်ဘူးလို့ ဆိုလာပြန်တဲ့ ဂယ်ရီနဗီး

ဒီရာသီ ပရီးမီးယားလိဂ်မှာ အားလုံးကို အနိုင်ယူပြီး ချန်ပီယံဖြစ်လာမယ့်အသင်းက ချယ်ဆီးအသင်းပဲဖြစ်တယ်လို့ ဂယ်ရီနဗီးက ယုံကြည်နေပါတယ်။ သောမတ်စ် တူချယ်ရဲ့ အသင်းဟာ လန်ဒန်ပြိုင်ဘက်အသင်းတွေကို ၃-၀ နဲ့ အနိုင်ယူခဲ့ပြီးတော့ လီဗာပူးရဲ့ ရမှတ်ကို လိုက်မီခဲ့တာ ဖြစ်ပါတယ်။ ချယ်ဆီးဟာ ဒီရာသီမှာ ယာဂင်ကလော့ပ်ရဲ့ အသင်းကို အမှတ်လျော့စေခဲ့တဲ့ တစ်သင်းတည်းသော အသင်းဖြစ်ပြီး ဒီရာသီ ပရီးမီးယားလိဂ်ဖလားအတွက် အင်အားကြီးမားတဲ့ စိန်ခေါ်သူ ဖြစ်လာလိမ့်မယ်ဆိုတာကို ပြသခဲ့တာလည်း ဖြစ်ပါတယ်။ လီဗာပူး သိပ်ကောင်းနေတယ်ဆိုတာ နဗီးက သံသယမရှိပေမယ့် ယာဂင်ကလော့ပ်ရဲ့ အသင်းဟာ လွန်ခဲ့တဲ့… Continue Reading →

ဗဟိုခံစစ်မှူး ရွေးချယ်ရေးဆိုင်ရာ ကိစ္စနဲ့ ပတ်သက်လို့ ရိုးရိုးရှင်းရှင်းလေး အဖြေပေးတဲ့ ယာဂင်

မန်နေဂျာယာဂင်ကလော့ပ်က ဗဟိုခံစစ်မှူးတွေကို ပုံစံကောင်းနေရင် ပွဲထွက်ခွင့်ပေးမှာဖြစ်ကြောင်း ထုတ်ပြောခဲ့ပြီး ခံစစ်ပိုင်း ရွေးချယ်မှုနဲ့ ပတ်သက်လို့ လူသိထင်ရှား မှတ်ချက်ပေးလိက်ပါတယ်။ ဗန်ဒိုက်နဲ့ မာတစ်ကို အဓိက ဗဟိုခံစစ်သမားတွေအဖြစ် ထုတ်သုံးလာဖို့ ရှိနေပြီး သူတို့ နှစ်ဦးနောက်မှာ ဂိုးမက်စ်နဲ့ ကိုနတေးတို့ အခွင့်အရေးရမှာဖြစ်ကာ နက်ဖီးလစ်ကို အရေးပေါ် အခြေအနေတွေအတွက် အသုံးပြုဖို့ ရှိနေပါတယ်။ ဗဟိုခံစစ်မှူး ၅ ဦးထိ ပိုင်ဆိုင်ခြင်းကို ယာဂင်က ကျေနပ်နေပြီး အကောင်းဆုံး တွဲဘက်မှုတွေ ဆက်လက် ပြုလုပ်ပေးဖွယ် ရှိနေတာဖြစ်တယ်။ ယာဂင်က ” ကျနော်တို့မှာ… Continue Reading →

ကွင်းထဲမှာ ကိတ်ကို ဘာတွေ ပြောပြနေခဲ့လဲဆိုတာ ထုတ်ပြောလာတဲ့ ယာဂင်

နော့ဝစ်ချ်ပွဲမှာ ကလပ်ရဲ့ လူငယ်ကြယ်ပွင့်တွေကို ထုတ်သုံးနိုင်ခဲ့ခြင်းအတွက် မန်နေဂျာယာဂင်ကလော့ပ်က ကျေနပ်နေပါတယ်။ လီဗာပူးရဲ့ အနာဂတ်မှာ အရေးပါလာမယ့် ကစားသမားတွေအဖြစ် ကိတ်ဂေါ်ဒန်၊ ကော်နာ ဘရတ်ဒလေနဲ့ တေလာ မော်ဆန်တို့ဟာ ပွဲကစားခွင့်တွေ ရခဲ့သလို တိုးတက်တဲ့ ခြေစွမ်းတွေ ပြသနိုင်ခဲ့တာ ဖြစ်ပါတယ်။ ယာဂင်ကလော့ပ်က ” သုံးဦးလုံးက ရုပ်ပိုင်းဆိုင်ရာ သန်မာတယ်။ သူတို့ ၉၄ မိနစ် ၉၅ မိနစ်လောက် ကစားနိုင်ခဲ့တာကို ကျနေ်ာတို့ အံ့သြခဲ့ရတယ်။ သူတို့အတွက်လည်း ကျနော် ပျော်မိပါတယ်။ ကိတ်က အတော်လေး ကောင်းပါတယ်။… Continue Reading →

လီဗာပူးအသင်းရဲ့ အသင်းခေါင်းဆောင်တာဝန် ထမ်းဆောင်ရခြင်းအတွက် ဂုဏ်ယူနေတဲ့ ဂိုးမက်စ်

ဂျိုးဂိုးမက်စ်က နော့ဝစ်ချ်စီးတီးကို ၃-၀ ဖြင့် အနိုင်ရခဲ့တဲ့ ကာရာဘောင်း တတိယအဆင့် ပွဲစဉ်မှာ လီဗာပူးအသင်းရဲ့ အသင်းခေါင်းဆောင် တာဝန် ရယူခွင့်ကို ဂုဏ်ယူမိပါကြောင်း ထုတ်ပြောလာပါတယ်။ ပဲလေစ့်နဲ့ပွဲ လူစာရင်းကို ၉ ခုထိ အပြောင်းအလဲ ပြုလုပ်ရာမှာ ဂိုးမက်စ်လည်း ပါဝင်လာခဲ့ပြီး ၂၀၁၅ တုန်းက ချာတန်ကနေ လီဗာပူးကို ရောက်လာတဲ့နောက် ပထမဆုံး အကြိမ်အဖြစ် အသင်းခေါင်းဆောင် တာဝန်ကို ရယူခဲ့တာပါ။ မနှစ်ကရာသီ ဒူးဒဏ်ရာကြောင့် ကာလရှည် နားနေခဲ့ရတဲ့ ဂိုးမက်စ်အတွက် ဒီရာသီမှာ ဒုတိယအကြိမ် ပွဲထွက်… Continue Reading →

နောက်ဆုံးမှာတော့ မီနာမီနိုရဲ့ တော်ခြင်းတွေကို ပရိသတ်တွေရှေ့ ချီးကျူးခွင့်ရခဲ့ပြီဖြစ်တဲ့ ယာဂင်

လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်ဟာ သူ့ရဲ့ တိုက်စစ်သမား မီနာမီနိုနဲ့ ပတ်သက်လို့ ချီးကျူးမှုတွေကို လုပ်ခွင့်ရခဲ့ပြီဖြစ်ပါတယ်။ မီနာမီနိုဟာ လီဗာပူး လေ့ကျင့်ရေးမှာ အတော်လေး ခြေစွာတဲ့ တိုက်စစ်သမားဖြစ်ပါတယ်။ ဒီရာသီ လီဗာပူးနည်းပြတွေကိုရဲ့ အထင်ကြီးမှုတွေကိုပါ ရရှိထားပေမယ့် ကစားကွင်းထဲမှာ သူ့ရဲ့ လုပ်နိုင်စွမ်းကို ပြသနိုင်ခြင်း အားနည်းနေခဲ့တယ်။ နော့ဝစ်ချ်နဲ့ ကာရာဘောင်းပွဲမှာတော့ သွင်းဂိုး ၂ ဂိုး ရယူခဲ့တဲ့ မီနာမီနိုက သူ့ရဲ့ လုပ်နိုင်စွမ်းတွေကို ပရိသတ်တွေကို မြင်စေခဲ့ပါတယ်။ ယာဂင်က ” ဘောလုံးသမားတွေက ပွဲကစားလိုပါတယ်။ ဒါက ရှင်းပါတယ်။… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!