Date

September 23, 2021

ရော်ဘတ်ဆန် ကစားတာ ငေးကြည့်နေမယ့် အဆင့်မျိုး မဟုတ်ကြောင်း သက်သေပြလာတဲ့ ကိုစတက်

လီဗာပူးရဲ့ ဒဏ်ရာပြဿနာတွေဟာ မနှစ်က ရာသီမှာ ကစားသမားများစွာရဲ့ ပွဲထွက်ကစားမှုတွေကို အကန့်အသတ် ရှိစေခဲ့သလို အဓိက ကစားသမားတွေအပေါ်လည်း လေးလံတဲ့ ဝန်ထုပ်ဝန်ပိုး ဖြစ်စေခဲ့ပါတယ်။ အထူးသဖြင့် ခံစစ်ပိုင်းရဲ့ အဓိက ကစားသမားများစွာက ရာသီတွင်း အချိန်တော်တော်များများမှာ ပွဲထွက်ပေးဖို့ လွဲချော်ခဲ့တာနဲ့အတူ ယာဂင်ကလော့ပ်အနေနဲ့ အထိုင်မကျသေးတဲ့ အသင်းကို နောက်ထပ် ထိခိုက်စေမယ့် စွန့်စားမှုမျိုး မလုပ်ပဲ စကော့တလန်သား အန်ဒီရောဘတ်ဆန်ကို အလှည့်အပြောင်းလုပ်ဖို့ သင့်တော်တဲ့ ပွဲတွေကို ခက်ခက်ခဲခဲ ရှာဖွေခဲ့ရပါတယ်။ အဲ့ဒီ့အကျိုးဆက်အနေနဲ့ အသက် ၂၇ နှစ်အရွယ် ကစားသမားဟာ… Continue Reading →

လီဗာပူးရဲ့ လမ်းကြောင်း လွဲချော်သွားစေနိုင်တဲ့ ပြဿနာကို မီနာမီနိုနဲ့ ကလော့ပ် ဖြေရှင်းပေးနိုင်မှာလား

ဒီရာသီမှာ လီဗာပူးအသင်းက ကောင်းမွန်တဲ့ တာထွက်မှုကို ပြုလုပ်လာနိုင်ပေမယ့်လို့ အသင်းအတွက် အဓိကကျမယ့် စိုးရိမ်စရာ ကိစ္စကြီးက ရောက်လာဖို့ အဝေးကြီး ရှိနေပါသေးတယ်။ ယာဂင်ကလော့ပ်ရဲ့ အသင်းသားတွေကို ဖလားလမ်းကြောင်းမှာ လမ်းချော်စေမယ့် ကိစ္စကတော့ အာဖရိက နေးရှင်းဖလားပြိုင်ပွဲ ဖြစ်တယ်လို့ စကိုင်းစပေါ့က ဖော်ပြခဲ့တယ်။ အဓိက တိုက်စစ်သမားတွေဖြစ်တဲ့ ဆာလာနဲ့ မာနေးတို့ကို လက်လွတ်ရမယ့်အပြင် အယ်လီးယော့ ကာလရှည် ဒဏ်ရာရနေတဲ့ ကွင်းလယ်အတွက် ကိတ်တာကိုပါ လက်လွတ်ရမှာက လီဗာပူးအတွက် ပြဿနာပါလို့ အဆိုပါ သတင်းဌာနက သုံးသပ်ပြခဲ့တာပါ။ “ ဇန်နဝါရီကျရင်… Continue Reading →

Corner Kings နေရာကို ဆက်လက် ရယူထားနိုင်ဆဲဖြစ်တဲ့ လီဗာပူး

လီဗာပူးအသင်းဟာ ထောင့်ကန်ဘောတွေကနေ သွင်းဂိုး ရှာနိုင်စွမ်းမှာ ပရီးမီးယားလိဂ် ကလပ်တွေထဲ အကောင်းဆုံးအသင်းအဖြစ် ဆက်ရှိနေပါသေးကြောင်း The Athletic က ဖော်ပြပါတယ်။ စနေနေ့က ပဲလေစ့်ကို ၃-၀ ဖြင့် အနိုင်ရမှုမှာ လီဗာပူးရဲ့ ဂိုးတွေ အားလုံးဟာ ထောင့်ကန်ဘောတွေက တစ်ဆင့် မြစ်ဖျားခံလာခဲ့တာဖြစ်ပါတယ်။ မနှစ်ကရာသီတည်းက စတင် ရေတွက်မယ်ဆိုရင် လီဗာပူးရခဲ့တဲ့ သွင်းဂိုးတွေထဲက ၁၆ ဂိုးဟာ ထောင့်ကန်ဘောတွေကနေ စတင်လာခြင်းပဲ ဖြစ်ပါတယ်။ မနှစ်ကရာသီမှာ ထောင့်ကန်ဘောကနေ သွင်းဂိုး ၁၁ ဂိုးထိ ရှာဖွေနိုင်ခဲ့တဲ့ လီဗာပူးဟာ… Continue Reading →

တစ်နှစ်ကြာပြီးနောက် ယာဂင်ကလေ့ာပ်ရဲ့ အမြင်ကို ထောက်ခံလိုက်တဲ့ ဂွာဒီယိုလာ

မန်စီးတီးမန်နေဂျာ ဂွာဒီယိုလာဟာ လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်ရဲ့ မှတ်ချက်ကို သဘောတူလိုက်ပြီး အင်္ဂလန်မှာလည်း လူစားလဲမှု ၅ ကြိမ် ရသင့်တယ်လို့ ထုတ်ပြောလာပါတယ်။ မန်စီးတီးဟာ ဒီရာသီမှာ ဒဏ်ရာပြဿနာတွေ စတင် ရင်ဆိုင်နေရပြီး ကစားသမား အများအပြား ဒဏ်ရာရနေကြတာပါ။ ယာဂင်ကလော့ပ်က ပရီးမီးယားလိဂ်မှာ လူစားလဲမှုကို ၃ ကြိမ်ပဲ ပြန်လည် ခွင့်ပြုမယ်ဆိုရင် အနာဂတ်မှာ ကြံ့ခိုင်မှုပိုင်းအတွက် ပြဿနာကြီးတွေ ပေါ်လာလိမ့်မယ်လို့ ထုတ်ပြောထားခဲ့ပေမယ့် သူ့ရဲ့ စကားက အရာမရောက်ခဲ့ပါဘူး။ မနှစ်ကရာသီ ဒဏ်ရာရကစားသမားတွေ များနေစဉ်မှာ လူစားလဲမှု ၅… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!