Date

September 24, 2021

ကလော့ပ်ကြောင့် သူတို့အသင်း အရင်လို ပင်နယ်တီတွေ မရတော့တာလို့ ပေါက်ကွဲလာတဲ့ ဆိုးရှား

ယူနိုက်တက် နည်းပြ ဆိုးရှားကတော့ ဒီရာသီ မန်ချက်စတာ ယူနိုက်တက် ပင်နယ်တီ ရတာ နည်းပါးနေတာက လီဗာပူး အသင်း မန်နေဂျာ ယာဂင်ကလော့ပ် ပြောဆိုမှုတွေကြောင့်လို့ စွပ်စွဲ ပြစ်တင်လိုက်ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်က ဝက်စ်ဟမ်းနဲ့ ပရီးမီးယားလိဂ် ပွဲမှာ ရော်နယ်ဒိုကြောင့် ရသင့်တဲ့ ပင်နယ်တီ နှစ်ကြိမ်လုံး ငြင်းပယ်ခံခဲ့ရပြီးနောက် ဆိုးရှားက အမျက်ထွက်နေပြီး ကလော့ပ်ကြောင့်လို့ ရည်ညွှန်းကာ ထုတ်ဖော် ပြောဆိုလာခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရာသီ ဇန်နဝါရီလတုန်းက ယူနိုက်တက်ဟာ ပင်နယ်တီ ဘယ်လောက်ရသလဲ ဆိုတာနဲ့ပတ်သတ်ပြီး… Continue Reading →

ဒီရာသီ အသိအမှတ်ပြုခံရမှု နည်းတဲ့ ဘရန့်ဖိုဒ့်ရဲ့ ထူးချွန် အရည်အချင်းတွေကို ချီးကျူးလိုက်တဲ့ ကလော့ပ်

လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်က ၁၉၄၇ နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အင်္ဂလန် အဆင့်မြင့်တန်းလိဂ်ကို တန်းတက်လာပြီး လျင်လျင်မြန်မြန်ပဲ အထိုင်ကျလာကာ အဖွင့်ပွဲ ၅ ပွဲကနေ ရမှတ် ၈ မှတ် ရယူထားခဲ့တဲ့ ဘရန့်ဖိုဒ့်ကို အတော်လေး အထင်ကြီးနေပါတယ်။ မနှစ်က ပလေးအော့ဖ်ကနေ တစ်ဆင့် ချန်ပီယံရှစ်ကနေ တန်းတက်လာခဲ့တဲ့ သောမတ်စ် ဖရန့်ရဲ့ အသင်း ဒီကာလတွေအတွင်း တိုးတက်မှုတွေကို ယာဂင်ကလော့ပ်က စိတ်ဝင်တစားနဲ့ အသိအမှတ်ပြုခဲ့ပါတယ်။ ကလော့ပ်ကတော့ ချန်ပီယံရှစ်ကနေ တန်းတက်လာတဲ့ အသင်းလို့ မမြင်ဘဲ စိတ်လှုပ်ရှာစရာ စီမံကိန်းတွေရဲ့… Continue Reading →

ဘရန့်ဖိုဒ့် V လီဗာပူး ပွဲစဉ်အတွက် မိုက်ကယ်အိုဝင်ရဲ့ သုံးသပ်ချက်နဲ့ ရလဒ်ခန့်မှန်း

ဒီအပတ် စနေနေ့မှာတော့ လီဗာပူးအသင်းက ပရီးမီးယားလိဂ် ပွဲစဉ် ၆ အဖြစ် ဘရန်ဖိုဒ့်အသင်း အိမ်ကွင်းထံ သွားရောက်ယှဉ်ပြိုင် ကစားရမှာဖြစ်ပါတယ်။ အဆိုပါ ပွဲစဉ်အတွက် မိုက်ကယ်အိုဝင်ရဲ့ သုံးသပ်ချက်နဲ့ ရလဒ်ခန့်မှန်းအား ဖော်ပြလိုက်ပါတယ်။ ဘရန့်ဖိုဒ့် V လီဗာပူး ပရီးမီးယားလိဂ် ပွဲစဉ် (၆) စက်တင်ဘာလ ၂၅ ရက်၊ စနေနေ့။ မြန်မာစံတော်ချိန် ည ၁၁ နာရီ။ အိုဝင်၏ ပွဲကြို သုံးသပ်ချက်။ ။ လီဗာပူးက ဒီရာသီ သိပ် လူပြောမများတဲ့ အသင်း… Continue Reading →

အဝတ်လဲခန်းထဲ ထထိုးကြမတတ် စကားများခဲ့ကြဖူးတဲ့ ကလော့ပ်နဲ့ မီလ်နာ အကြောင်း ကလာဗန် ဖွင့်ဟ

လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်နဲ့ ဒုတိယအသင်းခေါင်းဆောင် ဂျိမ်းစ်မီလ်နာတို့ဟာ အဝတ်လဲခန်းအတွင်း ရန်ဖြစ်လုနီးပါး ဖြစ်ခဲ့ကြတဲ့ ဖြစ်ရပ်မျိုး ရှိခဲ့ကြောင်း အသင်းကစားသမားဟောင်း ကလာဗန်က ပြောပြလာပါတယ်။ ဂျာမန်သား မန်နေဂျာဟာ ကစားသမားတွေနဲ့ ပုဂ္ဂိုလ်ရေးအရ ရင်းနှီးနေတတ်တဲ့ အရည်အသွေးရှိပေမယ့် စိတ်ကြီးတဲ့သူအဖြစ် ကျော်ကြားတာလဲ ဖြစ်ပါတယ်။ တစ်ခါတုန်းက လီဗာပူး မန်နေဂျာဟာ ဂျိမ်းစ်မီနာနဲ့ သဘောထားကွဲလွဲခဲ့ခဲ့တဲ့ ကိစ္စကြောင့် စကားများခဲ့ကြတဲ့ ဖြစ်ရပ်ကို ကလာဗန်က ပြန်ပြောင်းပြောဆိုခဲ့ပါတယ်။ အဲ့ဖြစ်ရပ်က ၂၀၁၇ ခုနှစ် ဇန်နဝါရီတုန်းက ဖြစ်ပြီး လီဗာပူးအသင်းက အမှတ်ပေးဇယား ဒုတိယနေရာမှာ ရှိနေခဲ့ကာ… Continue Reading →

ဘရန့်ဖိုဒ့် V လီဗာပူး ပွဲစဉ်အတွက် ဘီဘီစီ လောရိုးရဲ့ သုံးသပ်ချက်နဲ့ ရလဒ်ခန့်မှန်းချက်

ဒီအပတ် စနေနေ့မှာတော့ လီဗာပူးအသင်းက ပရီးမီးယားလိဂ် ပွဲစဉ် ၆ အဖြစ် ဘရန်ဖိုဒ့်အသင်း အိမ်ကွင်းထံ သွားရောက်ယှဉ်ပြိုင် ကစားရမှာဖြစ်ပါတယ်။ အဆိုပါ ပွဲစဉ်အတွက် ဘီဘီစီမှ ဘောလုံးပွဲခန့်မှန်းသူ လောရိုးရဲ့ သုံးသပ်ချက်နဲ့ ရလဒ်ခန့်မှန်းအား ဖော်ပြလိုက်ပါတယ်။ ဘရန့်ဖိုဒ့် V လီဗာပူး ပရီးမီးယားလိဂ် ပွဲစဉ် (၆) စက်တင်ဘာလ ၂၅ ရက်၊ စနေနေ့။ မြန်မာစံတော်ချိန် ည ၁၁ နာရီ။ လော်ရိုး၏ ပွဲကြို သုံးသပ်ချက်။ ။ ၁၉၄၇ ခုနှစ်ထဲက ပထမဆုံးအကြိမ်အဖြစ်… Continue Reading →

လီဗာပူးအသင်းပိုင်ရှင်ကို ကာကွယ်ပြောဆိုမှု ပြုလုပ်သွားခဲ့တဲ့ ယာဂင်ကလော့ပ်

မန်နေဂျာယာဂင်ကလော့ပ်က ပရိသတ်တွေဟာ အသင်းပိုင်ရှင်ကို ပုံမှန် ဝေဖန်ကြပေမယ့်လို့ ကွင်းတိုးချဲ့မှုလို ကိစ္စတွေကို ရေရှည်ပလန်အတွက် ကြိုးစားပေးနေတာပါလို့ ဖာထေးပြောဆိုမှု လုပ်ပေးသွားပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ လီဗာပူးအသင်းရဲ့ အန်ဖီးကွင်း တိုးချဲ့မှု စတင်ဖို့ မီးစိမ်းပြခံလိုက်ရပါပြီ။ ကနဦးအဆင့် မြေသားစီမံမှုတွေ လုပ်ထားခဲ့တဲ့ အသင်းဟာ တည်ဆောက်ရေး လုပ်ငန်းစဉ်တွေကို စတင်ဖို့ အိမ်နီးနားချင်း လီဗာပူးပရိသတ်တွေ၊ အဖွဲ့အစည်းတွေဖြင့် သဘောတူညီမှုပါ ရယူနိုင်ခဲ့ပြီဖြစ်တယ်။ ယာဂင်ကတော့ ကွင်းတိုးချဲ့မှုအပေါ် စိတ်လှုပ်ရှားနေပြီး ခပ်မြန်မြန်လေး ပြီးစေချင်ပါတယ်လို့ ဖွင့်ဟလာခဲ့ပါတယ်။ ကလော့ပ်က “ ကျနော် တကယ်ကို… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!