Date

September 26, 2021

ယာဂင်ကလော့ပ်ထံက ပွဲထွက်ခွင့်တွေ ဆက်ယူဖို့ကို စိတ်အားထက်သန်နေတဲ့ ကာတစ်ဂျုံး

မနေ့က ဘရန့်ဖို့ဒ်နဲ့ ၃ ဂိုးစီ သရေကျခဲ့တဲ့ပွဲမှာ အနိုင် ၃ မှတ်ကိုလက်လွှတ်ခဲ့ရတာအတွက် စိတ်ပျက်ရကြောင်းကို ကာတစ်ဂျုံးက ဝန်ခံခဲ့ပါတယ်။ ဒီယိုဂို ဂျိုတာနဲ့ လီဗာပူးအတွက် လိဂ်ဂိုး ၁၀၀ ပြည့်ခဲ့တဲ့ ဆာလာရဲ့ သွင်းဂိုးတွေအပြီး ဂျုံးရဲ့ သွင်းဂိုးဟာ ခဏတာ ဦးဆောင်ခွင့် ရစေခဲ့ပေမယ့် ပွဲပြီး အနိုင်ဂိုးတော့ မဖြစ်ခဲ့ပါဘူး။ သူ့ရဲ့ ကန်ချက်က အနည်းငယ် ဘောလုံးလမ်းကြောင်းပြောင်းခဲ့ကာ ဂိုးသမား ဒေးဗစ်ရာယာကို ကျော်ဖြတ်နိုင်ခဲ့ခြင်းနဲ့အတူ လီဗာပူးကို ၃-၂ ဖြင့် ယာယီ ဦးဆောင်နိုင်စေခဲ့တာ ဖြစ်ပါတယ်။… Continue Reading →

ဆာလာ လိဂ်ဂိုး ၁၀၀ ပြည့်ခြင်း၊ ခံစစ် အမှားတွေနဲ့ ဘရန့်ဖိုဒ့်ပွဲမှ စကားစမြည် ပြောစရာကိစ္စ (၅) ချက်

ဘရန့်ဖိုဒ့် ၃-၃ လီဗာပူးပွဲမှ ပြောစရာကိစ္စတွေကို အကျဉ်းသဘော ကောက်နုတ်သွားမှာဖြစ်ပါတယ်။ လီဗာပူးပရိသတ်တွေကို ပြန်အမှတ်ရစေတဲ့ ကာတစ်ဂျုံး လူငယ်လီဗာပူးသားဟာ ဒီရာသီ ပထမဆုံး လိဂ်ပွဲထွက်ခွင့်ကို ရရှိခဲ့တာပါ။ မနှစ်တုန်းက လီဗာပူးအတွက် ပွဲတွေ အတော်လေး ကစားခွင့်ရခဲ့ပေမယ့် ဒီနှစ်မှာ အယ်လီးယက်ရဲ့ တောက်ပလာမှုက သူ့ကို ဘေးထွက်စေခဲ့တာဖြစ်ပြီး ဘရန့်ဖိုဒ့်ပွဲမှာမှ စတင် ပွဲထွက်ခွင့် ရခဲ့တာ ဖြစ်ပါတယ်။ ပထမပိုင်းမှာ လှုပ်လှုပ်ရှားရှား ပါဝင်ကစားခဲ့ပေမယ့် အခြားသော စီနီယာတွေလိုပဲ ပွဲကို လွှမ်းမိုးစေအောင် ဦးဆောင်ပေးဖို့ ရုန်းကန်နေခဲ့ရပြီး မှားယွင်းတဲ့ ပေးချက်တွေက… Continue Reading →

ကိုစတက်ဟာ လေ့ကျင့်ရေးက ကြိုးစားမှုတွေကို ပရိသတ်တွေမြင်အောင် စတင်ပြသနေပါပြီလို့ ချီးကျူးမှု

ပရီးမီးယားလိဂ် ကစားသမားဟောင်းဖြစ်သလို ယူရို ၂၀၀၄ အနိုင်ရ ဂရိအသင်းရဲ့ တိုက်စစ်သမားဟောင်းလည်းဖြစ်တဲ့ Stelios Giannakopoulos က လီဗာပူးဘယ်အစွန်လူ ကိုစတက်ကို ချီးကျူးမှုတွေ ပြုလုပ်သွားပါတယ်။ သူကတော့ ကိုစတက်ဟာ လေ့ကျင့်ရေးက သူ့ရဲ့ ကြိုးစားမှုတွေကို ပွဲတွေမှာ စတင်ပြသနေပြီး ဒါဟာ စတင်ခြင်းပဲ ရှိပါသေးတယ်လို့ ဆိုလာပါတယ်။ မဆုတ်မနစ် ကြိုးစားတတ်ပြီး ရဲရင့်တဲ့ နှလုံးသားရှိသူလို့ ထင်ရှားလာတဲ့ ကိုစတက်ဟာ ရော်ဘတ်ဆန်ထံက ပွဲထွက်ခွင့်တွေကို စတင် ချိန်းခြောက်နေပြီဖြစ်ပါတယ်။ ဒီအပတ် ယှဉ်ပြိုင်ရမယ့် ပေါ်တိုနဲ့ ချန်ပီယံလိဂ်ပွဲမှာတော့ ကိုစတက်ဟာ… Continue Reading →

လီဗာပူးရဲ့ လိုအပ်ချက်တွေကို ထောက်ပြပြီး ဘရန့်ဖိုဒ့်က ထိုက်တန်တဲ့ သရေတစ်မှတ် ရသွားတာပါဆိုတဲ့ ယာဂင်

အဝေးကွင်းမှာ ဘရန့်ဖိုဒ့်ကို ၃-၃ သရေရလဒ်ပဲ ရယူနိုင်တဲ့နောက် မန်နေဂျာကလော့ပ်ဟာ အသင်းတိုက်စစ်ပိုင်း လိုအပ်ချက်ရှိတယ်လို့ ထုတ်ပြောခဲ့ပြီး ပြိုင်ဘက်အသင်းရဲ့ ကြိုးစားနိုင်စွမ်းတွေကို ချီးကျူးခဲ့ပါတယ်။ ဘရန့်ဖိုဒ့်ဟာ လီဗာပူးကို ရှိန်မနေဘဲ သူတင်ကိုယ်တင် ကစားဖို့ ကြိုးစားခဲ့တာပါ။ ဒါကြောင့်လည်း လီဗာပူးခံစစ်က အမှားတွေ ပြုလုပ်မိခဲ့ကာ သွင်းဂိုး ၃ ဂိုးထိ ခွင့်ပြုခဲ့ရတာဖြစ်ပါတယ်။ ယာဂင်က ” ခပ်ထက်ထက်လေး ကစားခဲ့ကြတယ်။ ဘရန့်ဖိုဒ့်က သူတို့ရဲ့ ကစားဟန်နဲ့အတူ သွင်းဂိုး ၃ ဂိုးရဖို့ ထိုက်တန်ခဲ့ပါတယ်။ ဒီနေ့ပွဲမှာ အဝေးဘောတွေကို ကျနေ်ာတို့တွေ… Continue Reading →

စိတ်ပျက်စရာ ခံစစ်ပုံစံတွေကြောင့် ဘရန့်ဖိုဒ့်နဲ့ သရေကျပေမယ့် အမှတ်ပေးဇယားကို ဦးဆောင်ဆဲ လီဗာပူး

လီဗာပူးအသင်းဟာ ဘရန့်ဖိုဒ့်ကို အဝေးကွင်း သွားရောက် ရင်ဆိုင်ရာမှာ ၃-၃ ရလဒ် ထွက်ပေါ်ခဲ့ပြီး ဒီအပတ် ပြိုင်ဘက်အသင်းတွေ ရလဒ်မကောင်းမှုကို အခွင့်အရေးယူနိုင်ခွင့် ဆုံးရံှုးခဲ့တာဖြစ်ပါတယ်။ မန်နေဂျာယာဂင်ကလော့ပ်က ကာရာဘောင်းပွဲ လူစာရင်း တစ်ခုလုံးကို အပြောင်းအလဲလုပ်ကကာ တောင့်တင်းတဲ့ လူစာရင်းကို ပွဲထုတ်လာခဲ့တယ်။ ပွဲအစပိုင်းမှာတော့ မြန်မြန်ဆန်ဆန် စတင်နိုင်ခဲ့ကာ ဆာလာ ပိတ်သွင်းမှု ဂိုးဝင်လုထိ ဖြစ်ခဲ့ပေမယ့် ဘရန့်ဖိုဒ့်ဘက်က ဂိုးလိုင်းနားကနေ ရှင်းထုတ်နိုင်ခဲ့တယ်။ ချက်ခြင်းဆိုသလို ဘရန့်ဖိုဒ့်က ပြန်လည် ထိုးဖောက်လာခဲ့ရာမှာ ပိတ်သွင်းချက် ကောင်းခဲ့ပေမယ့် မာတစ် ဂိုးလိုင်းနားက ပြန်ရှင်းထုတ်ခဲ့ရပါတယ်။… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!