Date

September 28, 2021

ဆာလာ၊ မာနေး၊ ဘော်ဘီတို့ ရှိနေတဲ့ လီဗာပူးအသင်းကို ဘယ်လိုအတွေးနဲ့ ပြောင်းလာလဲ ဂျိုတာ ပြန်ဖြေ

ဒီယိုဂို ဂျိုတာဟာ လီဗာပူးမှာ သူ့ရဲ့ ပထမဆုံးနှစ်ကို ပျော်ရွှင်ကျေနပ်နေခဲ့ပြီး ကလပ်ဟာ ဒီရာသီ ဆုဖလားတိုက်ပွဲအတွက် ရှေ့ဆုံးကနေ ပါဝင်ယှဉ်ပြိုင်သွားမှာဖြစ်ကြောင်း ကတိပေးခဲ့ပါတယ်။ ပေါ်တိုနဲ့ ချန်ပီယံလိဂ်ပွဲအတွက် လီဗာပူးနဲ့အတူ မွေးရပ်မြေဆီ ခရီးထွက်ခဲ့တဲ့ ပေါ်တူဂီသားဟာ အသင်းဖော်တွေနဲ့ မပူးပေါင်းခင် တနင်္လာနေ့ နေ့လည်ပိုင်းက မီဒီယာတွေနဲ့ တွေ့ဆုံခဲ့တာဖြစ်ပြီး ဂျိုတာရဲ့ ပွဲကြို သတင်းစာရှင်းလင်းပွဲ ပြောကြားချက်တွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။ လီဗာပူးကစားသမားဘဝ ပထမဆုံးနှစ် အကြောင်း… ဒီမှာ တစ်နှစ်ပြည့်သွားခဲ့ပြီပေါ့။ အန်ဖီးလို ပတ်ဝန်းကျင်၊ ကမ္ဘာတစ်ဝှမ်းက အားပေးမှုများစွာနဲ့ ဒီလို… Continue Reading →

လီဗာပူးတိုက်စစ်သမား ဂျိုတာရဲ့ အသင်းဟောင်း ပေါ်တိုအသင်းနဲ့ ရင်ဆိုင်ရမှာအတွက် မှတ်ချက်

လီဗာပူးရဲ့ ပေါ်တူဂီသား တိုက်စစ်သမား ဂျိုတာဟာ ဒီကနေ့ညမှာတော့ အသင်းဟောင်း ပေါ်တိုအသင်းနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲအဖြစ် ရင်ဆိုင်ကစားရမှာဖြစ်ပါတယ်။ အသင်းဝဘ်ဆိုဒ်ကနေ အသင်းဟောင်းနဲ့ ပတ်သက်လို့ ဂျိုတာက အခုလို ပြောဆိုပါတယ်။ လီဗာပူးနဲ့ အိမ်ကွင်းမှာ နောက်ဆုံး ၂ ကြိမ်တွေ့ဆုံမှုအပြီး ပေါ်တိုက နာကျင်ရဦးမလား ဒါက ပြောဖို့ခက်ပါတယ်။ ပြီးခဲ့တဲ့ ရလဒ်တွေက ပေါ်တိုအတွက် မကောင်းခဲ့ဘူး။ သူတို့က အသင်းတွေကြားမှာ တကယ့် ကွာခြားမှု ကြီးကြီးမားမား မပြသခဲ့ဘူး။ သူတို့အိမ်ကွင်းမှာ ကစားရတာက အဝေးအသင်းတွေအတွက် ဘယ်တော့မှ မလွယ်ပါဘူး။ ဒါကြောင့်… Continue Reading →

လီဗာပူးကို ဝယ်ယူဖို့ ရှိတ်မန်ဆော်ဘက်က အကြိမ်ကြိမ် ကြိုးစားခဲ့ကြောင်း ဆောင်းနက် ပြောပြ

စကိုင်းစပေါ့နဲ့ အစီအစဉ် တင်ဆက်နေတုန်းမှာ လီဗာပူးဂန္တဝင်ကြီး ဂရေမီ ဆောင်းနက်က ရှိတ်မန်ဆော်ဟာ မန်စီးတီးအသင်းကို ဝယ်ယူမှု မတိုင်ခင်မှာ လီဗာပူးအသင်းကို ဝယ်ယူဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့တယ်လို့ ပြောပြလာခဲ့ပါတယ်။ မန်စီးတီးကို အဘူဒါဘီမိသားစုက ဝယ်ယူမှုမှာ အဓိက ကြိုးစားပေးခဲ့တဲ့ Amanda Staveley နဲ့ ဒူးဘိုင်းမှာ တွေ့ဆုံခဲ့ဖူးတဲ့ ဆောင်းနက်က ဒီအကြောင်းတွေကို ပြောပြရာမှာ “ အရင် ၁၂ နှစ် ၁၃ နှစ်ကထင်တယ်။ ကျနော် ဒူဘိုင်းကို သွားခဲ့သေးတယ်။ ကျနော် ဇနီး၊ သားတို့နဲ့… Continue Reading →

ပေါ်တိုကို ထွက်ခွာတဲ့ ခရီးမှာ ထရန့် မပါဝင်၊ မန်စီးတီးနဲ့ပွဲကိုပါ လွဲချော်နိုင်တယ်လို့ သတင်းထွက်လာ

ညာအစွန်လူ ထရန့်ဟာ ပေါ်တူဂီကို ထွက်ခွာသွားတဲ့ ချန်ပီယံလိဂ်ပွဲ လူစာရင်းမှာ မပါဝင်သွားဘူးလို့ အတည်ပြုနိုင်ခဲ့ပြီဖြစ်ပါတယ်။ ညာအစွန်လူဟာ ချန်ပီယံလိဂ်ပွဲအပြင် မန်စီးတီးနဲ့ ယှဉ်ပြိုင်ရမယ့် အမှတ်ပေးပွဲကိုလည်း လွဲချော်သွားမယ့် အခြေအနေလို့ မာဆေးဆိုဒ် သတင်းထောက်တွေက ဖော်ပြလာခဲ့ကြတယ်။ အသင်းရဲ့ ကွင်းဖွင့် လေ့ကျင့်ရေးမှာ ပါဝင်ခဲ့ပေမယ့်လို့ နောက်ပိုင်း နည်းပြအဖွဲ့နဲ့ တွေ့ဆုံတဲ့ စည်းဝေးပွဲကိုတော့ တက်ရောက်နိုင်ခြင်း မရှိပါဘူး။ ထရန့်ဟာ ကြံ့ခိုင်မှု ပြဿနာကြောင့် မပါနိုင်ခြင်းလို့ အသံထွက်လာပြီး ပေါ်တူဂီခရီးမှာတော့ ညာအစွန်လူ နီကိုး လိုက်ပါသွားပါတယ်။ အခြားသော ရွေးချယ်စရာတွေအဖြစ် ဝါရင့်ကွင်းလယ်လူ… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!