Date

October 2, 2021

အန်ဖီးကွင်း တိုးချဲ့ရေးကို နောက်ထပ် ပေါင် သန်း ၂၀ ထပ်တိုးမယ့် လီဗာပူး

လီဗာပူးအသင်းဟာ အန်ဖီးကွင်းရဲ့ အဓိက ပွဲကြည့်စင် လေးခုထဲက တစ်ခုဖြစ်တဲ့ Anfield Road တိုးချဲ့ရေးအတွက် ကုန်ကျစရိတ်ကို နောက်ထပ် ပေါင် သန်း ၂၀ ထပ်တိုးခဲ့ပြီဖြစ်ပါတယ်။ ဒီတည်ဆောက်မှုကြောင့် ပရိသတ်ထိုင်ခုံ ၇၀၀၀ ထပ်တိုးနိုင်မှာဖြစ်ကာ တစ်ကွင်းလုံး ဝင်ဆံ့မှု ၆၁၀၀၀ ထိ ရှိလာမှာ ဖြစ်ပါတယ်။ ကနဦး အစီအစဉ်အရ တည်ဆောက်မှုကို ၂၀၂၃ ခုနှစ်အတွင်း အပြီးသတ်နိုင်ဖို့ ရည်မှန်းထားပြီး ကုန်ကျစရိတ် ပေါင် သန်း ၆၀ ရှိပါမယ်။ ဒါပေမယ့်လို့ ထပ်တိုး အစီအစဉ်တွေအရ… Continue Reading →

ဘရာဇီးနဲ့ ပူးပေါင်းမယ့် အယ်လီဆန်၊ ဖာဘင်ညိုတို့ ဝတ်ဖိုဒ့်နဲ့ အက်သလက်တီကိုပွဲ လွဲမည်

ဘရာဇီးအသင်းဟာ ဗင်နီဇွဲလား (အောက်တိုဘာ ၈ ရက်)၊ ကိုလံဘီယာ (အောက်တိုဘာလ ၁၀ ရက်)နဲ့ ဥရုဂွေး (အောက်တိုဘာလ ၁၅ ရက်) ပွဲတွေအတွက် လူစာရင်း ရွေးချယ်ရာမှာ လီဗာပူးအသင်းမှ အယ်လီဆန်နဲ့ ဖာဘင်ညိုတို့ ပါဝင်ခဲ့ပါတယ်။ ဖာမင်နိုကိုတော့ ရွေးချယ်ခဲ့ခြင်း မရှိပေမယ့်လို့ ဘရာဇီးအသင်းကို သွားရမယ့် ကစားသမား နှစ်ဦးဟာ ဗြိတိန်ဘက်က အနီရောင်အဆင့် သတ်မှတ်ထားတဲ့ ဗင်နီဇွဲလား၊ ကိုလံဘီယာနဲ့ ဘရာဇီးတို့ကို ထွက်ခွာရမှာဖြစ်လို့ အင်္ဂလန်ကို ပြန်လာချိန်မှာ ကွာရန်တင်း ၁၀ ရက် ဝင်ရမှာဖြစ်ပါတယ်။… Continue Reading →

သူ့အတွက်တော့ မန်စီးတီးကပဲ ဥရောပရဲ့ အကောင်းဆုံး ကလပ်ပါလို့ ချီးကျူးလိုက်တဲ့ ယာဂင်

ဒီရာသီကို ရှုံးပွဲမရှိ စတင်လာနိုင်ခြင်းကို ကျေနပ်ပေမယ့်လို့ အဲ့လောက်ထိ လုပ်ထားနိုင်လို့ပဲ ဒီအပတ် မန်စီးတီးနဲ့ပွဲကို လီဗာပူးက ယှဉ်ပြိုင်နိုင်မယ် အနေအထားမှာ ရှိနေတာပါလို့ ကလော့ပ်က ပြောလာပါတယ်။ ဒီအပတ်မှာတော့ အမှတ်ပေးဇယား ထိပ်ဆုံးတွေထဲက နှစ်သင်းဖြစ်တဲ့ လီဗာပူးနဲ့ မန်စီးတီးတို့ဟာ အန်ဖီးကွင်းမှာ ထိပ်တိုက်တွေ့ကြတော့မှာ ဖြစ်ပါတယ်။ ဒီပွဲကို စောင့်ကြည့်နေမယ့် ဘောလုံးပရိသတ်တွေ များပြားသလို အနိုင်ရတဲ့ အသင်းက ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ဆက်လက် ဦးဆောင်သွားလိမ့်မယ်လို့ ယူဆခံနေရတာ ဖြစ်ပါတယ်။ ကလော့ပ်က ” ကျနေ်ာတို့က ပုံစံကောင်းမှာ၊ အခိုက်အတန့်ကောင်းမှာ… Continue Reading →

မန်စီးတီးနဲ့ ပွဲမှာ သရေတစ်မှတ်ကို ဦးတည် ကစားသွားမလား မေးခွန်းကို ကလော့ပ် တုန့်ပြန်

လီဗာပူးအသင်းဟာ ဒီတစ်ပတ်မှာ မန်စီးတီးအသင်းကို အိမ်ကွင်း အန်းဖီးမှာ ဧည့်ခံ ကစားမှာ ဖြစ်ပြီး အမှတ်ပေးဇယား ထိပ်ဆုံးနေရာကနေ အမှတ်ဖြတ်နိုင်ဖို့ အခွင့်ကောင်းလည်း ရှိနေပါတယ်။ ပြီးခဲ့တဲ့ရာသီကတော့ လီဗာပူးဟာ အိမ်ကွင်းမှာ စီးတီးကို ၄-၁ နဲ့ ရှုံးခဲ့ရတယ်။ ထိုပွဲဟာ ၂၀၀၃ ခုနှစ်နောက်ပိုင်း စီးတီး အတွက် ပထမဆုံးအကြိမ်အဖြစ် အန်ဖီးကွင်းမှာ လီဗာပူးအသင်းကို အနိုင်ရခဲ့တာလည်း ဖြစ်ပါတယ်။ ဒါကြောင့် ဒီရာသီမှာတော့ လီဗာပူးက ပြီးခဲ့တဲ့ ရာသီက ရှုံးကြွေးကို တုန့်ပြန်နိုင်မလား စိတ်ဝင်စားနေခဲ့ကြတာပါ။ ဒီတစ်ပတ် ပွဲ… Continue Reading →

ပွဲကြီးတွေဆို ကျနော်ကတော့ လီဗာပူးပဲ ဆိုတဲ့ လီဗာပူး – မန်စီးတီး ပွဲစဉ် အတွက် အိုဝင်ရဲ့ သုံးသပ် ခန့်မှန်းချက်

လီဗာပူးနဲ့ မန်စီးတီး အသင်းတို့ဟာ ဒီတစ်ပတ် ပရီးမီးယားလိဂ်မှာ စူပါဆန်းဒေး ပွဲ အဖြစ် အန်းဖီးကွင်းမှာ ထိပ်တိုက် ယှဉ်ပြိုင်ကြရမှာ ဖြစ်ပါတယ်။ ဒီနှစ်သင်း ကစားမယ့် ပွဲချိန်ကတော့ တနင်္ဂနွေနေ့ ည ၁၀ နာရီမှာပါ။ ဒီနှစ်တွေ အတွင်း ပရီးမီးယားလိဂ်မှာ ချန်ပီယံဖြစ်ဖို့ ပခုံးချင်း အယှဉ်နိုင်ကြဆုံး အသင်းတွေ ပီပီ နည်းပြတွေ ဖြစ်တဲ့ ကလော့ပ်နဲ့ ဂွာဒီယိုလာတို့ကလည်း ဒီပွဲအတွက် အများကြီး ပြင်ဆင်ထားကြပုံ ရှိနေကာ ပွဲကြိုစကားတွေနဲ့ အပြန်အလှန် ချီးကျူးမြှောက်ပင့်နေကြပါတယ်။ နာမည်ကျေ်ာ တိုက်စစ်မှုးဟောင်း… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!