Date

October 3, 2021

ပွဲမစခင်တည်းက တစ်ယောက် နည်းစနစ်ကို တစ်ယောက် ကြိုမြင်နေတဲ့ ကလော့ပ်နဲ့ ဂွာဒီယိုလာ

လီဗာပူးဟာ ဖလားပြိုင်ဘက်တွေနဲ့ ယှဉ်ရင် ဒီနွေမှာ လှုပ်ရှားမှု မရှိပဲ ငြိမ်သက်နေခဲ့ပေမယ့် အားလုံးထက် ပိုသာအောင် လုပ်ပြထားနိုင်ဆဲပါ။ အမှတ်ပေးလိဂ်မှာ ရှုံးပွဲမရှိ၊ အေစီမီလန်၊ ပေါ်တိုတို့ကို နှစ်ပွဲပေါင်း ၈ ဂိုးသွင်းပြီး ချန်ပီယံလိဂ် အုပ်စုဗိုလ်ဖြစ်နေတာကြောင့် ကလော့ပ်အတွက် စိတ်သက်သာစရာပါပဲ။ ကြောက်စရာကောင်းတဲ့ ကမ္ဘာ့ထိပ်တန်း နံပါတ် ၉ တွေဖြစ်တဲ့ လီဝန်ဒေါစကီး၊ လူကာကူ၊ ရော်နယ်ဒို၊ ကိန်းနဲ့ ဟာလန်းတို့လို တိုက်စစ်သမားတွေ မရှိပေမယ့် လီဗာပူးကလည်း မတူညီတဲ့ နည်းလမ်းတွေနဲ့ အလုပ်လုပ်နေတယ်။ ကလော့ပ်ကလည်း လီဗာပူးမှာ သူပိုင်ဆိုင်ထားတဲ့… Continue Reading →

မန်စီးတီးပွဲကြို လီဗာပူး အာရုံစူးစိုက်မှု ကျဆင်းလာတဲ့ နှစ်နေရာကို ဖော်ထုတ် သတိပေးတဲ့ ပေါလ်မာဆန်

ပေါလ်မာဆန်ဟာ လီဗာပူးရဲ့ ခံစစ် အားနည်းချက်တွေအပေါ် သူ့ရဲ့ စိုးရိမ်မှုတွေကို ဖော်ပြခဲ့ပြီး ယာဂင်ကလော့ပ်ရဲ့ အသင်းအနေနဲ့ တောင့်တင်းတဲ့ အသင်းတစ်သင်းဖြစ်အောင် ပြန်လုပ်ရမယ်လို့ ပြောဆိုလိုက်ကြောင်း မာဆေးဆိုဒ်အခြေစိုက် Echo သတင်းဌာနက ဖော်ပြပါတယ်။ လီဗာပူးဟာ ပြီးခဲ့တဲ့ အပတ်က ဘရန့်ဖို့ဒ်နဲ့ သရေကျခဲ့တဲ့ပွဲမှာ ဗန်ဒိုက်နဲ့ မာတစ်တို့ရဲ့ ရှားရှားပါးပါး ခြေမပေါ်မှုနဲ့အတူ ပြိုင်ဘက်ကို ၃ ဂိုးခွင့်ပြုပေးခဲ့ရတာပါ။ အဆိုပါ နောက်ခံလူနှစ်ယောက်ဟာ ကာလရှည် ဒဏ်ရာကနေ ပြန်လာပြီးကတည်းက ဒီရာသီမှာ ထိပ်တန်းခြေစွမ်းတွေ ပြသခဲ့ပြီး ချယ်ဆီးနဲ့ တစ်ပွဲသာ ဂိုးပေးခဲ့ရတာ… Continue Reading →

လီဗာပူး V မန်စီးတီးပွဲကြို သိထားရမယ့် အရေးပါတဲ့ ကိစ္စ (၁၀) ချက်

(၁) တောင့်တင်းတဲ့ စတင်မှုရှိပေမယ့် ပြီးပြည့်စုံမှု မရှိသေးတဲ့ စီးတီး စီးတီးဟာ ရာသီသစ် အစမှာ ပရီးမီးယားလိဂ်ဖလား အောင်မြင်ဖို့ ရေပန်းအစားဆုံး ဖြစ်ခဲ့ပြီး အမှတ်ပေးပွဲ ၆ ပွဲကစားပြီးနောက်မှာလည်း ဒါက မပြောင်းလဲသွားပါဘူး။ အဖွင့်ပွဲမှာ စပါးကို ရှုံးပြီး ဆောက်သမ်တန်နဲ့ပွဲမှာ အမှတ်တွေ ဆုံးရှုံးလိုက်ရပေမယ့် ပြီးခဲ့တဲ့အပတ်က ချယ်ဆီးကို ၁-၀ နဲ့ အနိုင်ရခဲ့တာက သူတို့ရဲ့ ရည်မှန်းချက် ကြီးမားမှုကို ပြသနေပါတယ်။ အခုဆို ကလပ်နှစ်သင်းကြား တစ်မှတ်ပဲ ကွာဟနေခြင်းကြောင့် တနင်္ဂနွေနေ့ ထိပ်တိုက်တွေ့ဆုံမှုက နှစ်သင်းလုံးရဲ့… Continue Reading →

လီဗာပူးမှာ ဆက်နေလိုတဲ့ ဆာလာက ကလပ်ရဲ့ စာချုပ်သစ်ကိစ္စ စီစဉ်မှုတွေကို အံ့အားသင့်နေ

လီဗာပူးတိုက်စစ်မှူး ဆာလာဟာ ကလပ်ဘက်က သူ့ကို စာချုပ်သစ် ကမ်းလှမ်းဖို့ နှောင့်နှေးနေခြင်း ကိစ္စအား အံ့အားသင့်နေတယ်လို့ The Athletic မှ လီဗာပူးသတင်းထောက်တွေဖြစ်တဲ့ Simon Hughes နဲ့ James Pearce တို့က ရေးသားသွားပါတယ်။ ၂၀၂၃ ခုနှစ်ထိပဲ လီဗာပူးနဲ့ စာချုပ်ရှိတော့တဲ့ ဆာလာကို သက်တမ်းတိုးရေးက အမြင်ထက် ပိုမို ရှုပ်ထွေးနေတဲ့ အခြေအနေလို့ ယူဆရတယ်။ ဆာလာ ကိုယ်တိုင်က လီဗာပူးမှာ ဆက်နေလိုပေမယ့် ကလပ်ဘက်က စာချုပ်သစ်ပေးရေး ကြံ့ကြာနေခြင်းက ဘာလို့များလဲဆိုတာကို ဆာလာ… Continue Reading →

လိုက်ဇစ် အပါအဝင် ဂျုံးအတွက် ကလပ်တွေရဲ့ ကမ်းလှမ်းမှုကို လီဗာပူးက ဘာလို့ ငြင်းဆန်ခဲ့သလဲ

ကာတစ်ဂျုံး အနေနဲ့ မာဆေးဆိုဒ်မှာ နေရင်းနဲ့ ပိုပြီး လေ့လာသင်ယူနိုင်တဲ့အကြောင်း ယာဂင်ကလော့ပ်က ရှင်းပြခဲ့တာနဲ့အတူ ဂျုံးအတွက် အငှားကမ်းလှမ်းမှု များစွာကို ငြင်းပယ်ခဲ့တာ ဖြစ်ပါတယ်။ ဂျုံးဟာ လီဗာပူးအကယ်ဒမီမှ အတော်ဆုံး ပါရမီရှင် တစ်ယောက်အနေနဲ့ သတ်မှတ်ခံခဲ့ရပြီး လူငယ်အဆင့်တွေကနေ မြန်မြန်ဆန်ဆန်ပဲ အသင်းကြီးဆီ တိုးတက်လာခဲ့တာ ဖြစ်ပါတယ်။ဇန်နဝါရီလကုန်မှာ အသက် ၂၁ နှစ်ပြည့်မယ့် ကွင်းလယ်လူဟာ စီနီယာအသင်းအတွက် ပွဲ ၅၀ ပြည့် ကစားပေးခဲ့ပြီး ပွဲထွက်စာရင်းမှာ အထင်ကြီးစရာ ကစားသမားတစ်ယောက်အဖြစ် သက်သေပြလာနေခဲ့တာပါ။ ကြားရက်က ပေါ်တိုကို ၅-၁နဲ့… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!