Date

October 4, 2021

လီဗာပူးမှာ တစ်ခုခု ပျောက်ဆုံးနေပါတယ် ဒါပေမယ့် ဆုဖလားကိုတော့ စိန်ခေါ်မှာပါဆိုတဲ့ နဗီး

လီဗာပူးဟာ အသင်းရဲ့ ကိုယ်ပိုင် အမြင့်ဆုံး အဆင့်အတန်းကို ရောက်ရှိဖို့ လန်းဆန်းတက်ကြွမှု အနည်းငယ် လိုအပ်နေတယ်လို့ စကိုင်းစပေါ့မှာ ကာရေဂါနဲ့အတူ သုံးသပ်သူအဖြစ် လုပ်ကိုင်နေတဲ့ ဂယ်ရီနဗီးက ယုံကြည်နေပြီး ကလေ့ပ်နဲ့ အဖွဲ့ဟာ ဒီရာသီ ပရီးမီးယားလိဂ်ဖလား အောင်မြင်ဖို့ လုံလောက်တဲ့ ကောင်းမွန်မှု ရှိနေဆဲဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။ ယာဂင်ကလော့ပ်ရဲ့ အသင်းဟာ မနေ့က မန်စီးတီးနဲ့ပွဲမှာ ပထမပိုင်းအတွင်း စွမ်းဆောင်ရည် ဆိုးရွားခဲ့ပေမယ့် ဒုတိယပိုင်းမှာ ပြန်လာခဲ့ပြီးတော့ အဆုံးသတ်မှာ ၂ ဂိုးစီ သရေရလဒ် ရရှိခဲ့တာပါ။ လီဗာပူးဟာ သူတို့ရဲ့… Continue Reading →

လီဗာပူး ၂-၂ မန်စီးတီး ပွဲမှာ Rating အညံ့ဆုံး ဖြစ်ခဲ့တဲ့ လီဗာပူးအသင်းသား ၃ ဦး

လီဗာပူး ၂-၂ မန်စီးတီးပွဲမှ လီဗာပူးကစားသမားတွေရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သက်လို့ Echo မှ အသင်းသတင်းထောက် Ian Doyle ရဲ့ အကဲဖြတ်မှု ဖြစ်ပါတယ်။ Alisson Becker 7 ဘောလုံး ရှင်းထုတ်မှု တစ်ကြိမ်က ညံ့ဖျင်းခဲ့ပေမယ့် ဖိုဒန်ရဲ့ အဆုံးသတ်မှု နှစ်ကြိမ်ကို ကာကွယ်ပေးခဲ့တယ်။ မန်စီးတီးတို့ အစောပိုင်း ဂိုးမရဖို့ ကြိုးစား ကာကွယ်ခဲ့ပါတယ်။ James Milner 5 လူငယ်ကစားသမား ဖိုဒန်နဲ့ ရင်ဆိုင်ရာမှာ ခက်ခဲစွာ ထိန်းချုပ်ခဲ့ရတယ်။ မကြာခဏ လွတ်ထွက်သွားပြီး… Continue Reading →

ဆာလာကို မက်ဆီ၊ ရော်နယ်ဒိုနဲ့ နှိုင်းယှဉ်တဲ့ ကလော့ပ်၊ ဂြိုလ်သား သွင်းဂိုးအဖြစ် ချီးကျူးတဲ့ နဗီး

မန်စီးတီးနဲ့ပွဲမှာ ပြိုင်ဘက် ခံစစ်ကြောင်း တစ်ခုလုံး ပြိုလဲသွားအောင် တစ်ကိုယ်တော်စွမ်းတွေ ပြသခဲ့ပြီး လီဗာပူးအတွက် ဂိုးသွင်းပေးခဲ့တဲ့ ဆာလာကို ကမ္ဘာအဆင့် တိုက်စစ်သမားအဖြစ် ယာဂင်ကလော့ပ်က ချီးကျူးပါတယ်။ ဒီလို သွင်းဂိုးကို ရော်နယ်ဒိုနဲ့ မက်ဆီတို့ သွင်းမယ်ဆိုရင် ကမ္ဘာကြီးမှာ ချီးကျူးမှုတွေ ပြည့်နေမှာ ဖြစ်ပေမယ့်လို့ ဆာလာ ကိုယ်တိုင်ကလည်း ကမ္ဘာအဆင့် တိုက်စစ်မှူးပါ ကလော့ပ်က ထုတ်ပြောခဲ့ပါတယ်။ ကလော့ပ်က ” အကယ်လို့ မက်ဆီနဲ့ ရော်နယ်ဒိုတို့ အဲ့လိုဂိုးမျိုး သွင်းမယ်ဆိုရင် ကမ္ဘာကြီးက ‘အား ကမ္ဘာအဆင့်ပဲ’ လို့… Continue Reading →

မန်စီးတီးပွဲအပြီး အမှတ်ပေးဖလားနဲ့ ပတ်သက်လို့ လီဗာပူးပရိသတ်တွေကို ကတိပေးလိုက်တဲ့ ဆာလာ

လီဗာပူးတိုက်စစ်သမား ဆာလာက ဒီရာသီမှာ လီဗာပူးအသင်းဟာ အမှတ်ပေးဖလားကို ယှဉ်ပြိုင်သွားမှာပါလို့ ပရိသတ်တွေကို ထုတ်ပြောလာခဲ့ပြီ ဖြစ်ပါတယ်။ ဆာလာက ” ကျနေ်ာတို့ ဒီပွဲကို (မန်စီးတီးပွဲ) တကယ်ကို အနိုင်ရလိုခဲ့တာပါ။ ဒါပေမယ့် ကျနေ်ာတို့ ယှဉ်ပြိုင်မှု လမ်းကြောင်းထဲ ရှိနေဆဲဖြစ်ပါတယ်။ ကျနေ်ာတို့တွေ ဆုဖလားအတွက် ယှဉ်ပြိုင်သွားမှာပါ။ အဲ့အတွက်လည်း အင်အားတွေ ရှိနေပါတယ် ” လို့ အင်စတာဂရမ်ကနေ ပရိသတ်တွေကို ကတိပေးခဲ့တာဖြစ်တယ်။ အန်ဖီးကွင်းမှာ ယှဉ်ပြိုင်တဲ့ လီဗာပူးနဲ့ မန်စီးတီးပွဲဟာ ၂-၂ သရေရလဒ် ထွက်ပေါ်ခဲ့ပြီး လီဗာပူးအသင်းက… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!