Date

October 6, 2021

ကာတစ်ကို ချီးကျူးလိုက်ပြီး စိန်ခေါ်မှုကြီးတွေအတွက် သတိပေးစကား ပြောပေးခဲ့တဲ့ ဗန်ဒိုက်

လီဗာပူးခံစစ်မှူး ဗန်ဒိုက်က ဒီရာသီ အသင်းမှာ တောက်ပလာတဲ့ ကာတစ်ဂျုံးနဲ့ ပတ်သက်လို့ သူအမြင်ကို ပြောရာမှာ ‘အတော်လေး သဘောကျပါတယ်’ လို့ ဖြေပါတယ်။ ဒီရာသီမှာ လီဗာပူးအတွက် စီနီယာပွဲကစားခွင့် ပွဲပေါင်း ၅၀ ပြည့်သွားတဲ့ ဂျုံးဟာ အခြားသော လူငယ်တွေလို တောက်လျှောက် ပွဲကစားမှုတွေဖြင့် တောက်ပလာသူ မဟုတ်ပါဘူး။ လူစားဝင် ကစားသမားအဖြစ် (သို့) ပွဲငယ်တွေမှာ ပါဝင်ကစားရမှုတွေဖြင့် ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ အဆင့်မြင့်တန်း လိဂ်ရဲ့ စိန်ခေါ်မှုတွေကို ထိတွေ့ခွင့်ရလာသူဖြစ်တယ်။ ဂျုံးဟာ ရုပ်ပိုင်းဆိုင်ရာ ကောင်းမွန်သူဖြစ်ပြီး… Continue Reading →

လီဗာပူး ညာခြမ်းပိုင်း အားနည်းနေပေမယ့် ဘရတ်ဒလေကို နေရာချိန် ကစားစေမယ့် ယာဂင်

မန်နေဂျာယာဂင်ကလော့ပ်က ကလပ်ရဲ့ လူငယ် ညာအစွန်လူ ကော်နာ ဘရတ်ဒလေရဲ့ အနာဂတ်အတွက် စဉ်းစားပေးခဲ့ပုံရပြီး ယူ-၂၃ အသင်းသားကို ခြားနားတဲ့ နေရာကနေ တိုးတက်လာတာကို မြင်လိုနေပါတယ်။ ညာအစွန်မှာ ထရန့် မပါဝင်နိုင်ချိန်နဲ့ မီလ်နာ မကစားနိုင်ချိန်တွေမှာ ဘရတ်ဒလေကို သုံးဖို့ ကလော့ပ်က မရွယ်ပါဘူး။ အဲ့နေရာအတွက် နီကိုးနဲ့ ဂိုးမက်စ်တို့ ရှိနေဆဲဖြစ်ကာ ဘရတ်ဒလေအတွက် နေရာသစ်ကို ကလော့ပ်ဘက်က စဉ်းစားပေးလာခဲ့တယ်။ လူငယ်ကစားသမားက ညာအစွန်ထက် တစ်ဆင့်မြင့်တဲ့ နေရာမှာ ဘောလုံး ပိုမို ကိုင်ကစားခွင့်တွေ ရမယ်ဆိုရင် တိုးတက်လာနိုင်တယ်လို့… Continue Reading →

ကလော့ပ်နေရာ အစားထိုးသင့်သူအဖြစ် စတီဗင်ဂျရတ်ကို ကျော်ပြီး အခြားတစ်ယောက် ရွေးတဲ့ ကာရေဂါ

စကိုင်းစပေါ့မှ သုံးသပ်သူ ဂျင်မီကာရေဂါက လီဗာပူးမန်နေဂျာတာဝန်ကနေ ယာဂင်ကလော့ပ် အနားယူချိန်မှာ သူ့နေရာ အစားထိုးဖို့ ကလပ် မန်နေဂျာဟောင်း ဘရန်ဒန် ရော်ဂျာကို ပြန်ခေါ်ဖို့ အသင်းဟောင်းကို တိုက်တွန်းလိုက်ပါတယ်။ ၂၀၁၅ မှာ လီဗာပူးအသင်းကို မန်နေဂျာအဖြစ် တာဝန်ယူခဲ့တဲ့ ကလော့ပ်ဟာ ၂၀၂၄ မှာတော့ လီဗာပူးနဲ့ စာချုပ်ကုန်မှာဖြစ်ပါတယ်။ ကလော့ပ်ဟာ အသင်းနဲ့ သက်တမ်း ထပ်မတိုးတော့ဘူးလို့ သတင်းတွေ ထွက်နေပြီး သူ့နေရာမှာ အစားထိုးဖို့ စတီဗင်ဂျရတ်ကို လီဗာပူးပရိသတ်တွေက အများကြီး မျှော်လင့်ထားပါတယ်။ ဒါပေမယ့်လို့ လီဗာပူးမန်နေဂျာ ရာထူးအတွက်… Continue Reading →

အယ်လီးယော့ အခြေအနေ၊ ပွဲချိန်ပြောင်းပေးဖို့ တောင်းဆိုမှု ကျရှုံးခြင်းနဲ့ လီဗာပူးသတင်းတိုများ

ဆဲလ်ဘတ်အသင်းမှ အသက် ၁၉ နှစ်အရွယ် တိုက်စစ်သမား ဒါရင်း အာဒယ်ရယ်မီကို ခေါ်ယူမယ်ဆိုရင် ပြောင်းရွှေ့ကြေး ပေါင် ၂၉ သန်းမှ ပေါင် ၃၄ သန်းကြား ပေးရပါမယ်လို့ Sky Germany က ဖော်ပြသွားပါတယ်။ ဟာဗေး အယ်လီးယော့ဟာ အက်ဆာ လေ့ကျင့်ရေးမှာ ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်တွေကို စတင်နေပြီဖြစ်ပါတယ်။ အယ်လီးယော့ဟာ ခြေထိန်းတွေ တပ်ထားခြင်း မရှိတော့ဘဲ ခြေကျင်းဝတ်ကို ပိုမို အားဖြစ်စေမယ့် လေ့ကျင့်ရေးကို စတင် ပြုလုပ်နိုင်နေတာ ဖြစ်ပါတယ်။ လီဗာပူးအသင်းဘက်က ဝတ်ဖိုဒ့်နဲ့ပွဲကို… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!