Date

October 7, 2021

စဉ်းစားနေစရာ မလိုဘဲ ကလော့ပ်တစ်ယောက် စတီဗင်ဂျရတ်ကို တန်းရွေးစေခဲ့တဲ့ မေးခွန်းတစ်ခု

လီဗာပူး အသင်း မန်နေဂျာ ယာဂင်ကလော့ပ်ကို ဘောလုံးကစားတာကနေ အနားယူသွားတဲ့ ကစားသမားတွေထဲက ဘယ်သူ့ကိုများ နည်းပြလုပ်ပေးချင်သလဲ လို့ မေးမြန်းခံခဲ့ရရာ ကလော့ပ်ကတော့ မေးနေစရာတောင် မလိုဘူး ဆိုပြီး လီဗာပူး ဂန္တဝင် စတီဗင် ဂျရတ်ကို ရွေးချယ်သွားပါတယ်။ ဂျရတ်နဲ့ ကလော့ပ်က ကစားသမားနဲ့ နည်းပြ အဖြစ် လီဗာပူးမှာ ဆုံခွင့် မရလိုက်ပြီး ဘရန်ဒန် ရော်ဂျာ လီဗာပူး နည်းပြ ဖြစ်နေစဉ်ကာလမှ ဂျရတ်က အသင်းကနေ ထွက်ခွာသွားခဲ့ရတာ ဖြစ်ပါတယ်။ ကလော့ပ်ကတော့ သူသာ ဂျရတ်နဲ့… Continue Reading →

ဗန်ဒိုက် က ရူဒီဂါနဲ့ ယှဉ်စရာတောင် မလိုတဲ့ လယ်ဗယ်တစ်ခုမှာ ရှိနေတဲ့ အကောင်းဆုံးသူ လို့ ဒါရင်းဘန့် ညွှန်းဆို

ချယ်ဆီး ခံစစ်မှုး ရူဒီဂါက ပရီးမီးယားလိဂ်မှာ အကောင်းဆုံး ဗဟိုခံစစ်သမားလားလို့ ဒီအပတ် talkSPORT အစီအစဉ်မှာ ဆွေးနွေးကြရာ အင်္ဂလန် တိုက်စစ်မှုးဟောင်း ဒါရင်းဘန့်ကတော့ မထောက်ခံဘဲ ဗန်ဒိုက်ကသာ အကောင်းဆုံး ဖြစ်ဆဲ လို့ သုံးသပ် ပြောဆိုသွားခဲ့ပါတယ်။ ” ဟာ.. (ရူဒီဂါက အကောင်းဆုံးဆိုတာ) ကျနော်တော့ သဘောမတူဘူးဗျာ။ အန်တိုနီယို ရူဒီဂါက ချယ်ဆီးအတွက် အရမ်း အရမ်းကို ကောင်းတဲ့ ကစားသမားပါ။ ဒါပေမယ့် သူက ဗာဂျေး ဗန်ဒိုက် လို လယ်ဗယ်တော့ မရောက်သေးဘူး။… Continue Reading →

ဒီလိုပြောလို့ သူ ရင်နာရပေမယ့် ဆာလာက လိဂ်ရဲ့ အကောင်းဆုံး ကစားသမားပါဆိုတဲ့ ဖာဒီနန်

ယူနိုက်တက် ခံစစ်မှူးဟောင်းဖာဒီနန်က သူ့ရဲ့ ယူကျူ့ အစီအစဉ်မှာပဲ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကစားသမားဟာ ဆာလာ ဖြစ်ပါတယ်လို့ ထုတ်ပြောခဲ့ပါတယ်။ ဆာလာဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ သွင်းဂိုးအတွက် ပါဝင် ပတ်သက်မှု အမြင့်ဆုံးသော ကစားသမားဖြစ်တယ်။ သူဟာ ပရီးမီးယားလိဂ်ပွဲ ၇ ပွဲ ကစားပြီးချိန်မှာ ကိုယ်တိုင် ၆ ဂိုးသွင်းကာ အသင်းဖော်တွေ ဂိုးသွင်းနိုင်ဖို့ ၃ ကြိမ် ဂိုးထောက်ပံ့ပေးထားနိုင်တာဖြစ်ပါတယ်။ ဆာလာနဲ့ ပတ်သက်ပြီး ဖာဒီနန်က ပြောရာမှာ ” ဆာလာရဲ့ ဂိုးတွေ သွင်းယူပြီး… Continue Reading →

သူ့ရဲ့ မန်နေဂျာဘဝ နှစ် ၂၀ အတွင်း အကောင်းဆုံး ပွဲ နှစ်ပွဲကို ထုတ်ပြောလာတဲ့ ယာဂင်ကလော့ပ်

လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်ရဲ့ မန်နေဂျာဘဝ နှစ်ပေါင်း ၂၀ အတွင်းမှာ သူ့အတွက် အမှတ်တရ ကိစ္စတွေကို အသင်းဖန်းဆိုဒ် TIA နဲ့ အင်တာဗျူးခဲ့ပါတယ်။ အဆိုပါထဲက မေးခွန်းတစ်ခုကို စတင် ဖော်ပြမှာဖြစ်ပါတယ်။ TIA – ယာဂင်ရေ..။ မင်းရဲ့ မန်နေဂျာဘဝ နှစ်ပေါင်း ၂၀ အတွင်းမှာ အခုချိန်ထိ အစိုင်အခဲဖြစ်နေပြီး မချေဖျက်နိုင်သေးတဲ့ ပွဲကောင်း တစ်ပွဲက ဘာပွဲဖြစ်မလဲ? Klopp – ဒီမေးခွန်းက လွယ်ပါတယ်။ ဘာစီလိုနာနဲ့ပွဲပေါ့။ ရိုးရိုးသားသား ပြောရမယ်ဆိုရင် အဲ့ပွဲကို အန်ဖီးကွင်းရဲ့… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!