Date

October 11, 2021

ထင်ထားသလို မဟုတ်ဘဲ ပီအက်စ်ဂျီမှာ မပျော်နိုင်ဘူးဖြစ်နေကြောင်း ဝန်ခံလာတဲ့ ဝိုက်နယ်ဒမ်

ဝိုက်နယ်ဒမ်ဟာ ပျော်ရွှင်ပြီး အောင်မြင်တဲ့ ၅ နှစ်တာ ကာလအပြီး ဇူလိုင်လမှာ လီဗာပူးကို စွန့်ခွာခဲ့ပြီး ပီအက်စ်ဂျီထံ ပြောင်းရွှေ့ခဲ့ပေမယ့် အဲ့ဒီ့မှာ ပွဲကစားချိန် ရဖို့ ရုန်းကန်ခဲ့ရတာပါ။ ဝိုက်နယ်ဒမ်ဟာ မာဆေးဆိုဒ်မှာ ရှိခဲ့စဉ်အတွင်း ယာဂင်ကလော့ပ်ရဲ့ အသင်းမှာ အရေးအကြီးဆုံး ကစားသမားတစ်ယောက်ဖြစ်ခဲ့ပြီး သူ့ထက် ပွဲပိုကစားခဲ့တဲ့သူဆိုလို့ ဂျိမ်းစ်မီနာနဲ့ ရောဘတ်တို ဖာမင်နိုတို့သာ ရှိပါတယ်။ ဒါပေမယ့် ကလပ်ဟာ အသက် ၃၀ အရွယ် ကစားသမား လိုချင်တဲ့ လုပ်ခမျိုး မပေးနိုင်ခြင်းနဲ့အတူ နွေရာသီမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခဲ့တာ… Continue Reading →

လီဗာပူးကထွက်ပြီး ပုံမှန်ပွဲကစားခွင့်ရမယ့် အသင်းထံ ပြောင်းဖို့ စဉ်းစားလာတဲ့ ချိန်ဘာလိန်

လီဗာပူးကွင်းလယ်လူ ချိန်ဘာလိန်က ကုန်ခဲ့တဲ့ ဘောလုံးရာသီမှာ ဒဏ်ရာတွေကြောင့် ပွဲကစားခွင့်တွေ ရုန်းကန်နေရတဲ့နောက် အင်္ဂလန်အသင်းမှာ နေရာပျောက်နေမှုကို ကုစားနိုင်ဖို့ အသင်းပြောင်းဖို့ စဉ်းစားလာနေတယ်လို့ အသံထွက်လာပါတယ်။ ၂၀၁၈ ခုနှစ်တုန်းက ရိုးမားနဲ့ ရင်ဆိုင်ကစားတဲ့ ချန်ပီယံလိဂ်ပွဲမှာ ဒူးဒဏ်ရာ ရရှိခဲ့တဲ့ ချိန်ဘာလိန်ဟာ အဲ့နောက်ပိုင်းမှာ သူ့ရဲ့ အကောင်းဆုံး ပုံစံတွေကို မြင်ရဖို့ ခက်ခဲလာတာပါ။ ဒဏ်ရာကို ခွဲစိတ်မှု ခံယူပြီးတဲ့နောက် ပြန်ကစားတဲ့ ဘောလုံးရာသီမှာ ပြိုင်ပွဲစုံ ၄၃ ပွဲထိ ကစားနိုင်ခဲ့ပြီး ၂၅ ပွဲက ပွဲထွက် လူစာရင်းကနေ… Continue Reading →

ဆာလာကို စံချိန်တင် လုပ်ခပေးရင် လီဗာပူး အဝတ်လဲခန်းက ပြဿနာဖြစ်မယ်ဆိုတဲ့ အမြင်တွေကို ဖောင်လာ ငြင်းဆန်

လီဗာပူးက မိုဆာလာ စာချုပ်သစ်ပေးဖို့ရာမှာ ကလပ်စံချိန်တင် လုပ်ခလစာအဖြစ် ဘယ်လောက်ပဲ များနေပါစေ အဝတ်လဲခန်းအတွင်း စည်းလုံးစေမှာဖြစ်တယ်လို့ ရော်ဘီဖောင်လာက ယုံကြည်နေပါတယ်။ ကစားသမားတွေအနေနဲ့ ဆာလာရဲ့ စံချိန်တင်လစာကို မြင်ပြီး သူတို့ရဲ့ လုပ်ခပမာဏအပေါ် အငြင်းပွားမှု ရှိလာနိုင်တယ်ဆိုတဲ့ ပြောဆိုမှုတွေကို ကလပ်တိုက်စစ်မှူးဟောင်းနဲ့ ဂန္တဝင်တစ်ယောက်လဲ ဖြစ်တဲ့ ဖောင်လာက ငြင်းပယ်ခဲ့ပြီး လက်ရှိ ကလပ်ကြယ်ပွင့် များစွာဟာ လစာကောင်းကောင်းရနေတာဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။ ကလပ်မှာ ဆာလာရဲ့ လက်ရှိစာချုပ်က ၂၀၂၃ မှာ သက်တမ်းကုန်မှာဖြစ်ပြီး တစ်ပတ်လုပ်ခ ပေါင် ၅ သိန်း… Continue Reading →

ချယ်ဆီး၊ မန်စီးတီးထက် လီဗာပူးကို ရွေးချယ်တာက ပိုကောင်းတဲ့ ရွေးချယ်မှုလို့ ဘယ်လင်ဟမ်ကို တိုက်တွန်း

လာမယ့်နွေမှာ ဒေါ့မွန်ကွင်းလယ်လူ ဘယ်လင်ဟမ် အနေနဲ့ အသင်းပြောင်းဖို့ စဉ်းစားတဲ့အခါ လီဗာပူးကို ဦးစားပေး ရွေးချယ်ဖို့ ပရီးမီးယားလိဂ် ခံစစ်သမားဟောင်း ဂလင်းဂျွန်ဆင်က တိုက်တွန်းလိုက်ပါတယ်။ ၂၀၂၀ မှာ ဘာမင်ဂမ်ကနေ ဒေါ့မွန်ကို ပြောင်းသွားခဲ့တဲ့ ဆယ်ကျော်သက် ကွင်းလယ်လူဟာ အနာဂတ်မှာ အင်္ဂလန်အသင်းရဲ့ အဓိက ကစားသမားဖြစ်လာမယ့်သူပါ။ သူ့အတွက် ပရီးမီးယားလိဂ်ကလပ်တွေဟာ ပြောင်းရွှေ့ကြေး ပေါင် သန်း ၈၀ လောက် ကုန်ကျနိုင်တာဖြစ်ပါတယ်။ အသက် ၁၈ နှစ်အရွယ် ကွင်းလယ်လူဟာ ဒေါ့မွန်မှာ ကစားတဲ့ ပြိုင်ပွဲစုံ ၅၇… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!