Date

October 13, 2021

အယ်လီးယော့ရဲ့ ရင့်ကျက်မှုကို ချီးကျူးပေမယ့် သူမကြိုက်တဲ့ ကိစ္စကိုလည်း သတိပေးသွားတဲ့ မီလ်နာ

လက်ထောက်အသင်းခေါင်းဆောင် ဂျိမ်းမီလ်နာက ဒဏ်ရာကနေ ပြန်လည် နိုးထနိုင်ဖို့ ကြိုးစားနေရတဲ့ အယ်လီးယော့ဟာ ကောင်းကောင်းကြီး လုပ်ဆောင်နေပါကြောင်း ထုတ်ပြောလာခဲ့ပါတယ်။ အယ်လီးယော့ဟာ သူ့ရဲ့ တိုးတက်မှု အခြေအနေတွေကို အင်စတာဂရမ်ကနေ မပြတ် ဖော်ပြနေတာပါ။ ဆယ်ကျော်သက်လေးဟာ အရွယ်နဲ့ မလိုက်တဲ့ စိတ်ဓါတ်ပိုင်းကြောင့် အမြန်ဆုံး တိုးတက်လာနေတယ်လို့ မီလ်နာက ချီးကျူးပေမယ့် လူမှုကွန်ယက်ကို အလွန်အကျွံ ပျော်မွေ့မှုကိုတော့ ဆင်ခြင်ဖို့ မီနာက သတိပေးခဲ့ပါတယ်။ လီဗာပူးဝဘ်ဆိုဒ်ဘက်က ” မီလ်နာရေး ခင်ဗျားက ဟာဗေး အယ်လီးယက်နဲ့ လေ့ကျင့်ရေးရုံမှာ အတူတူ ရှိခဲ့ပြီး… Continue Reading →

အက်သလက်တီကိုပွဲမှာ အယ်လီဆန်နဲ့ ဖာဘင်ညိုတို့ကို သုံးခွင့်ရဖို့ မျှော်လင့်နေတဲ့ လီဗာပူး

လီဗာပူးအသင်းရဲ့ ဘရာဇီးသား ကစားသမားတွေဖြစ်တဲ့ အယ်လီဆန်နဲ့ ဖာဘင်ညိုတို့ဟာ ဝတ်ဖိုဒ့်နဲ့ ယှဉ်ပြိုင်ကစားမယ့် ပရီးမီးယားလိဂ်ပွဲအား သေချာပေါက် လွဲချော်သွားမှာ ဖြစ်ပါတယ်။ ဘရာဇီးရဲ့ ကမ္ဘာဖလား ခြေစစ်ပွဲနဲ့ ဝတ်ဖိုဒ့်ပွဲကြားမှာ ပွဲချိန်ကွာခြားမှု ၃၅ နာရီပဲ ရှိတာကြောင့် ဘရာဇီးသား နှစ်ဦးဟာ ကလပ်ပွဲကို လွဲမှာဖြစ်တယ်။ အယ်လီဆန်နေရာမှာ ကလယ်ဟာ ပါဝင်ကစားနိုင်မယ်လို့ ယုံကြည်ရပြီး ဖာဘင်ညိုရဲ့ နံပါတ် ၆ နေရာအတွက်တော့ ဟန်ဒါဆန်က ပါဝင်ကစားသွားဖို့ ရှိနေပါတယ်။ လီဗာပူးအသင်းရဲ့ ပွဲစဉ်ကို နောက်ဆုတ်ပေးဖို့ ကလပ်ဘက်က တောင်းဆိုခဲ့ပေမယ့် ဝတ်ဖိုဒ့်ဘက်က… Continue Reading →

လီဗာပူးထံ ပြောင်းခွင့်ရခဲ့ခြင်းကို ကျေနပ်ပေမယ့် ဖြုန်းတီးမှုပဲ ဖြစ်ခဲ့တယ်လို့ အယ်ဘာတို ဖွင့်ပြောလာ

လာဇီယိုကွင်းလယ်လူ လူးဝစ် အယ်ဘာတိုက လီဗာပူးအသင်းကို ပြောင်းခွင့်ရခြင်းဟာ ကံကောင်းခြင်းလို့ ယူဆခဲ့ပေမယ့်လည်း ကောင်းမွန်တဲ့ ပြောင်းရွှေ့ခြင်း မဟုတ်ခဲ့ကြောင်း ဝန်ခံလိုက်ပါတယ်။ ၂၀၁၃ ခုနှစ် နွေမှာ ဆီးဗီးလာ ကွင်းလယ်လူ လူးဝစ် အယ်ဘာတိုဟာ လီဗာပူးအသင်းထံ အပြီးသတ် ပြောင်းရွှေ့လာခဲ့တယ်။ ဒါပေမယ့်လို့ တစ်ရာသီပဲ ရှိခဲ့ပြီး နောက်ထပ် ၂ ရာသီမှာ စပိန်ကလပ်တွေထံ အငှားထွက်ကစားခြင်းနဲ့ပဲ အချိန်ကုန်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ သူဟာ စီးရီးအေကလပ် လာဇီယိုကို နည်းပါးတဲ့ ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာသွားခဲ့တာ ဖြစ်ပါတယ်။ မန်နေဂျာရော်ဂျာရဲ့ အသင်းမှာ… Continue Reading →

မန်နေဂျာလိုအပ်ချိန် အဆင်သင့်ဖြစ်နေဖို့ ကြံ့ခိုင်မှုပိုင်းကို အာရုံစိုက် ကြိုးစားနေတယ်ဆိုတဲ့ ကိုစတက်

AXA လေ့ကျင့်ရေးစင်တာ လေ့ကျင့်ရေးတစ်ခု လုပ်ဆောင်အပြီး လီဗာပူးဝဘ်ဆိုဒ်နဲ့ အင်တာဗျူး လုပ်ရချိန်မှာ ဆီမီကက်စ်က မေးခွန်းတွေ ဖြေကြားပေးခဲ့သလို သူ့ရဲ့ စကားပြောဆိုမှုမှာ တက်ကြွနေတာကို မြင်တွေ့ရပါတယ်။ ပွဲဦးထွက် နှစ်အတွင်း သူကြုံတွေ့ခဲ့ရတဲ့ စိန်ခေါ်မှုတွေနဲ့ ယှဉ်ရင် ယခု ၂၀၂၁-၂၂ ရာသီကို အလားအလာကောင်းတဲ့ ပုံစံတွေနဲ့ စတင်ခဲ့တာက သံသယဖြစ်စရာမရှိပါဘူး။ ကိုဗစ် ကူးစက်မှု၊ ဒဏ်ရာပြဿနာနဲ့ ဗဟိုခံစစ်မှာ လီဗာပူးရဲ့ ဒဏ်ရာ ကံမကောင်းမှုတွေကြောင့် ယာဂန်ကလော့ပ်ရဲ့ တောင်ပံနေရာတွေမှာ တည်ငြိမ်မှုလိုအပ်တာက မနှစ်က ၇ ပွဲပဲ ကစားခဲ့ရတဲ့… Continue Reading →

ဒဏ်ရာကြောင့် ပေါ်တူဂီအသင်းကနေ လီဗာပူးကို ပြန်ပို့ခံခဲ့ရပြီဖြစ်တဲ့ တိုက်စစ်မှူး ဂျိုတာ

တိုက်စစ်မှူးဂျိုတာဟာ သူ့ရဲ့ ဒဏ်ရာကြောင့် ပေါ်တူဂီ လက်ရွေးစင်အသင်းကနေ လီဗာပူးအသင်းထံ ပြန်ပို့ခံခဲ့ရပြီလို့ The Athletic က ဖော်ပြသွားပါတယ်။ ဒီကနေ့မနက်မှာ ပေါ်တူဂီအသင်းက လုဇင်ဘတ်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ပြီး ဂျိုတာက အရန်စာရင်းမှာတောင် မပါနိုင်ခဲ့တာဖြစ်ယတ်။ ဒါကြောင့် ဒီအပတ် ဝတ်ဖိုဒ့်နဲ့ ကစားရမယ့်ပွဲမှာ ဂျိုတာ ပါဝင်ကစားနိုင်ဖို့က မသေချာတော့ဘဲ အနားပေးခံရဖွယ် ရှိနေခဲ့ပြီဖြစ်တယ်။ နိုင်ငံတကာ သီတင်းပတ်မှာ ဂျိုတာဟာ ပေါ်တူဂီအသင်းနဲ့ ပူးပေါင်းခဲ့ပေမယ့် အသင်းလိုက် လေ့ကျင့်ရေးတွေမှာ ပါဝင်နိုင်ခြင်း မရှိသလို ပွဲကစားခွင့်လည်း မိနစ်ပိုင်းမျှတောင် မရခဲ့ပါဘူး။ ကလော့ပ်ကလည်း… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!