Date

October 14, 2021

လက်ရွေးစင် အသင်းဖော်နဲ့ ကလပ်ကြားမှာ အေးဂျင့်လုပ်ပေးနေတဲ့ ဖာဘင်ညို

လီဗာပူးရဲ့ ကာလရှည်ပစ်မှတ် ဖြစ်သလို ၎င်းရဲ့ ဘရာဇီးအသင်းဖော်၊ လိဒ်စ်တောင်ပံကစားသမား ရာဖင်ဟာကို ကလပ်က နွေတုန်းက ခေါ်ယူလိမ့်မယ်လို့ မျှော်လင့်ခဲ့ကြောင်း ဖာဘင်ညိုက ဝန်ခံခဲ့ပါတယ်။ သူတို့နှစ်ယောက်ဟာ နိုင်ငံတကာအဆင့်မှာ အတူတွဲကစားပြီး ရင်းနှီးခဲ့ကြပေမယ့် ဖာဘင်ညိုက ကလပ်အဆင့်မှာလည်း ရာဖင်ဟာနဲ့အတူ တွဲကစားခွင့်ရဖို့ မျှော်လင်ခဲ့တာပါ။ ဒီလအစောပိုင်းက ဗင်နီဇွဲလားကို ၃-၁ နဲ့ နိုင်ခဲ့တဲ့ပွဲမှာ ဖန်တီးမှု ၂ ကြိမ်နဲ့အတူ ဘရာဇီးအတွက် ပွဲဦးထွက်ပေးခဲ့ပြီး သောကြာနေ့ ဥရုဂွေးနဲ့ပွဲမှာလည်း ဖာဘင်ညိုနဲ့အတူ ပွဲထွက်ခွင့်ရမယ့် အသက် ၂၄ နှစ်အရွယ် ရာဖင်ဟာအပေါ်… Continue Reading →

လီဗာပူးနဲ့ အင်တာဗျူးတွေပြီးလို့ ကလော့ပ်ထံက ဘယ်လိုစကား ကြားခဲ့ရလဲ ဖယ်ကီရာ ပြောပြလာ

ပြင်သစ်ကွင်းလယ်လူ ဖယ်ကီရာက လီဗာပူးနဲ့ အပြောင်းအရွှေ့ မပျက်ခင်မှာ ကလော့ပ်နဲ့ တွေ့ဆုံမှုလုပ်ခဲ့ပြီး ဂျာမာန်မန်နေဂျာကြီးက ဘာပြောခဲ့လဲဆိုတာကို ဖွင့်ဟလာခဲ့ပါတယ်။ ပြင်သစ်ကွင်းလယ်လူ ဖယ်ကီရာက ၂၀၁၈ ခုနှစ် နွေတုန်းက လီဗာပူး ဂျာစီအနီရောင် ဝတ် ဓာတ်ပုံရိုက်ခံခဲ့ပြီး အပြောင်းအရွှေ့ ပြီးစီးလု ဖြစ်မှ ပျက်ပြယ်ခဲ့တာပါ။ စက်တင်ဘာတုန်းကပဲ ဒီအကြောင်းကို သူ ပြောခဲ့သေးပေမယ့်လို့ ပြင်သစ် သတင်းဌာနနဲ့ အင်တာဗျူးမှာတော့ နောက်တစ်ကြိမ် ထပ်ပြောလာခဲ့တာဖြစ်တယ်။ ဖယ်ကီရာက “ အားလုံးက ပြီးစီးဖို့ နီးစပ်နေခဲ့တာပေါ့။ အင်တာဗျူးတွေ အားလုံးလည်း လုပ်ပေးပြီးပြီ။… Continue Reading →

ဘယ်လာမီကို ဂျရတ်က ‘မင်း ေ-ာက်ပါးစပ် ပိတ်ထား’လို့ သတိပေးခဲ့ရကြောင်း ဒေါင်းနင်း ပြောပြ

လီဗာပူးကစားသမားဟောင်း ဘယ်လာမီက သူ့ကို ပွဲကစားခွင့် မပေးခြင်းအတွက် နည်းပြ ကန်နီ ဒဲလ်ဂလစ်ကို ဝေဖန်နေခဲ့လို့ စတီဗင် ဂျရတ်က အဝတ်လဲခန်းအတွင်း ဒေါသတကြီး လာဟောက်ခဲ့ရတဲ့ ဖြစ်ရပ်ကို စတီးဝပ် ဒေါင်းနင်းက Under the Cosh ဆိုတဲ့ အစီအစဉ်ကနေ ဖွင့်ဟလာခဲ့ပါတယ်။ ဘယ်လာမီဟာ အချိန်အတော်ကြာ အရန်ခုံ ထိုင်ခဲ့ရတဲ့ ပွဲတစ်ပွဲအပြီး စိတ်ပျက်နေခဲ့တဲ့အကြောင်းကို ဒေါင်းနင်းက ပြန်လည်ပြောပြခဲ့တာပါ။ စိတ်ဆတ်တဲ့ ကစားသမားအဖြစ် နာမည်ကြီးလှတဲ့ ဘယ်လာမီရဲ့ မန်နေဂျာကို တုန့်ပြန်နေမှုကို လီဗာပူး အသင်းခေါင်းဆောင်ဟောင်း စတီဗင်ဂျရတ်က… Continue Reading →

အသင်းသားတွေကို ဘယ်တော့မှ မချီးကျူးတတ်တဲ့ မန်နေဂျာကြီး ရာဖာအကြောင်းကို ကာရေဂါ ပြောပြ

ကာရေဂါဟာ လီဗာပူးနဲ့ ပတ်သက်လို့ မတူညီတဲ့ အကြောင်းအရာများစွာကို ဖွင့်ဟခဲ့ရာမှာ သူ့ရဲ့ လီဗာပူးကစားသမားဘဝ မန်နေဂျာနှစ်ဦးအကြောင်းလည်း ပါဝင်ခဲ့ပါတယ်။ ကာရေဂါ၊ ဖောင်လာ၊ အိုဝင်၊ ဂျရတ် အစရှိတဲ့ လီဗာပူးဖွား အကယ်ဒမီထွက် ကစားသမားတွေဟာ ဟူလီယာနဲ့ ဘင်နီတက်ဇ် နှစ်ဦး ကိုင်တွယ်ချိန်မှာ ကစားသမားဘဝ အပြောင်းအလဲကြီးတွေ ဖြစ်ခဲ့သူတွေပါ။ အိုဝင်က ဘင်နီတက်ဇ် လက်ထက်မှာ အဝေးကို လွှင့်ပါးသွားသူဖြစ်ပြီး ဂျရတ်နဲ့ ကာရေဂါကတော့ ၂၀၀၅ အစ္စတန်ဘူလ်ညကို ပိုင်ဆိုင်ခဲ့တာဖြစ်တယ်။ သူ မြင်ခဲ့ဖူးသမျှ အကောင်းဆုံး နည်းပြဟောင်းတွေဖြစ်တဲ့ ရာဖေး… Continue Reading →

ဝတ်ဖိုဒ့်ပွဲအတွက် ထရန့်၊ ဂျိုတာ၊ သီယာဂိုတို့ရဲ့ ကြံ့ခိုင်မှု အခြေအနေကို ကလော့ပ် ပြောပြ

ဝတ်ဖိုဒ့်ပွဲကြို လီဗာပူးအသင်းသားတွေရဲ့ ကြံ့ခိုင်မှု အခြေအနေနဲ့ ပတ်သက်လို့ မန်နေဂျာကလော့ပ်က အသင်းဝဘ်ဆိုဒ်ကနေ ဖြေဆိုပေးမှု လုပ်သွားခဲ့ပါတယ်။ ပေါ်တို၊ မန်စီးတီးပွဲတွေကို လွဲချော်ထားတဲ့ ညာအစွန်လူ ထရန့် ဒီအပတ်ပွဲမှာ ပြန်ပါနိုင်မှာဖြစ်ပြီး ကြွက်သား ဒဏ်ရာကြောင့် လက်ရွေးစင်ပွဲတွေမှာ မပါနိုင်ဖြစ်နေတဲ့ ဂျိုတာကလည်း ဝတ်ဖိုဒ့်ပွဲအတွက် အဆင်သင့် ဖြစ်နေမှာပါ။ မနက်ဖြန်မှာ အသင်းလိုက် လေ့ကျင့်ရေး ပြန်လည် စတင်မှာဖြစ်ပြီး သူတို့ နှစ်ဦးက ပုံမှန်အတိုင်း ပါဝင်သွားနိုင်ဖို့ ရှိနေတာဖြစ်တယ်။ ဒါပေမယ့်လို့ စပိန်လက်ရွေးစင် သီယာဂိုကတော့ ပြန်ကစားနိုင်ဦးမှာ မဟုတ်ဘဲ ကြားရက်… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!