Date

October 15, 2021

တိုက်စစ်ပိုင်း မဟုတ်ဘဲ သူကစားနိုင်တဲ့ အခြားနေရာကို ပြောပြသွားတဲ့ ဂျိုတာ

ဒီယိုဂို ဂျိုတာဟာ ဒီရာသီ ကလပ်မှာ ဆုဖလားအောင်မြင်မှုကို မျှော်မှန်းထားသလို လီဗာပူးနဲ့အတူ ပွဲဦးထွက် ရာသီတုန်းကထက် ပိုကောင်းအောင်လုပ်ပြဖို့ ရည်မှန်းထားပါတယ်။ ပေါ်တူဂီ တိုက်စစ်ကစားသမားဟာ မနှစ်က စက်တင်ဘာမှာ ဝုဗ်ကနေ အန်ဖီးကို ပြောင်းရွှေ့လာခဲ့ပြီး ၂၀၂၀-၂၁ ရာသီမှာ လီဗာပူးအတွက် ပွဲ ၃၀ မှာ ၁၃ ဂိုး သွင်းယူပေးခဲ့တာပါ။ သူ့အနေနဲ့ ဒီဇင်ဘာလမှာ သုံးလကြာ အနားယူလိုက်ရတဲ့ ဒဏ်ရာသာ မရခဲ့ရင် သူ့ရဲ့ ပွဲကစားခွင့်နဲ့ သွင်းဂိုးအရေအတွက်တွေက အဲ့ဒီ့ထက် အတော်လေး ပိုများပြားသွားခဲ့မှာပါ။ အနီရောင်… Continue Reading →

လီဗာပူးမှာ သူချန်ထားမယ့် အမွေအတွက် အဝတ်လဲခန်းကနေ ကြိုးစားပေးနေတဲ့ မီလ်နာ

လီဗာပူးဝါရင့် ကစားသမားကြီး ဂျိမ်းမီလ်နာက ကလပ် ကြယ်ပွင့်လေးတွေ အနာဂတ်ခရီး ကောင်းမွန်စွာ တောက်ပလာဖို့အတွက် အဝတ်လဲခန်းထဲကနေ ဦးဆောင် လမ်းပြပေးနေကြောင်း အသင်းဝဘ်ဆိုဒ်ကနေ ထုတ်ပြောလာပါတယ်။ ဒီရာသီ လီဗာပူးစီနီယာအသင်းမှာတော့ ကာတစ်ဂျုံး၊ ဟာဗေးအယ်လီးယော့၊ ကလယ်ဟာ၊ နီကိုး အစရှိတဲ့ လူငယ် ကစားသမားတွေက ထဲထဲဝင်ဝင် လေ့ကျင့်နေကြပြီဖြစ်ပါတယ်။ သူတို့ ရင်ဆိုင်ရမယ့် ဖိအားတွေကို ပုခုံးထမ်းကူပေးဖို့ကို မီလ်နာတို့လို စီနီယာတွေက ကြိုးစားနေသလို ကောင်းတာတွေ လုပ်နေချိန်မှာလည်း သူတို့လေးတွေ လုပ်နေတာက မှန်တယ်ဆိုတာကို ပြောပြဖို့ အဆင်သင့် ရှိနေတဲ့အကြောင်း မီလ်နာက… Continue Reading →

ဝတ်ဖိုဒ့် V လီဗာပူးပွဲအတွက် ဘီဘီစီမှ လော်ရိုးရဲ့ သုံးသပ်ချက်နဲ့ ခန့်မှန်းရလဒ်

ဒီတစ်ပတ် ပရီးမီးယားလိဂ်မှာ လီဗာပူးအသင်းဟာ အဝေးကွင်းပွဲအဖြစ် ဝတ်ဖိုဒ့်အသင်းထံသွားပြီး ယှဉ်ပြိုင်ကစားရမှာပါ။ ဘီဘီစီ သတင်းဌာနမှ ပင်တိုင် သုံးသပ်သူ လော်ရိုးကတော့ လီဗာပူးနဲ့ ဝတ်ဖိုဒ့်တို့ ပွဲ အတွက် အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။ ဝတ်ဖို့ဒ် Vs လီဗာပူ ပရီးမီးယားလိဂ် ပွဲစဉ် (၈) အောက်တိုဘာလ ၁၆ ရက်၊ စနေနေ့။ မြန်မာစံတော်ချိန် ညနေ ၆ နာရီ။ လော်ရိုးရဲ့ သုံးသပ်ချက်။ ။ ကလော်ဒီယို ရေနီရာရီရေ ပရီးမီးယားလိဂ်က ပြန်ကြိုဆိုလိုက်ပါတယ်။ လက်စတာ… Continue Reading →

လီဗာပူးက ရာဖင်ဟာအတွက် ချဉ်းကပ်မှုတွေ လုပ်ခဲ့ကြောင်း အေးဂျင့်ဖြစ်သူ ထုတ်ပြောလာ

လိဒ်ယူနိုက်တက် တောင်ပံသမား ရာဖင်ဟာက လီဗာပူးကို အထင်ကြီးရင်းစွဲ ရှိနေချိန်မှာ ကစားသမားရဲ့ အေးဂျင့်ဖြစ်သူ ဘာစီလိုနာနဲ့ ချယ်ဆီးကစားသမားဟောင်း ဒေကိုက ကစားသမားအတွက် မာဆေးဆိုဒ်ဘက်က ချဉ်းကပ်မှုတွေ ရှိခဲ့ကြောင်း ထုတ်ပြောလာပါတယ်။ ၂၀၂၀ မှာ ပြင်သစ်ကလပ်ကနေ ပရီးမီးယားလိဂ်ကို ပြောင်းလာခဲ့တဲ့ တိုက်စစ်သမားဟာ အသက် ၂၄ နှစ်အရွယ်ပဲ ရှိနေသေးသူဖြစ်တယ်။ သူဟာ လက်တလောမှာ လိဒ်ယူနိုက်တက်နဲ့ ခြေစွမ်းပြပြီး ကမ္ဘာဖလား ပြိုင်ပွဲဝင် ဘရာဇီးအတွက် ပါဝင်ခွင့်ရဖို့ မျှော်လင့်နေသူ ဖြစ်ပါတယ်။ ကစားသမားရဲ့ အေးဂျင့်ဖြစ်သူ ဒေကိုက ပြောရာမှာ… Continue Reading →

လီဗာပူးကို မန်နေဂျာအဖြစ် ပြန်သွားဖို့ အချိန်မကျသေးကြောင်း အလွန်ဆို ပြောလာ

လီဗာပူးစတားဟောင်း ဇာဗီအလွန်ဆိုက အန်ဖီးမှာ ယာဂင်ကလော့ပ်ရဲ့ ဆက်ခံသူအဖြစ် မျှော်လင့်နေသလား မေးခွန်းအတွက် တုန့်ပြန်မှု လုပ်ပေးသွားပါတယ်။ ၂၀၀၄ ကနေ ၂၀၀၉ ကြားကာလမှာ လီဗာပူးအတွက် ပွဲပေါင်း ၂၁၀ ကစားပေးခဲ့တဲ့ အလွန်ဆိုဟာ ဆိုစီဒက် ဘီ အသင်းကို ကိုင်တွယ်နေသူဖြစ်တယ်။ မနှစ်တုန်းက ဘွန်ဒက်လီဂါကလပ် မိုချန်ဂလာဘတ်ကို ကိုင်တွယ်မယ်လို့ သတင်းကြီးခဲ့ပေမယ့် သူကတော့ ဆိုစီဒက်မှာပဲ ဆက်လက် သင်ယူနေဆဲ ဖြစ်ပါတယ်။ နာမည်ကြီး သတင်းဌာနက CNN နဲ့ ပြုလုပ်တဲ့ အင်တာဗျူးမှာပဲ အလွန်ဆိုက မန်နေဂျာတစ်ယောက်အဖြစ်… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!