Date

October 17, 2021

ပရီးမီးယားလိဂ် မှတ်တမ်းကောင်း ရခဲ့ခြင်းအတွက် ဂုဏ်ယူနေတဲ့ မာနေး

ဆာဒီယို မာနေးဟာ ပရီးမီးယားလိဂ် ဂိုး ၁၀၀ ပြည့်မှတ်တိုင်ကို စိုက်ထူနိုင်ခဲ့တဲ့အတွက် သူ့ရဲ့ ဂုဏ်ယူမှုကို ပြောပြခဲ့ပြီး နောက်ထပ် ပိုမြင့်မားတဲ့ မှတ်တမ်းတွေ ရရှိဖို့ ပစ်မှတ်ထားနေပါကြောင်း အသင်းဝဘ်ဆိုဒ်ကနေ ပရိသတ်တွေကို အသိပေးခဲ့ပါတယ်။ ဆီနီဂေါ တိုက်စစ်သမားဟာ မနေ့က ဝက်ဖို့ဒ်ကို ၅ ဂိုးပြတ် နိုင်ခဲ့တဲ့ ပွဲအတွင်း လီဗာပူးရဲ့ အဖွင့်ဂိုးကို သွင်းယူပေးခဲ့တဲ့နောက် အင်္ဂလန်ထိပ်သီးလိဂ်မှာ ဂိုး ရာပြည့်ခဲ့တာပါ။ မာနေးဟာ ပရီးမီးယားလိဂ်မှာ ဂိုး ၁၀၀ သွင်းယူနိုင်တဲ့ ဒရော့ဘာ (၁၀၄ ဂိုး)၊… Continue Reading →

ကလော့ပ်က ဆာလာရဲ့ စာချုပ်အတွက် လီဗာပူးပိုင်ရှင်တွေကို သတိပေးလိုက်တာလား

ဝက်ဖို့ဒ်နဲ့ပွဲက အံ့အားသင့်ဖွယ် ဂိုးတစ်ဂိုး သွင်းယူခဲ့တဲ့နောက် ကလော့ပ်က ဆာလာဟာ လက်ရှိရဲ့ ကမ္ဘာအကောင်းဆုံး ကစားသမားအဖြစ် မှတ်ချက်ပေးခဲ့ပြီး သူ့ကစားသမားရဲ့ တန်ဖိုးကို မြှင့်တင်ပေးခဲ့ပါတယ်။ လီဗာပူး မန်နေဂျာက အီဂျစ်ကြယ်ပွင့်ဆီကနေ နောက်ထပ်အများကြီး ပိုမိုမြင်တွေ့ရဖို့ ရှိသေးတယ်လို့လည်း ဆိုပါတယ်။ ဒီချီးကျူးမှုဟာ ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ ပရီးမီးယားလိဂ်မှာ ဆာလာအတွက် ဖိအားများစေနိုင်ပေမယ့် ပိုမို အရေးကြီးနေတဲ့ ကစားသမားရဲ့ စာချုပ်ကိစ္စအတွက် အသင်းပိုင်ရှင်တွေထံ သူပေးလိုတဲ့ မက်ဆေ့လို့လည်း နားလည်နိုင်ပါသေးတယ်။ ဆာလာဟာ ဒီပွဲမှာ ဟက်ထရစ် ရရှိခဲ့တဲ့ ဖာမင်နိုဆီက ပေးပို့မှု… Continue Reading →

ဆာလာနဲ့ ရော်နယ်ဒင်ဟိုကြား တူညီတဲ့ အပိုင်းကို ကောက်နုတ် ချီးကျူးသွားတဲ့ ဂျိုးကိုလ်း

ဒီရာသီ လီဗာပူးအတွက် ၁၀ ပွဲကစား ၁၀ ဂိုး သွင်းယူပေးထားနိုင်တဲ့နောက် ဆာလာကို ကမ္ဘာအကောင်းဆုံး ကစားသမားအဖြစ် ယာဂင်ကလော့ပ်က ကင်ပွန်းတပ်ခဲ့ပါတယ်။ ဆာလာကို ‘အခုလက်ရှိ ကမ္ဘာ့အကောင်းဆုံး ကစားသမား’ လို့ ကလော့ပ်ရဲ့ တင်စားမှုဟာ အင်္ဂလန်ရုပ်သံတွေမှာ ဘောလုံးကလောင်ရှင်တွေကြား ဆွေးနွေးစရာတွေ ဖြစ်လာခဲ့တယ်။ လီဗာပူးကစားသမားဟောင်း စတိဗ်မက်မန်နာမန်းက ဆာလာရဲ့ လက်ရှိခြေစွမ်းတွေအရ သူဟာ အမ်ဘာပေ၊ နေမာ၊ လီဝန်ဒေါစကီးနဲ့ တခြားသူတွေထက် ပိုမြင့်တဲ့အဆင့်မှာ ရှိနေတယ်လို့ ထောက်ခံခဲ့ပါတယ်။ “ အခု လက်ရှိ ဆာလာက ကမ္ဘာ့အကောင်းဆုံး… Continue Reading →

ဂိုးမြူးတဲ့ ဘော်ဘီ၊ ကမ္ဘာအဆင့် ဆာလာ၊ ဒီတစ်ကြိမ် တီကိုနဲ့ ဝက်ဖိုဒ့်ပွဲအပြီး ပြောစရာ ကိစ္စ (၅) ခု

ဝက်ဖိုဒ့်နဲ့ပွဲမှာ တိုက်စစ်သမားတွေ တောက်ပခြင်းနဲ့အတူ လီဗာပူးပရိသတ်တွေ မြင်တွေ့ခဲ့ရတဲ့ ကိစ္စ (၅) ရပ်ကို ကောက်နုတ် ဖော်ပြမှာ ဖြစ်ပါတယ်။ ဂိုးပြန်မြူးခဲ့တဲ့ ဘော်ဘီ ဘော်ဘီကို ဘောလုံးပေးလိုက်ရင် သူ ဂိုးသွင်းပြပါလိမ့်မယ်ဆိုတဲ့ သံစဉ်အတိုင်းပါပဲ။ ဘော်ဘီက ဒီရာသီမှာ ဂိုးတွေ သွင်းမှာပါ။ မနှစ်က ရာသီထက်တောင် ပိုများမှာပါ။ သူဟာ မနှစ်က ၄၈ ပွဲမှာ ၉ ဂိုး သွင်းယူခဲ့ပေမယ့် ဒီရာသီ ၇ ပွဲမှာ ၆ ဂိုး ရထားပြီး ဖြစ်ပါတယ်။ ဒီနှုန်းအတိုင်းဆိုရင်… Continue Reading →

မန်စီးတီးနဲ့ပွဲ သွင်းဂိုးနဲ့ ဝက်ဖိုဒ့်ပွဲ သွင်းဂိုး ဘယ်ဂိုးက ပိုကောင်းလဲ ရွေးချယ်ပေးတဲ့ ဆာလာ

လီဗာပူးတိုက်စစ်မှူး ဆာလာက ဝက်ဖိုဒ့်နဲ့ပွဲမှာ သူသွင်းယူခဲ့တဲ့ သွင်းဂိုးနဲ့ မန်စီးတီးပွဲမှာ သွင်းယူခဲ့တဲ့ သွင်းဂိုး ဘယ်ဂိုးက ပိုကောင်းလဲကို ရွေးချယ်ပေးခဲ့ပါတယ်။ လီဗာပူးက ၅-၀ ဖြင့် အနိုင်ရတဲ့ပွဲမှာ ဆာလာက သွင်းဂိုး တစ်ဂိုး သွင်းယူခဲ့ပြီး ဝက်ဖိုဒ့် အသင်းသား များစွာကို လှည့်ဖျားကာ ဧရိယာထဲမှာ အပြင်းကန်သွင်းခဲ့တာဖြစ်တယ်။ သူ့ရဲ့ သွင်းဂိုးကြောင့် လီဗာပူးဟာ အမှတ်ပေးဇယား ထိပ်ပိုင်းမှာ ဆက်လက် စိန်ခေါ်နေဆဲ ဖြစ်ပါတယ်။ ဆာလာကပဲ ” ကျနော်တို့ မန်စီးတီးနဲ့ ပွဲမှာတုန်းက ပွဲအစ တာထွက်… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!