Month

July 2022

ကွန်မြူနတီဒိုင်းရဲ့ အရေးပါမှုအပေါ် ပျက်လုံးလှလှနဲ့ စနောက်ခဲ့တဲ့ ယာဂင်ကလော့ပ်

လာမယ့်စနေနေ့မှာ လီဗာပူးအသင်းဟာ မန်စီးတီးအသင်းနဲ့ ကွန်မြူနတီဒိုင်းပွဲကို ကင်းပါဝါကွင်းမှာ ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။ လက်ရှိအချိန်ထိ လီဗာပူးအသင်းကော မန်စီးတီးအသင်းပါ ရာသီကြို ပြင်ဆင်မှုကို ခပ်သွက်သွက် သွားနေဆဲပါ။ လီဗာပူးအသင်းသားတွေဟာ အခုချိန်ထိ မိနစ် ၉၀ အပြည့် မကစားရသေးပါဘူး။ မန်စီးတီးပွဲပြီးရင်တော့ အန်ဖီးမှာ ယှဉ်ပြိုင်မယ့် ခြေစမ်းပွဲ တစ်ပွဲပဲ ရှိတော့တာမို့ ကွန်မြူနတီဒိုင်းပွဲမှာ တတ်နိုင်သလောက် အဓိက ကစားသမားတွေကို ပွဲထွက်ခွင့်ပေးရေး နည်းပြကြီးက စီစဉ်ပေးနိုင်ပါတယ်။ ကလောပ့်က ” အခြေအနေတွေအရ အတော်လေး အရေးကြီးတဲ့ ပွဲစဉ်ပါပဲ။ ဒါပေမယ့် အခြေအနေဆိုတာက… Continue Reading →

ဖာမင်နိုရဲ့ အပြောင်းအရွှေ့ သတင်းတွေကို စကားလုံး လှလှတွေနဲ့ ကာဆီးလိုက်တဲ့ ကလော့ပ်

ဇန်နဝါရီမှာ ဒီယက်စ် ရောက်လာခဲ့သလို ဒီနွေမှာ နူးညက်စ် ရောက်လာခဲ့တာကြောင့် ဖာမင်နိုရဲ့ ပွဲကစားခွင့်ဟာ အတော်လေး မေးခွန်းထုတ်ခံလာရပါတယ်။ ဖာမင်နိုဟာ လီဗာပူးနဲ့ စာချုပ် ၁ နှစ်ပဲ ကျန်တော့တာဖြစ်ကာ ဇန်နဝါရီမှာ အင်္ဂလန်ပြင်ပ ကလပ်တွေနဲ့ အလွတ်သဘော ဆွေးနွေးခွင့်ရတော့မှာပါ။ ဒါ့အပြင် ဒီနွေမှာတင်ပဲ ဂျူဗင်တပ်က ဘရာဇီးတိုက်စစ်မှူးကို ပေါင် သန်း ၂၀ နဲ့ ကမ်းလှမ်းလိုတယ်လို့ သတင်းထွက်နေခဲ့ပါတယ်။ စနေ့နေ့မှာ ယှဉ်ပြိုင်ရမယ့် ကွန်မြူနတီဒိုင်း ပွဲကြိုမှာပဲ ကလော့ပ်က ဖာမင်နိုဟာ လီဗာပူးအသင်းရဲ့ အရေးပါတဲ့ အသင်းသားဖြစ်နေဆဲပါလို့… Continue Reading →

စနေနေ့ မန်စီးတီးနဲ့ ကွန်မြူနတီဒိုင်းကို လွဲသွားမယ့် လီဗာပူးအသင်းသား (၅) ဦး

လီဗာပူး စီနီယာအသင်းမှ ဒဏ်ရာရ ကစားသမားတွေရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး အသင်းဘက်က သတင်းထုတ်ပြန်ပေးလာခဲ့ပါတယ်။ Alisson Becker လီဗာပူးရဲ့ နံပါတ် ၁ ဂိုးသမားဖြစ်သူ အယ်လီဆန်ဟာ ဝမ်းဗိုက်ဒဏ်ရာကနေ ပြန်သက်သာလာဖို့ ကြိုးစားနေပါတယ်။ သူက လေ့ကျင့်ရေးမှာ ပါဝင်နေပြီး ပြန်ကစားဖို့လည်း နီးနေပါပြီ။ ဒါပေမယ့်လို့ ကွန်မြူနတီဒိုင်းပွဲမှာ ထုတ်သုံးဖို့ လောနေဦးမှာ မဟုတ်ပါဘူး။ “ ဒီနေ့ သူလေ့ကျင့်ရေးဆင်းပါတယ်။ မနေ့ကထက်တော့ ပိုပါလာပါပြီ။ ဖူလ်ဟမ်နဲ့ ပရီးမီးယားလိဂ်ပွဲမှာ ပါဝင်နိုင်ပါလိမ့်မယ်။ ဒါပေမယ့် ကွန်မြူနတီဒိုင်းပွဲမှာတော့ မပါနိုင်သေးပါဘူး ”… Continue Reading →

သြစတြီးယား ရာသီကြိုမှာ လီဗာပူးပရိသတ်တွေရဲ့ ချစ်ခင်ခြင်းတွေ သိမ်းပိုက်သွားတဲ့ ဘာ့ဆဲတစ်

ဂျာမနီနဲ့ သြစတြီးယားတွေမှာ လိုက်ဇစ်၊ ဆဲလ်ဘတ်တွေနဲ့ ယှဉ်ပြိုင်အပြီး မိနစ် ၉၀ စာ ကစားခွင့်ရခဲ့တဲ့ ကွင်းလယ်လူ ဘာ့ဆဲတစ်ဟာ လီဗာပူးပရိသတ်တွေရဲ့ အာရုံစိုက်ခြင်းကို သိမ်းကြုံးရယူသွားပါတယ်။ ရာသီကြိုမှာ ဘယ်လိုကြယ်ပွင့်ရမလဲဆိုတာကို လီဗာပူးပရိသတ်တွေ စောင့်မျှော်လေ့ရှိတာ ဒီနွေတစ်ခုတည်းမှ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ ဘောလုံးရာသီတွေတုန်းက ဝုဒ်ဘမ်း၊ ဘရူးစတားတို့အပြင် ကိုမတ်တီယို၊ ဂေါ်ဒန် စသဖြင့် လူငယ်လေးတွေအပေါ် လီဗာပူးပရိသတ်တွေ မျှော်လင့်ခဲ့ကြပါတယ်။ ဒဏ်ရာပြဿနာတွေ၊ ခြေစွမ်းမတည်ငြိမ်တာတွေကြောင့် များစွာသော လူငယ်တွေဟာ သူတို့ရဲ့ အခွင့်အရေးကို မဖမ်းဆုပ်နိုင်ခဲ့ပေမယ့် ဘာ့ဆဲတစ်ကတော့ ခြားနားခဲ့ပါတယ်။ အသက်… Continue Reading →

ဖွင့်တိုက်ချင်လို့ပဲ မရဘူး၊ အဝေးမှာချည်း ဖြန့်ကစားနေလို့ မရဘူးလို့ နည်းစနစ်ပိုင်းအရ ရှင်းပြခဲ့တဲ့ ယာဂင်

ဆဲလ်ဘတ်နဲ့ပွဲမှာ လူငယ်အတွဲတွေကို တွဲဘက်မှုအား အဓိက ပြုလုပ်ခဲ့ပေမယ့် ကောင်လေးတွေ အမှားများလွန်းတယ်လို့ နည်းပြကလော့ပ်က ဝန်ခံပါတယ်။ ၄-၃-၃ ပုံစံမှာ ကာဗာရို၊ နူးညက်စ်၊ ဟာဗေး အတွဲကို ထုတ်သုံးခဲ့ပြီး ဘယ်ညာ အစွန်တွေမှာ မီလ်နာနဲ့ မာဘာရာတို့က ပံ့ပိုးပေးခဲ့တာပါ။ ကာဗာရိုတို့ဟာ တောင်ပံနေရာကျယ်မှာ ကစားရတာကို နှစ်သက်ပေမယ့် အတွင်းကို ချိုးဝင်လာဖို့ ခက်ခဲနေခဲ့ကြတယ်။ တောင်ပံနှစ်ဘက်က လုပ်ပြချင်စိတ်တွေ သိပ်များနေပေမယ့် အတက်အဆင်း မမှန်ခဲ့သလို အသင်းလိုက်မှာ စုစုစည်းစည်းတော့ မဖြစ်ခဲ့ပါဘူး။ ” ပထမပိုင်းမှာ ကျနော်တို့ အမှားကြီးတွေ… Continue Reading →

အင်္ဂလန်ပြင်ပ နောက်ဆုံးသော ခြေစမ်းပွဲဖြစ်တဲ့ ဆဲလ်ဘက်ပွဲမှ ပြောစရာ (၅) ချက်

လီဗာပူးအသင်းဟာ အင်္ဂလန်ပြင်ပ ရာသီကြို ခြေစမ်းပွဲ နောက်ဆုံးပွဲအဖြစ် ဆဲလ်ဘက်ကို ရင်ဆိုင်ရာမှာ ၁-၀ နဲ့ အရေးနိမ့်ခဲ့ပါတယ်။ ပွဲအတွင်း မြင်ရခြင်းတွေကို အကျဉ်းသဘော ဆွေးနွေးသွားပါမယ်။ နူးညက်စ်ကို မြင်ခွင့်မရခဲ့ လီဗာပူးပရိသတ်တွေက နူးညက်စ်ထံက အဆင်သင့်သော ခြေစွမ်းတွေကို အရမ်းမြင်ချင်သလို တိုက်စစ်မှူးကလည်း ပြချင်ဇောတွေ သိပ်များပါတယ်။ ဒါပေမယ့်လို့ ဘယ်လိုနေနေ ဖိအားကြီးရှိမယ့် ပရီးမီးယားလိဂ်မှာ ကစားဖို့ နူးညက်စ်က စိတ်ဓါတ်ပိုင်း အမြင့်ဆုံး ပြင်ဆင်ထားရပါမယ်။ ဆဲလ်ဘက်နဲ့ပွဲမှာ ဦးဆောင်ဂိုး မပေးရခင်ထိ အသင်းဖော်တွေက နူးညက်စ်ကို ဖန်တီးမှုတွေ လုပ်ပေးနိုင်ခဲ့ပါတယ်။… Continue Reading →

ဖာမင်နိုကို အေးဂျင့်ကတစ်ဆင့် ဂျူဗင်တပ်တို့ ချိတ်ဆက်နေပေမယ့် လီဗာပူးက ဆွေးနွေးဖို့ လက်မခံ

အီတလီကလပ် ဂျူဗင်တပ်အသင်းဟာ ၂၀၂၃ ခုနှစ်မှာ လီဗာပူးအသင်းနဲ့ စာချုပ်ကုန်တော့မယ့် ဘရာဇီး တိုက်စစ်မှူး ဖာမင်နိုရဲ့ ကိုယ်စားလှယ်တွေကို အပြောင်းအရွှေ့ကိစ္စ ချိတ်ဆက်မှု လုပ်ခဲ့ပါတယ်။ ဒီနွေဈေးကွက်မှာ ဖာမင်နိုရဲ့ အခြေအနေကို ဂျူဗင်တပ်ဘက်က စောင့်ကြည့်နေတာပါ။ အီတလီကလပ်က တရားဝင် ကမ်းလှမ်းမှု မလုပ်သေးပေမယ့် ဖာမင်နိုရဲ့ အနေအထားကို လေ့လာနေတယ်လို့ GOAL Brazil က ဖော်ပြပါတယ်။ ဂျူဗင်တပ်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီကမှ ဗလာဟိုဗစ်ကို ခေါ်ယူထားတာဖြစ်ပြီး တိုက်စစ်မှာဖာမင်နိုနဲ့ တွဲဘက်ပေးလိုပေမယ့် ဘရာဇီးတိုက်စစ်သမားအတွက် ယူရို ၂၃ သန်း… Continue Reading →

လီဗာပူးရဲ့ အင်နီယေစတာ ဗာရှင်းဖြစ်လာဖို့ နည်းပြအဖွဲ့ မျှော်လင့်ထားသူနဲ့ အနာဂတ် ကပ္ပတိန်အကြောင်း

ယာဂင်ကလော့ပ်နဲ့ လက်တွဲပြီး ဂျာမာန်သားကြီးရဲ့ ညာလက်ရုံးအဖြစ် တောက်ပလာတဲ့ လက်ထောက်နည်းပြ ပက်လင်ဒါးဟာ သူ့ရဲ့ ကိုယ်တိုင်ရေး စာအုပ်ကို ရေးသား ထုတ်ဝေခဲ့ပါပြီ။ လင်ဒါးဟာ လီဗာပူးအသင်း လေ့ကျင့်ရေးမှာ လွှမ်းမိုးမှုကြီးသူဖြစ်ပြီး အနာဂတ်မှာ မန်နေဂျာကောင်းတစ်ယောက် ဖြစ်လာမယ်လို့ ရေပန်းစားသူပါ။ လက်ရှိ လီဗာပူးအသင်းက လူငယ်အချို့ဟာ လူငယ်အသင်းနည်းပြဘဝက လင်ဒါးရဲ့ လမ်းညွှန်မှုတွေကနေ တောက်ပလာသူတွေဖြစ်ပါတယ်။ လီဗာပူးရဲ့ နံပါတ်နှစ်ဟာ သူ့ရဲ့ စာအုပ်သစ်ထဲမှာ ဆယ်ကျော်သက် ကွင်းလယ်လူ အဲလီးယော့ကို ပါရမီရှင်အဖြစ် ချီးမွမ်းခန်းဖွင့်ခဲ့ပြီး ထင်ရှားတဲ့ နှိုင်းယှဉ်မှုတစ်ခု လုပ်ခဲ့ပါတယ်။ ဖူလ်ဟမ်… Continue Reading →

ဆောင်းပါး | ကွင်းတွင်း အောင်မြင်မှု မရရင် ကလပ်ရဲ့ တိုးတက်မှု ထိခိုက်မယ် သိထားကြတဲ့ လီဗာပူးအကြီးအကဲများ

လီဗာပူးအသင်းရဲ့ စီအီးအိုရာထူးကို Peter Moore ထံကနေ Billy Hogan လွဲယူထားခဲ့တာ ၂ နှစ်နီးပါး ရှိနေခဲ့ပြီဖြစ်ပါတယ်။ Billy Hogan ဟာ ၂၀၁၂ မှာ commercial director အဖြစ် လီဗာပူးအသင်းကို ရောက်လာခဲ့ပြီးနောက် chief commercial officer အဖြစ် ရာထူးတက်ခဲ့ကာ ၅ နှစ်အကြာမှာ Ian Ayre နေရာ အစားဝင်ပြီး managing director ဖြစ်လာခဲ့သူဖြစ်ပါတယ်။ လက်ရှိမှာ Billy Hogan ဟာ အဖွဲ့သား… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!