လီဗာပူးကို ပြောင်းလာစ သီတင်းပတ်တွေမှာ စိတ်လှုပ်ရှားလွန်းတာကြောင့် အယောင်ယောင်အမှားမှား ဖြစ်ခဲ့ရပါတယ်လို့ ဒါဝင် နူးညက်စ်က ဝန်ခံလိုက်ပါတယ်။ အသင်းနဲ့ လေ့ကျင့်ရေး ၁ ကြိမ်ပဲ ဆင်းခဲ့အပြီးမှာ အသင်းရဲ့ ခြေစွမ်းပွဲအတွင်း စတင် ပါဝင်လာခဲ့တဲ့ နူးညက်စ်ဟာ သီတင်းပတ်တွေအကြာမှာတော့ စတင် အသားကျလာခဲ့ပါပြီ။ ဒါဝင်ဟာ ဖူလ်ဟမ်နဲ့ပွဲမှာ ပွဲထွက်လူစာရင်းက ပါဖို့ မသေချာသေးပေမယ့် မန်စီးတီးနဲ့ပွဲကို မိနစ် ၃၀ ကစားပြီး ကိုယ်တိုင် ၁ ဂိုးသွင်း ပင်နယ်တီ ၁ ကြိမ် ရှာဖွေပေးနိုင်ခဲ့ပါတယ်။ ဒါဝင် နူးညက်စ်က… Continue Reading →
အန်ဖီးကွင်းမှာ ရာသီကြို နောက်ဆုံး ခြေစမ်းပွဲအဖြစ် ပြင်သစ်ကလပ် စတပ်ဘော့အသင်းတို့ ယှဉ်ပြိုင်တဲ့ ခြေစမ်းပွဲမှာ လီဗာပူးအသင်းက ၃-၀ နဲ့ အရေးနိမ့်ခဲ့ပါတယ်။ အသက် ၂၁ နှစ်အောက် အသင်း ကိုနတေး၊ ဂျိုးဂိုမက်စ်နဲ့ ဂျိမ်းစ်မီလ်နာတို့ကလွဲရင် ကျန်တဲ့ ကစားသမားတွေအားလုံးက အသက် ၂၁ နှစ်အောက် ဖြစ်တာကြောင့် ဒီအသင်းကို ပရီးမီးယားလိဂ်တူးမှာ ကစားလို့တောင် ရပါတယ်။ စီနီယာ စတပ်ဘော့ ကစားသမားတွေဟာ လီဗာပူးရဲ့ အတွေ့အကြုံ မရင့်ကျက်တဲ့ လူငယ်ကစားသမားတွေ လုပ်ခဲ့တဲ့ အမှားအနည်းငယ်ကို အခွင့်ကောင်းယူနိုင်ခဲ့ပြီး ပထမဆုံးမိနစ်… Continue Reading →
ရာသီကြို ခြေစမ်းပွဲတွေ အားလုံး ပြီးခဲ့တဲ့နောက် လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ် အဖွင့်ပွဲဖြစ်တဲ့ ဖူလ်ဟမ်နဲ့ပွဲအတွက် တစ်ပတ်တိတိ ပြင်ဆင်ချိန် ရတော့မှာဖြစ်ပါတယ်။ အယ်လီဆန်၊ ချိန်ဘာလိန်၊ ဂျိုတာ၊ အီဘူး၊ ကိတ်တာ၊ ဂျုံးတို့လို စီနီယာတွေ အသေးစားနဲ့ ဒဏ်ရာပြဿနာတွေ ရှိနေတဲ့ အခြေအနေဖြစ်ပါတယ်။ အယ်လီဆန်နဲ့ ဂျုံးကတော့ ဖူလ်ဟမ်နဲ့ပွဲမှာ ပြန်လာနိုင်ဖို့ရှိပြီး ကျန် ကစားသမားတွေက လာမယ့် အပတ်တွေမှာ ပြန်သက်လာသာပါမယ်။ ရာသီပထမဆုံးပွဲကို အဝေးကွင်းမှာ သွားရောက် ယှဉ်ပြိုင်ရမှာဖြစ်သလို စိန်ခေါ်မှု အသစ်တွေကို ရင်ဆိုင်ရမယ့် အခြေအနေနဲ့ ပတ်သက်ပြီး… Continue Reading →
လီဗာပူးအသင်းရဲ့ ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေးရှင်ဟောင်း ဗန်ဒိုက်က နူးညက်စ်နဲ့ ပတ်သက်လို့ တိုက်တွန်းစကား ပြောဆိုပါတယ်။ အသက် ၂၃ နှစ်အရွယ် တိုက်စစ်မှူးကို ကနဦး ပြောင်းရွှေ့ကြေး ပေါင် ၆၄ သန်းနဲ့အတူ လီဗာပူးက ၆ နှစ် စာချုပ်နဲ့ ခေါ်ယူထားတာပါ။ သူ့ရဲ့ ပွဲထွက်ခွင့်၊ စွမ်းဆောင်ရည်၊ ဆုဖလားနဲ့ တစ်ဦးချင်း ထူးချွန်ဆုတွေအပေါ် မူတည်ပြီး လီဗာပူးက ထပ်တိုး ပေါင် သန်း ၂၀ ထိ ပေးဖို့လည်း သဘောတူထားပါတယ်။ နူးညက်စ်ဟာ အနာဂတ်မှာ လီဗာပူးရဲ့… Continue Reading →
အန်ဖီးကွင်းမှာ ရာသီကြို နောက်ဆုံး ခြေစမ်းပွဲအဖြစ် ပြင်သစ်ကလပ် စတပ်ဘော့အသင်းတို့ ယှဉ်ပြိုင်တဲ့ ခြေစမ်းပွဲမှာ လီဗာပူးအသင်းက ၃-၀ နဲ့ အရေးနိမ့်ခဲ့ပါတယ်။ ဒီပွဲမှာတော့ False 9 နေရာကနေ ကာဗာရိုကို ထုတ်သုံးခဲ့ပြီး ဗဟိုခံစစ်မှာ ကိုနတေးနဲ့ ဂိုးမက်စ်ကို တွဲပေးခဲ့တာဖြစ်ပါတယ်။ လူငယ်ကြယ်ပွင့်တွေဖြစ်တဲ့ ဘာ့ဆဲတစ်၊ ဖရန့်ဒေါ့၊ မော်တန်တို့ ပါဝင်ခဲ့သလို အစွန်မှာ မာဘာရာနဲ့ ချမ်ဘာလို လူငယ်တွေကို ထုတ်သုံးခဲ့ပါတယ်။ ဒီပွဲမှာ အစွန်သမား နှစ်ဦးက အမှားတွေ အတော်လေး လုပ်ခဲ့ကြပြီး မိနစ် ၂၀… Continue Reading →
© 2023 Myan News — Powered by WordPress
Theme by Anders Noren — Up ↑