Date

August 4, 2022

ငါးဖမ်းမိတာ ကိုစတက်ပါဆိုတဲ့ နူးညက်စ်၊ ဂျုံးရဲ့ ဒဏ်ရာ၊ ချန်ပီယံဖြစ်မယ် ခန့်မှန်းသူ ၉ ဦးနဲ့ လီဗာပူးသတင်းတိုများ

သြစတြီးယား ရာသီကြိုမှာ လီဗာပူးအသင်းသားတွေ ပွေ့ပိုက်နေကြတဲ့ ငါးကို ဖမ်းမိခဲ့သူက ကိုစတက်ဖြစ်ပြီး အသင်းဖော်တွေက ငါးရဲ့ အလေးချိန်ကို မယုံနိုင်လို့ ဝင်မကြည့်ခဲ့ကြတာပါလို့ ဒါဝင် နူးညက်စ်က ဖွင့်ပြောလာပါတယ်။ လီဗာပူး အဓိက ဂိုးသမားဖြစ်သူ အယ်လီဆန်ကို လေ့ကျင့်ရေးမှာ ပြန်တွေ့နေရပြီး ဖူလ်ဟမ်နဲ့ပွဲမှာ ပွဲထွက်နိုင်မယ်လို့ ခန့်မှန်းရပါတယ်။ လီဗာပူးအသင်းဟာ ဂျိုတာကို စာချုပ်သက်တမ်း တိုးခဲ့အပြီး ကွင်းလယ်လူ ကိတ်တာကို စာချုပ်ကိစ္စ ညိနှိုင်းနေပြီဖြစ်ကာ အဆုံးသတ် အနေအထားထိတော့ မရောက်သေးပါဘူး။ ဝုဗ်အသင်းခေါင်းဆောင်ဖြစ်တဲ့ လီဗာပူးအကယ်ဒမီထွက် ခံစစ်မှူး ကုတ်ဒီကို ခေါ်ယူဖို့… Continue Reading →

ဖူလ်ဟမ် V လီဗာပူးတို့ရဲ့ ပရီးမီးယားလိဂ် ပွဲစဉ် (၁) အတွက် ပေါလ်မာဆန်ရဲ့ ရလဒ်ခန့်မှန်း

ဒီအပတ် စနေနေ့ဖြစ်တဲ့ သြဂုတ်လ ၆ ရက်နေ့ မြန်မာစံတော်ချိန် ည ၆ နာရီမှာတော့ လီဗာပူးအသင်းဟာ ၂၀၂၂-၂၀၂၃ ဘောလုံးရာသီ ပထမဆုံးသော ပရီးမီးယားလိဂ်ပွအဖြစ် ဖူလ်ဟမ်အသင်းနဲ့ ရင်ဆိုင်ကစားရမှာ ဖြစ်ပါတယ်။ မနှစ်ကရာသီ မန်စီးတီးနောက် ၁ မှတ်အကွာကနေ ပရီးမီးယားလိဂ်ဖလားကို လက်လွတ်ခဲ့ရတဲ့ လီဗာပူးအသင်းဟာ ဒီရာသီမှာ စတင်ခြင်းတွေကို ရင်ဆိုင်ရတော့မှာပါ။ ဒီရာသီရဲ့ ပထမဆုံး ပြိုင်ဘက်ကတော့ မနှစ်ကရာသီ ချန်ပီယံရှစ်မှာ ဗိုလ်ဆွဲပြီး ပရီးမီးယားလိဂ်ကို တက်ရောက်လာတဲ့ ဖူလ်ဟမ်ပဲ ဖြစ်ပါတယ်။ ဒီပွဲအတွက် ပရီးမီးယားလိဂ် ဘောလုံးသုံးသပ်သူ… Continue Reading →

လူငယ်အချို့ကို အင်အားဖြည့်ထားတဲ့ ဖူလ်ဟမ်ပွဲကြို လီဗာပူး လေ့ကျင့်ရေးမှ လူစာရင်း

စနေနေ့မှာ လီဗာပူးအသင်းက ဖူလ်ဟမ်အသင်းကွင်းထဲ သွားရောက်ပြီး ပရီးမီးယားလိဂ် အဝေးကွင်းပွဲ သွားရောက် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ လက်တလောမှာ ရမ်ဆေး၊ ချိန်ဘာလိန်၊ ဂျိုတာတို့ ဒဏ်ရာရနေသလို ကိတ်တာကလည်း ဖျားနေတာကြောင့် ဖူလ်ဟမ်ပွဲ လွဲဖွယ်ရှိနေပါတယ်။ နောက်ဆုံး ဆင်းထားတဲ့ လေ့ကျင့်ရေးမှာဆိုရင် ကိုနတေး၊ ကိုစတက်၊ ဂျုံးတို့ ပါဝင်နိုင်ခဲ့ကြခြင်း မရှိပါဘူး။ ဂိုးသမားတွေဖြစ်တဲ့ အယ်လီဆန်၊ ကလယ်ဟာတို့ရဲ့ ကြံ့ခိုင်မှုတွေ စောင့်ကြည့်နေရဆဲ အခြေအနေမှာဘဲ အက်ဆာလေ့ကျင့်ရေးအတွင်း လူငယ်အချို့ကို ခေါ်ယူကာ စီနီယာအသင်းနဲ့ တွဲဘက်ပေးထားတယ်လို့ လီဗာပူးအခြေစိုက် သတင်းဌာနတွေကတစ်ဆင့် သိရပါတယ်။ ထူးခြားဖြစ်ရပ်အရဆိုရင်… Continue Reading →

မန်စီးတီး ရေပန်းစားပါလိမ့်မယ် ဒါပေမယ့် လီဗာပူး ချန်ပီယံဖြစ်ဖို့ ကိစ္စကြီး ၂ ချက်ရှိကြောင်း ကာရေဂါ ထုတ်ပြော

ဂျင်မီကာရေဂါက ပရီးမီးယားလိဂ်ဖလား ရေပန်းစားမှုမှာ မန်စီးတီးက ပိုမို သာလွန်နေဦးမယ်ဆိုတဲ့ အခြေအနေကို နားလည်ကြောင်း ပြောခဲ့ပေမယ့် လီဗာပူးက အခွင့်အရေး မရှိတဲ့ အသင်း မဟုတ်ပါဘူးလို့ ဆိုပါတယ်။ သူကတော့ လာမယ့်ရာသီမှာ ပရီးမီးယားလိဂ်ဖလားကို လီဗာပူးအသင်း စိန်ခေါ်နိုင်ဖို့ အဓိက အကြောင်းရင်း ၂ ချက်ရှိတယ်လို့ ဆိုပါတယ်။ ဒီ ၂ ချက်ဟာ မနှစ်ကနဲ့ မတူညီတဲ့ ကိစ္စတွေဖြစ်သလို လိဂ်ဖလားစိန်ခေါ်မှု ချိန်ခွင်လျှာကို ကြီးကြီးမားမား ပြောင်းလဲစေနိုင်မယ်လို့ သူက ယုံပါတယ်။ ကာရေဂါက ” လီဗာပူးအသင်း… Continue Reading →

လာမယ့်ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲ အုပ်စုအဆင့်မှာ ကျင့်သုံးမယ့် စည်းမျဉ်း အပြောင်းအလဲ

လာမယ့်ရာသီ ချန်ပီယံလိဂ် ပြိုင်ပွဲရဲ့ အုပ်စုအဆင့်ပွဲစဉ်တွေမှာ ဖီဖာရဲ့ Semi-Automated Offside Technology (SAOT) နည်းပညာကို အသုံးပြုသွားမယ်လို့ သိရပါတယ်။ ဒီနည်းပညာအကြောင်းက ပြီးခဲ့တဲ့လတည်းက စတင်မိတ်ဆက်ပေးခဲ့လို့ သိတဲ့သူတွေလည်း ရှိနေပြီဖြစ်ပါတယ်။ လူကျွံဘောတွေကို နည်းပညာ အကူအညီနဲ့ ဖမ်းသွားမှာဖြစ်ပြီး ဒီအပိုင်းမှာ ဒိုင်လူကြီးတွေရဲ့ ပါဝင်မှုကို လျော့ချသွားမှာဖြစ်ပါတယ်။ မျှော်လင့်ထားတာထက် ခပ်မြန်မြန် ရောက်ရှိလာတဲ့ ဒီစည်းမျဉ်းအရ ဗီဒီယိုဒိုင်တွေဟာ ဘယ်ဘောလုံးကို ကန်ရမယ်ဆိုတာနဲ့ ကွင်းတွင်းက လိုင်းတွေကို ချိတ်ဆက်ထားဖို့ရာ လိုအပ်မှာ မဟုတ်ဘူးလို့လည်း သိရတယ်။ ပွဲနေ့ဘောလုံးရဲ့ အတွင်းမှာ… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!