Date

August 16, 2022

မပါးနပ်တဲ့ ဒါဝင်၊ လှောင်အိမ်က လွှတ်သွားတဲ့ ကျားရိုင်းလို ဒီယက်စ်နဲ့ ပဲလေစ့်ပွဲအပြီး စကားစမြည်း ပြောစရာများ

အန်ဖီးကွင်းမှ စိတ်မကျေနပ်ဖွယ် သရေပွဲရလဒ်ထွက်ခဲ့တဲ့ ပွဲစဉ်အတွင်းက စကားစမြည်း ပြောစရာ အချက်တွေကို ဖော်ပြသွားပါမယ်။ မှတပါး အခြားမရှိ ပဲလေစ့်နဲ့ပွဲအတွက်ကွင်းလယ်မှာ ဂျိမ်းစ်မီလ်နာနဲ့ ဟာဗေးတို့ ပါဝင်ခွင့်ရခဲ့ပါတယ်။ ဒါဟာ ကလော့ပ် စတန့်ထွင်ခဲ့ခြင်း မဟုတ်ပါဘူး။ ဘာလို့ ဒီလို ရွေးချယ်ခဲ့ရလဲဆိုရင် တခြားသော ကွင်းလယ်တိုက်စစ် ရွေးချယ်စရာ မရှိတော့လို့ပါပဲ။ ကိတ်တာပြန်လာခဲ့ပေမယ့် ပွဲကစားဖို့ အဆင်သင့်မဖြစ်တာကြောင့် အရန်လူစာရင်းကပဲ ထည့်ခဲ့ရတယ်။ ဒီပွဲမှာ ဟန်ဒါဆန်ကို ပွဲထွက်ကနေ ထုတ်သုံးခဲ့ရင် ဒဏ်ရာရသွားနိုင်တယ်ဆိုတဲ့ ဆေးအဖွဲ့ရဲ့ အကြောင်းကြားမှုဟာ ကလော့ပ်အတွက် မီလ်နာကို မဖြစ်မနေ… Continue Reading →

တခါမှ မကြုံဖူးတဲ့ အခြေအနေဆိုးကြီး တစ်ခု လီဗာပူးအသင်းမှာ သူရင်ဆိုင်နေရတယ်လို့ ကလော့ပ် ဖွင့်ဟ

အန်ဖီးကွင်းမှာ ၁-၁ သရေကျတဲ့ ပဲလေစ့်နဲ့ပွဲအပြီး အသင်းရဲ့ ပွဲထွက်လူစာရင်းမှာ အပြောင်းအလဲကြီးတွေ ဘာကြောင့်ဖြစ်ခဲ့လဲဆိုတာကို ကလော့ပ်က ရှင်းပြပါတယ်။ ပွဲထွက်စာရင်းမှာ ဂိုးမက်စ်အစား နက်ဖီးလစ်ကို နေရာပေးတာ၊ ဟန်ဒါဆန်အစား မီလ်နာကို ထည့်သွင်းတာနဲ့ ဖာမင်နို အရန်စာရင်းမှာ မပါဝင်နိုင်တာ အားလုံးက ဒဏ်ရာ ပြဿနာတွေကြောင့်ပဲဖြစ်ကြောင်း နည်းပြက ပြောပြလာခဲ့ပါတယ်။ လက်ရှိ အနေအထားဟာ အတော်လေး စိုးရိမ်စရာ ကောင်းနေခဲ့ပြီး တိုက်စစ်၊ ကွင်းလယ်၊ ခံစစ် နေရာစုံမှာ လူစာရင်း ရှားပါမှုကို လီဗာပူးအသင်း ရင်ဆိုင်နေရပြီ ဖြစ်ပါတယ်။ ကလေ့ာပ်က… Continue Reading →

ဒါဝင် အနီကတ် ရသင့်သလား၊ ဘယ်လို စီမံမလဲနဲ့ သူ့ သဘောထားကို ထုတ်ဖော် ပြောသွားတဲ့ ကလော့ပ်

ညက ခရစ္စတယ်ပဲလေ့စ်နဲ့ ပွဲမှာ တိုက်ရိုက်အနီကတ် ထိပြီး ထုတ်ပယ်ခံရတဲ့ တိုက်စစ်မှုး ဒါဝင်နူးညက်ဇ်ကို သေချာ စကားပြောဆိုဦးမယ် လို့ နည်းပြ ယာဂင်ကလော့ပ်က ပွဲ အပြီးမှာ ဆိုပါတယ်။ ဥရုဂွေးသားဟာ သူ့ကို ဆွကစားခဲ့တဲ့ အန်ဒါဆန်ကို ဒေါသမထိန်းနိုင်ဘဲ ခေါင်းနဲ့တိုက် တုန့်ပြန်ခဲ့တာကြောင့် တိုက်ရိုက် အနီကတ် ပြသ ထုတ်ပယ်ခံခဲ့ရပါတယ်။ ထုတ်ခံရသည့်တိုင် နူးညက်ဇ် တစ်ယောက် မကျေလည်နိုင်သေးဘဲ ဒိုင်လူကြီးကို ပြန်ငြင်းဖို့ ကြိုးစားခဲ့သေးတာကြောင့် ကလော့ပ်တို့က ကွင်းထဲကနေ ထွက်လာဖို့ အော်ဟစ် ခေါ်ထုတ် ခဲ့ရသေးတာပါ။… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!