Date

August 17, 2022

လီဗာပူးတိုက်စစ်အတွက် ဂျိုတာနဲ့ နူးညက်စ်တို့ အတူတွဲ ပြန်လာနိုင်ဖို့ ရှိနေပါပြီ

ရာသီကြို လေ့ကျင့်ရေး ပထမအပတ်မှာတည်းက ဒဏ်ရာကြောင့် အနားယူနေခဲ့ရတဲ့ ဂျိုတာဟာ သြဂုတ်လ အကုန်မှတော့ ပြန်ကစားပေးနိုင်ဖွယ် ရှိပါတယ်။ သီတင်းပတ် ၅ ပတ်ကြာ အနားယူနေခဲ့ရတဲ့ ဂျိုတာဟာ ရာသီကြို ခြေစမ်းပွဲစဉ် အားလုံးကို လွဲချော်ထားခဲ့သလို သြဂုတ်လအတွင်း ယှဉ်ပြိုင်ရမယ့် ပရီးမီးယားလိဂ် အမှတ်ပေးပွဲ အားလုံးကိုလည်း လွဲချော်သွားမှာ ဖြစ်ပါတယ်။ တနင်္လာနေ့တုန်းက ပဲလေစ့်ပွဲမှာ အနီကဒ် ရခဲ့တဲ့ နူးညက်စ်ဟာ ယူနိုက်တက်၊ ဘုန်းမောက်၊ နယူးကာဆယ်ပွဲတွေကို လွဲချော်သွားမှာဖြစ်ပါတယ်။ လက်တလောမှာတော့ အသင်းရဲ့ နံပါတ် ၉ နေရာမှာ… Continue Reading →

သွင်းဂိုးကို မကြည့်နဲ့ ဒီယက်စ် ဘာလုပ်သွားလဲကိုကြည့် စူပါ ကစားသမားဆိုတာ ဒါမျိုးလို့ မာဖီ ချီးကျူး

လီဗာပူးအသင်း နိုင်ပွဲ မရခြင်းနဲ့အတူ ခွန်အားကော၊ စိတ်ဓါတ်ပိုင်းအရပါ ကိုယ်စွမ်းရှိသလောက် ကြိုးစားခဲ့တဲ့ ဒီယက်စ်ဟာ သူနဲ့ ထိုက်တန်တဲ့ အသိအမှတ်ပြုမှုတွေ မရခဲ့ပါဘူး။ အန်ဖီးကွင်းမှာ ယှဉ်ပြိုင်ကစားတဲ့ ပဲလေစ့်နဲ့ပွဲအတွင်း ၁၀ ယောက်ကျန်နဲ့ ဆက်ကစားခဲ့ရပေမယ့် လီဗာပူးပရိသတ်တွေ မျက်နှာမငယ်ရဖို့ ဒီယက်စ်ဟာ အစွမ်းကုန် ရုန်းထ ကစားပေးခဲ့ပါတယ်။ သူ့ရဲ့ တစ်ကိုယ်တော် ခြေစွမ်းနဲ့ပဲ ခြေပဂိုး တစ်ဂိုးရခဲ့ကာ ဒီသွင်းဂိုးဟာ သြဂုတ်လရဲ့ ပရီးမီးယားလိဂ် တစ်လတာ အကောင်းဆုံး ဂိုးတောင် ဖြစ်လာနိုင်ပါတယ်။ လီဗာပူးအသင်း နိုင်ပွဲရခဲ့ရင် ဒီယက်စ်ရဲ့ သွင်းဂိုးအကြောင်း… Continue Reading →

အဝတ်လဲခန်းထဲမှာ အတော်လေး ယူကျုံးမရဖြစ်နေခဲ့တဲ့ ဒါဝင်အကြောင်း ဟာဗေး ပြောပြလာ

အန်ဖီးမှာ ပထမဆုံး ပွဲထွက်ရတဲ့ ပွဲစဉ်အတွင်း သူ့ရဲ့ စိတ်မထိန်းနိုင်တဲ့ အပြုအမှုကြောင့် အသင်းကို ထိခိုက်စေခဲ့တယ်ဆိုပြီး ဒါဝင် နူးညက်စ်က အတော်လေး စိတ်မကောင်းဖြစ်နေပါတယ်။ အဖွင့်ဂိုး သွင်းယူပေးဖို့ ရုန်းကန်ခဲ့ရတဲ့ နူးညက်စ်ဟာ ပဲလေစ့် ခံစစ်မှူး အန်ဒါဆန်ကို တွန်းတိုက်ခဲ့ရာက တိုက်ရိုက် အနီကဒ် ပြသခံခဲ့ရတာပါ။ အင်္ဂလန်လိဂ်အကြောင်း နားလည်နိုင်ဖို့ အချိန်တစ်ခုလိုသေးတဲ့ ဒါဝင်အတွက် ဆိုးရွားတဲ့ ဖိအားတွေ ထပ်မံရဖို့ ဖြစ်လာခဲ့ပါတယ်။ အဝတ်လဲခန်းတွင်းမှာ ဒါဝင်က အသင်းဖော်တွေကို သူ့ရဲ့ အမှားနဲ့ အသင်းကို ထိခိုက်စေခဲ့တဲ့ သူ့ရဲ့… Continue Reading →

ဖာမင်နို၊ နူးညက်စ်၊ ဂျိုတာတို့ မရှိချိန်မှာ တိုက်စစ်မှူးနေရာအတွက် ကလော့ပ် ဘယ်လို ဖြည့်မလဲ

လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ် တတိအပတ် ပွဲစဉ်အဖြစ် ယူနိုက်တက်ကို အဝေးကွင်း သွားရောက် ယှဉ်ပြိုင်ရာမှာ ပွဲထွက်လူစာရင်း အခက်အခဲကို ရင်ဆိုင်နေရပါတယ်။ တံကောက်ကြော ဒဏ်ရာကြောင့် ဂျိုတာ မကစားနိုင်သလို ဖာမင်နိုကလည်း ပဲလေစ့်ပွဲမှာ ပါဝင်နိုင်ရေး ကြံ့ခိုင်မှု မပြည့်ခဲ့ပါဘူး။ တိုက်စစ်မှူး နူးညက်စ်ကတော့ အနီကဒ်ကြောင့် ၃ ပွဲပယ် ပြစ်ဒဏ်ကို ရင်ဆိုင်သွားရမှာဖြစ်ပါတယ်။ ဒါကြောင့်ပဲ လာမယ့် ပွဲစဉ်တွေမှာ တိုက်စစ်မှူးနေရာက ဘယ်သူ ကစားမလဲဆိုတာ မေးခွန်းတစ်ခုဖြစ်လာပါတယ်။ ဒီကာလတွေအတွင်း ဖာမင်နို ပြန်ပြီး သက်သာလာမယ်ဆိုရင် သူပွဲထွက်ရမှာ သေချာပါတယ်။… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!