Month

September 2022

အခုက အာဆင်နယ် ပရိသတ်တွေ ရင်ခုန် စိတ်လှုပ်ရှားရမယ့် အချိန်တွေ ရောက်ပြီ လို့ မိုက်ကယ်အိုဝင် တင်စား ပြောဆို

လီဗာပူးနဲ့ မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှုးဟောင်း မိုက်ကယ်အိုဝင် ကတော့ လက်ရှိ အာဆင်နယ် အသင်းဟာ တကယ်ကို စိတ်လှုပ်ရှားစရာ အနေအထားပဲ လို့ ချီးကျူး သုံးသပ်သွားပါတယ်။ ဒီနောက်ပိုင်း နှစ်တွေဟာ အာဆင်နယ် ပရိသတ်တွေ အတွက် ခက်ခဲတဲ့ ကာလတွေ ဖြစ်ခဲ့ပေမယ့် အဆုံးမှာတော့ သူတို့ စိတ်လှုပ်ရှား ရင်ခုန်စရာအချိန် ရောက်လာခဲ့ပြီ လို့လည်း အိုဝင်က ဆိုပါတယ်။ ” ပြီးခဲ့တဲ့ နှစ်တွေထဲမှာ အာဆင်နယ်က ပျော့လွန်းတယ်လို့ ပြောဆိုခဲ့တာ ကျနော် ရှေ့ဆုံးက ပါခဲ့ပါလိမ့်မယ်။… Continue Reading →

ယူနိုက်တက် အရန်ခုံက မက်ဂွဲရား ကို ရွေးပြီး ဘန်ဝှိုက်ကို ချန်ခဲ့လို့ မကျေနပ်ကြတဲ့ အင်္ဂလန်နဲ့ ဂန်းနားပရိသတ်များ

စက်တင်ဘာလထဲ ပွဲစဉ်တွေ ယှဉ်ပြိုင် ကစားစေမယ့် အင်္ဂလန် လက်ရွေးစင် အသင်းရဲ့ ၂၈ ဦး လူစာရင်းကို မနေ့က ထုတ်ပြန် ကြေညာသွားခဲ့ရာ မန်ချက်စတာ ယူနိုက်တက်မှာ အရန်ခုံ ထိုင်နေရတဲ့ မက်ဂွဲရား ပါဝင်သွားပြီး အာဆင်နယ်မှာ ခြေစွမ်းပြနေတဲ့ ဘန်ဝှိုက်ကို ချန်လှပ်ခဲ့တာက ပြောစရာတွေ များစွာ ဖြစ်ကျန်ခဲ့ပါတယ်။ အင်္ဂလန်အသင်းဟာ ဒီလထဲမှာ ယူအီးအက်ဖ်အေ နေးရှင်းလိဂ် ပွဲစဉ်တွေ အဖြစ် အီတလီ၊ ဂျာမနီတို့နဲ့ ယှဉ်ပြိုင် ကစားရဖို့ ရှိနေပါတယ်။ ဟယ်ရီ မက်ဂွဲရားက မန်ချက်စတာ… Continue Reading →

ဆန်ချို ခြေစွမ်း ပိုပြမယ့် နေရာ ကို ထောက်ပြပြီး အင်္ဂလန်အသင်းမှာ နေရာပေးဖို့ ပေါစခိုးလ် တောင်းဆို

မန်ချက်စတာ ယူနိုက်တက် တောင်ပံနဲ့ ကွင်းလယ်တိုက်စစ်သမား ဆန်ချိုဟာ ဒီတလော သီတင်းပတ်တွေမှာ မန်ချက်စတာ ကလပ်နဲ့ အတူ ခြေစွမ်းပြနေခဲ့တာပါ။ ပြီးခဲ့တဲ့ ရှရစ်ဖ်နဲ့ ယူရိုပါလိဂ် အုပ်စုပွဲမှာလည်း ဆန်ချိုက ဂိုးသွင်းနိုင်တဲ့ အပြင် အဲရစ်ဆန်နဲ့ ဖာနန်ဒက်စ်ကို ချိတ်ဆက် ကစား ခြေစွမ်းပြသွားခဲ့ပါတယ်။ ဒါပေမယ့် အင်္ဂလန်နည်းပြ ဆောက်ဂိတ် ရွေးချယ်လိုက်တဲ့ ဒီလထဲ ကစားမယ့် ပွဲတွေ အတွက် အင်္ဂလန် လက်ရွေးစင် အသင်း လူစာရင်းမှာ ဆန်ချို မပါဝင်ဘဲ ချန်လှပ်ခံခဲ့ရပါတယ်။ သရဲနီဟောင်းကြီး ပေါစခိုးလ်ကတော့… Continue Reading →

လီဗာပူးက မန်စီးတီးကို အမှီပြန်လိုက်ပြီး ပရီးမီးယားလိဂ် ဖလား လုနိုင်ပါသေးတယ်လို့ မိုက်ကယ်အိုဝင် သုံးသပ် ပြောဆို

လီဗာပူးအသင်းဟာ ဒီရာသီအစမှာ မတည်မငြိမ် ဖြစ်ခဲ့ပေမယ့် လုံးဝ ခြေချော်သွားတာတော့ မဟုတ်သေးဘဲ ပရီးမီးယားလိဂ် ဖလားကို စိန်ခေါ်နိုင်သေးတယ်လို့ တိုက်စစ်မှူးဟောင်း မိုက်ကယ်အိုဝင်က ပြောဆိုလိုက်ပါတယ်။ ဒီရာသီ ပရီးမီးယားလိဂ် ၆ ပွဲအပြီးမှာ ကလော့ပ်ရဲ့ အသင်းဟာ စီးတီးနဲ့ ၅မှတ်၊ အာဆင်နယ်နဲ့ ၆ မှတ် ကွာဟပြီးနေပါပြီ။ “ လီဗာပူးက သာမန်အဆင့် စတင်မှုကို ရရှိခဲ့တယ်။ လက်ရှိ ပရီးမီးယားလိဂ် လိဂ်မှာ မန်စီးတီးကို အကျောပေးထားလို့ မကောင်းပေမယ့် ပြန်ပြင်လို့ မရတဲ့အရာတော့ မဟုတ်ပါဘူး။ ညတွင်းချင်းတော့… Continue Reading →

နေပယ်မြို့မှာ လီဗာပူးက နာပိုလီ ကို မနိုင်ဘူး လို့ သုံးသပ်ခန့်မှန်းသွားတဲ့ ကလောင်ရှင် ခရစ်ဆက်တန်

လီဗာပူးအသင်းဟာ ဒီရာသီ ချန်ပီယံလိဂ် ပွဲဦးထွက် အဖြစ် စီးရီးအေကလပ် နာပိုလီ အသင်း ကို အဝေးကွင်းမှာ စတင် ယှဉ်ပြိုင် ကစားရမှာ ဖြစ်ပါတယ်။ နာပိုလီနဲ့ လီဗာပူးအသင်းတို့ ပွဲစဉ်ဟာ ဒီနေ့ည ၁း၃ဝ နာရီ မှာ၊ နာပိုလီ အခြေစိုက်ရာ နေပယ်မှာ ယှဉ်ပြိုင်ကြမှာပါ။ အင်္ဂလန် နာမည်ကြီး သတင်းဌာနတွေ ဖြစ်တဲ့ ဘီဘီစီနဲ့ ဒေးလီးမေးလ်တို့မှ ကလောင်ရှင် တစ်ဦး ဖြစ်သူ ခရစ်ဆက်တန် က ဒီည နာပိုလီ – လီဗာပူး… Continue Reading →

ဟန်ဒို အထွက် သီယေဂို ပြန်အလာ၊ အန်တိုနီကြောင့် အဝေမတည့်သူများ၊ မေဆန်မောင့်၊ ဖာရန်တောရက်စ် တို့နဲ့ ဘောလုံးသတင်းတိုများ

မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှုး အန်တိုနီ ကို ပေါင် ၈၆ သန်းနဲ့ ခေါ်ယူခဲ့မှုဟာ ကစားသမားရဲ့ အေးဂျင့်တွေ ကြား အငြင်းပွားမှုတွေ ဖြစ်နေပါတယ်။ အန်တိုနီရဲ့ အေးဂျင့်ကြေး ပေါင် ၂ဝ ကို အေးဂျင့်တွေကြား ခွဲယူဖို့ အဝေမတည့် ဖြစ်နေကြတာပါ။ အာဆင်နယ်အသင်းဟာ အပြောင်းအရွှေ့ မပိတ်ခင်လေးမှာ ဘာစီလိုနာမှ ဖာရန်တောရက်စ် ကို ခေါ်ယူဖို့ ယူရို သန်း ၃ဝ နဲ့ ကမ်းလှမ်းခဲ့သေးပြီး နည်းပြဇာဗီက ပယ်ချခဲ့တယ် လို့ သိရပါတယ်။ ချယ်ဆီးအသင်းဟာ… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!