Month

January 2023

ကမ်းလှမ်းမှုတွေ များစွာ ရထားတာကြောင့် Deadline Day မှာ ထူးခြားသွားနိုင်တဲ့ ယူနိုက်တက် အသင်းသား ၂ဦး

မန်ချက်စတာ ယူနိုက်တက်ဟာ အပြောင်းအရွှေ့ နောက်ဆုံးအချိန် မတိုင်ခင် လူငယ် တိုက်စစ်သမား အီလန်ဂါ အတွက် ဥရောပ ကလပ်တွေထံက ဆက်သွယ်မှုတွေ များစွာ ရရှိနေတယ်လို့ သိရပါတယ်။ ယူနိုက်တက်ဟာ အန်တိုနီ အီလန်ဂါအတွက် ကမ်းလှမ်းမှု ဆယ်ခုကျော် ရရှိခဲ့သလို ဝါရင့် နောက်ခံလူ ဗစ်တာ လင်ဒီလော့ဖ်အတွက် အင်တာမီလန်ကလည်း ယူနိုက်တက် တာဝန်ရှိသူတွေထံ ချိတ်ဆက်နေပါတယ်။ ၁၂ နှစ်အရွယ်ကတည်းက ယူနိုက်တက်မှာ ရှိနေခဲ့တဲ့ အီလန်ဂါဟာ ဒီရာသီ ပရီးမီးယားလိဂ် ၅ပွဲသာ ပွဲထွက်ခဲ့ရတာပါ။ ဆွီဒင်သားဟာ မနှစ်က… Continue Reading →

ယူနိုက်တက် စောင့်ကြည့်နေတဲ့ တမ်ဘာ၊ ဒါရိုက်တာသစ် ခန့်မယ့် လီဗာပူး၊ ဇီယက်ချ်၊ ဂွမ်ဒေါင်ဇီတို့နဲ့ အပြောင်းအရွှေ့ သတင်းတိုများ

ယူနိုက်တက်ဟာ အေဂျက် ခံစစ်မှူး တမ်ဘာကို ခေါ်ယူဖို့ စောင့်ကြည့်နေဆဲပါ။ နွေတုန်းကလည်း ယူနိုက်တက်ဘက်က ကြိုးစားခဲ့သေးပေမယ့် ကစားသမားက ပယ်ချခဲ့တာ ဖြစ်ပါတယ်။ လီဗာပူးအသင်းဟာ နှုတ်ထွက်သွားတဲ့ ဒါရိုက်တာ ဂျူလီယန် ဝတ်နေရာအတွက် မိုနာကိုအသင်းရဲ့ အားကစား ဒါရိုက်တာနဲ့ အစားထိုးဖို့ မျှော်လင့်နေပါတယ်။ အက်စတွန်ဗီလာ အသင်းဟာ မာဆေး ကွင်းလယ်လူ ဂွမ်ဒေါင်ဇီကို ခေါ်ယူနိုင်ဖို့ စတင် ကြိုးစားနေပြီ ဖြစ်ပါတယ်။ ဂွမ်ဒေါင်ဇီဟာ နည်းပြအမ်မရီနဲ့အတူ အာဆင်နယ်မှာ လက်တွဲခဲ့ကြဖူးပါတယ်။ ချယ်ဆီး တိုက်စစ်သမား ဇီယက်ခ်ျကို ခေါ်ယူဖို့ ပရီးမီးယားလိဂ်… Continue Reading →

ဒီည အာဆင်နယ်နဲ့ မန်ယူအသင်းတို့ ပွဲစဉ် အတွက် သုံးသပ် ဟောကိန်းထုတ်ထားတဲ့ ပေါမာဆန်

အာဆင်နယ်နဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းတို့ဟာ ဒီနေ့ည အမ်းမရိတ်ကွင်းမှာ ပရီးမီးယားလိဂ် ပွဲ အဖြစ် ထိပ်တိုက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ဒီနှစ်သင်းဟာ ဒီနေ့ တနင်္ဂနွေနေ့ည ၁၁ နာရီမှာ ယှဉ်ပြိုင် ကြမှာပါ။ ဝါရင့် ဘောလုံးသုံးသပ်သူ ဖြစ်တဲ့ ဂန်းနားဟောင်းကြီး ပေါမာဆန် က အာဆင်နယ်နဲ့ မန်ချက်စတာ ယူနိုက်တက် တို့ ပွဲ အတွက် အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။ ” ဒါက ဒီရာသီရဲ့ အကြီးမားဆုံးပွဲပါ။ အာဆင်နယ် ဒီပွဲကိုနိုင်ရင်… Continue Reading →

ပဲလေ့စ်ကို သရေကျပြီး အဆင့် ၃ နေရာ တက်လာပေမယ့် အာဆင်နယ်နဲ့ ပွဲ အတွက် ထိုးနှက်ချက်ကြီး ရသွားတဲ့ ယူနိုက်တက်

မန်ချက်စတာ ယူနိုက်တက်ဟာ ပဲလေစ့်ကို အဝေးကွင်း သွားရောက် ရင်ဆိုင်ရာမှာ ဖာနန်ဒက်စ်ရဲ့ သွင်းဂိုးနဲ့ ပွဲပြီးခါနီးထိ ဦးဆောင်နိုင်ခဲ့ပေမယ့် ပွဲပြီးခါနီးမှ ချေပဂိုးပေးလိုက်ရတာကြောင့် ၁-၁ သရေ ရလဒ် ထွက်ပေါ်ခဲ့ပါတယ်။ ပွဲချိန် ၉၁ မိနစ်မှာ အိုလီဆီက တည်ကန်ဘောကနေ တိုက်ရိုက် ဂိုးသွင်းယူပြီး အဖိုးတန် ခြေပဂိုး ရယူသွားတာ ဖြစ်ပါတယ်။ ပဲလေ့စ်နဲ့ သရေကျခဲ့တာကြောင့် အဆင့် ၃ နေရာကိုပဲ တက်လာနိုင်ခဲ့ပြီး အာဆင်နယ်နဲ့ ၈ မှတ် ကွာခြားနေဆဲဖြစ်ပါတယ်။ ဒါ့အပြင် ဒီပွဲမှာ ကက်စီမီရို… Continue Reading →

လစာ အဆင်မပြေဖြစ်နေတဲ့ ရက်ဖို့ဒ်၊ ရှောကို ချီးကျူးခြင်း၊ ဂနာချို၊ မက်ဂွဲရားတို့နဲ့ မန်ချက်စတာ ယူနိုက်တက် သတင်းများ

ယူနိုက်တက် နည်းပြ တန်ဟက်ကတော့ လုခ်ရှောဟာ သူ ခြေစွမ်း မကောင်းချိန်မှာ ခြေစွမ်း ပုံမှန် မရှိကြောင်း ဝန်ခံခဲ့ပြီး အလုပ်ကြိုးစား ပြန် ပြောင်းလဲလာနိုင်သူ အဖြစ် ထုတ်ဖော် ချီးကျူးခဲ့ပါတယ်။ ဝက်စ်ဟမ်းအသင်းဟာ တန်းဆင်းဇုန်ကနေ ရုန်းဖို့ အတွက် မန်ချက်စတာ ယူနိုက်တက် နောက်ခံလူ မက်ဂွဲရား ကို အငှားနဲ့ ခေါ်ယူလိုနေပါတယ်။ ယူနိုက်တက်ဟာ ပီအက်စ်ဂျီဘက်က အလိုရှိနေတဲ့ တိုက်စစ်မှူး မားကပ်ရက်ဖို့ဒ်ကို ၅နှစ် စာချုပ်သစ်ချုပ်ဖို့ ဆွေးနွေးနေ ပေမယ့် တစ်ပတ်လုပ်ခ ပေါင်၃သိန်း မပေးလိုဘူး… Continue Reading →

အမ်းမရိတ်မှာ မန်ချက်စတာ ယူနိုက်တက်ဆီက ၃ မှတ်ယူမယ် ကြိုတင် အသိပေးလိုက်တဲ့ အာတီတာ

အာဆင်နယ် အသင်းဟာ ပြီးခဲ့တဲ့ ရက်က မန်ချက်စတာ ဒါဘီမှာ မန်စီးတီး ရှုံးနိမ့်သွားချိန်မှာ စပါးကို မြောက်လန်ဒန် ဒါဘီ အဝေးကွင်း ပွဲ ၂-ဝ နဲ့ အနိုင်ကန်နိုင်ခဲ့တာကြောင့် အမှတ်ပေးဇယားထိပ်မှာ ၈ မှတ်အသာနဲ့ ဦးဆောင်နေ ပါတယ်။ ဂန်းနားတွေဟာ တစ်ရာသီလုံး အမှားနည်းနည်းနဲ့ ရှေ့ဆက်နေပြီး ရှုံးပွဲတစ်ပွဲသာ ရှိခဲ့ပါတယ်။ အဲ့ဒီ့ရှုံးပွဲဟာ စက်တင်ဘာတုန်းက အိုးလ်ထရက်ဖို့ဒ်မှာ ယူနိုက်တက်နဲ့ တွေ့ခဲ့တုန်းက ဖြစ်ပါတယ်။ ဒါကြောင့် ဒီတစ်ပတ် အမ်းမရိတ်စ်မှာ မန်ချက်စတာယူနိုက်တက်နဲ့ ပြန်တွေ့တဲ့အခါ ပွဲကောင်းဖြစ်လာဖို့ ရှိနေပါတယ်။… Continue Reading →

ထိပ်သီး ပြိုင်ဘက်တွေကို အနိုင်ယူပြီး ဒီရာသီ ဖလားလေးလုံး လမ်းကြောင်းပေါ် ရှိနေဆဲ မန်ချက်စတာ ယူနိုက်တက်

အဲရစ်တန်ဟက်ဟာ ဒီဘောလုံးရာသီမှ စတင်ပြီး မန်ချက်စတာ ယူနိုက်တက်ကို နည်းပြ အဖြစ် တာဝန်ယူ ကိုင်တွယ်တာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီလ အနည်းငယ် အတွင်း ရာသီဝက်ကာလမှာတင် တန်ဟက် က အသင်းကြီး ပြိုင်ဘက် နည်းပြတွေကို တော်တော်များများ အနိုင်ယူထားနိုင်ခဲ့ပါပြီ။ ယူနိုက်တက်ဟာ ဒီရာသီ အထနှေးခဲ့ပေမယ့် လက်ရှိမှာတော့ အမှတ်ပေးဇယား ဦးဆောင်ထားသူ အာဆင်နယ် အသင်းနဲ့ ၉ မှတ် အကွာကို ရောက်ရှိလာပါတယ်။ အိုးထရက်ဖို့ဒ်မှာ ၆ လတာ အတွင်း တန်ဟက် ဟာ… Continue Reading →

ဒိုင်ဆုံးဖြတ်ချက်ကို ပြောရအောင် ကန်ရတဲ့ ကွင်းကို ကြည့်ဦးလေလို့ မန်စီးတီးနည်းပြ ဂွာဒီယိုလာ တုန့်ပြန်

မန်ချက်စတာဒါဘီကို အရေးနိမ့်အပြီး မန်စီးတီး နည်းပြ ဂွာဒီယိုလာက အိုးထရတ်ဖိုဒ့် ကွင်းမှာမို့ ယူနိုက်တက်တို့ အသာရခဲ့တာလို့ လှောင်ပြောင်ခဲ့ပါတယ်။ ပွဲအပြီး ဂွာဒီယိုလာကို ဘရူနို ဖာနန်ဒက်စ်ရဲ့ သွင်းဂိုး အကြောင်း အဓိက မေးခဲ့ကြတာ ဖြစ်ပါတယ်။ ယူနိုက်တက်ကို ဂုဏ်ပြုစကား ပြောဆိုခဲ့ရင်းမှာပဲ ဂွာဒီယိုလာက ဘောလုံး စည်းမျဉ်းတွေကို နားမလည်နိုင်ဟန် ရှိနေကာ ဒါက အိုးထရတ်ဖိုဒ့်လေ ဆိုတဲ့ စကားမျိုး ထွက်လာခဲ့ပါသေးတယ်။ ဂွာဒီယိုလာက ‘ ရက်ဖိုဒ့်က လူကျွံတယ်၊ ဘရူနိုက မကျွံဘူး။ ဒီဂိုးမှာ ရက်ဖိုဒ်… Continue Reading →

မန်ချက်စတာ ယူနိုက်တက် အတွက် နည်းပြ တန်ဟက် ခေါ်ယူချင်တဲ့ ပစ်မှတ် ကစားသမားများ စာရင်း ထွက်ပေါ်လာ

မန်ချက်စတာ ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ နွေအပြောင်းအရွှေ့မှာ အန်တိုနီ၊ ကာဆီမီရို၊ လီဆန်ဒရို မာတီနက်ဇ်၊ တိုင်ရယ် မာလာစီယာတို့ကို ပေါင်သန်း ၂၂၀ ကျော် သုံးစွဲပြီး ခေါ်ယူခဲ့ပါတယ်။ ဒီကစားသမားတွေဟာ နည်းပြတန်ဟက်ရဲ့ ကနဦး ကာလတွေအတွက် များစွာ အကျိုးဖြစ်ခဲ့ပြီး အခုဆိုရင် ယူနိုက်တက် ဟာ ဆုဖလားတွေကို စိန်ခေါ်နိုင်စွမ်းရှိတဲ့ အသင်းအဖြစ် ရှုမြင်ခံနေရပြီ ဖြစ်ပါတယ်။ အသုံးစရိတ် လျော့ချလိုတဲ့ ယူနိုက်တက် အကြီးအကဲတွေက ဇန်နဝါရီမှာ လူသစ် ဝယ်ယူဖို့ လုပ်ဆောင်ပေးမှာ မဟုတ်ဘဲ နည်းပြတန်ဟက် အလိုရှိရင်… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!