Month

February 2023

လီဗာပူး ဒီည နိုင်ပွဲ ရမှာ မဟုတ်ဘူး ဆိုတဲ့ ဂုရုကြီး ပေါမာဆန်ရဲ့ ပဲလေ့စ်နဲ့ ပွဲ သုံးသပ် ခန့်မှန်းချက်

လီဗာပူးအသင်းဟာ ဒီအပတ် ပရီးမီးယားလိဂ် မှာတော့ လန်ဒန်ကလပ် တစ်သင်း ဖြစ်တဲ့ ခရစ္စတယ်ပဲလေ့စ် အသင်းကို အဝေးကွင်း သွားရောက် ရင်ဆိုင်ရမှာပါ။ ပွဲချိန်ကတော့ ဒီနေ့ည/ တနင်္ဂနွေ နံနက် အစောပိုင်း ၂း၁၅ နာရီမှာ ယှဉ်ပြိုင် ကြမှာ ဖြစ်ပါတယ်။ ဘောလုံးပွဲတွေ သုံးသပ်နေကြ ဂုရု တစ်ဦး ဖြစ်တဲ့ ဂန်းနားဟောင်းကြီး ပေါမာဆန်က ခရစ္စတယ်ပဲလေ့စ်နဲ့ လီဗာပူး ပွဲ အတွက် အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။ ” ပဲလေစ့်က တန်းဆင်းဇုန်ထိ ကျဆင်းသွားမယ်… Continue Reading →

ဒီအပတ် ကာရာဘောင်း ဗိုလ်လုပွဲမှာ ဖလား မြှောက်မှာက မန်ယူ မဟုတ်ဘူးလို့ ခရစ်ဆက်တန် ဟောကိန်း ထုတ်

မန်ချက်စတာ ယူနိုက်တက် ကတော့ ဒီအပတ်မှာ ပရီးမီးယားလိဂ် ပွဲ မကစားရဘဲ ကာရာဘောင်းဖလား ဗိုလ်လုပွဲ ယှဉ်ပြိုင် ရဖို့ ရှိနေပါတယ်။ ယူနိုက်တက် ဟာ နယူးကာဆယ် အသင်းနဲ့ ဖလား လုရမှာ ဖြစ်ပြီး လာမယ့် တနင်္ဂနွေနေ့ ည ၁၁ နာရီ၊ ဝင်ဘာလေကွင်းကြီး မှာ ကာရာဘောင်းဖလား ဗိုလ်လုပွဲ ကစားကြမှာ ဖြစ်ပါတယ်။ ဒီပွဲ အတွက် ဘီဘီစီ သတင်းဌာနမှ ပင်တိုင် သုံးသပ်သူ ဖြစ်တဲ့ ခရစ်ဆက်တန်က အခုလို သုံးသပ်… Continue Reading →

လူသစ်တွေ အဝယ်များပြီးနောက် ချယ်ဆီး ကစားသမားတွေရဲ့ စိတ်ဓာတ်ပိုင်း ထိခိုက်မှုတွေ ရှိနေကြောင်း ထွက်ပေါ်လာ

ချယ်ဆီးအသင်းဟာ ဒီရာသီ ပေါင် သန်း ၆ဝဝ လောက်ထိ သုံးစွဲကာ ကစားသမား များစွာ ခေါ်ယူလိုက်ပြီးနောက် အသင်း အဝတ်လဲခန်းမှာ သက်ရောက်မှုတွေ ရှိနေတယ်လို့ သတင်း ထွက်ပေါ်လာပါတယ်။ ချယ်ဆီး ကစားသမားတွေဟာ သူတို့ ရောင်းချခံရမှာကို စိုးရိမ်နေကြတာပါ။ ချယ်ဆီးရဲ့ ပြီးခဲ့တဲ့ ဇန်နဝါရီ အသုံးစရိတ်က လာလီဂါ၊ စီးရီအေ၊ ဘွန်ဒက်စ်လီဂါနဲ့ လီဂူးဝမ်း ကလပ်အားလုံးပေါင်း သုံးစွဲမှု ပမာဏထက်တောင် ပိုများပြားနေတာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ချယ်ဆီးမှာ ရှိနေတဲ့ အင်္ဂလန်သားတွေဟာ အနောက်လန်ဒန် ကလပ်မှာ… Continue Reading →

မန်ယူနဲ့ အာဆင်နယ်တို့ ပါဝင်တဲ့ ယူရိုပါလိဂ် ၁၆ သင်း အဆင့် မဲခွဲရလဒ်တွေ ထွက်ပေါ်လာပါပြီ

ဒီနေ့ညနေ ဆွစ်ဇာလန်နိုင်ငံ နီယွန်မြို့မှာ ပြုလုပ်ခဲ့တဲ့ ယူရိုပါလိဂ် ၁၆ သင်း အဆင့် ပွဲစဉ်တွေအတွက် မဲခွဲရလဒ်တွေ ထွက်ပေါ်လာပြီ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ် ကလပ်တွေဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ အာဆင်နယ်တို့က နိုင်ငံတူချင်း ဒီအဆင့်မှာ မတွေ့သေးသလို နှစ်သင်းလုံးကလည်း ဒီအဆင့်မှာ အင်အားကြီးကလပ်တွေနဲ့ ထိပ်တိုက်တွေ့မှာ ရှောင်ရှား နိုင်ခဲ့ကြပါတယ်။ ယူနိုက်တက်က စပိန်ကလပ်ဖြစ်တဲ့ ရီးရဲလ်ဘက်စတစ်နဲ့ အတွဲကျနေခဲ့တာဖြစ်ပြီး အာဆင်နယ်ကတော့ ပေါ်တူဂီကလပ် စပို့တင်းလစ္စဘွန်း နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ ယူရိုပါလိဂ် ၁၆ သင်းအဆင့် မဲခွဲရလဒ်… Continue Reading →

ယူနိုက်တက် နိုင်ပွဲ အတွက် သိပ်ပျော်နေတဲ့ ဗန်ပါစီက ယူရိုပါလိဂ် ဖလားကိုတော့ တခြားအသင်းကို ပေးဖို့ ရွေးချယ်

မန်ချက်စတာ ယူနိုက်တက်ဟာ မနေ့ညက ဘာစီလိုနာကို အိုးထရက်ဖို့ဒ် ကွင်းမှာ ၂-၁ ဖြင့် အနိုင်ရပြီးနောက် ယူရိုပါလိဂ် ၁၆ သင်း အဆင့်ထံ တက်ရောက်သွားပြီ ဖြစ်ပါတယ်။ နောက်တစ်ဆင့်မှာ ယူနိုက်တက်က ဘယ်အသင်းနဲ့ တွေ့တွေ့ အနိုင်ယူဖို့ ကြိုးစားမှာပဲ လို့ ယူနိုက်တက် နည်းပြ တန်ဟက်က ပွဲ အပြီးမှာ ဆိုခဲ့ပြီး သရဲနီဟောင်းကြီး တိုက်စစ်မှုးဟောင်း ဗန်ပါစီကတော့ ဝင်ရောက် နောက်ပြောင်ခဲ့ပါတယ်။ ဗန်ပါစီဟာ ပရီးမီးယားလိဂ်မှာ အာဆင်နယ်၊ မန်ချက်စတာ ယူနိုက်တက် တို့နဲ့ ကစားဖူးသူ… Continue Reading →

မန်ယူကို အနိုင်ယူပြီး ကာရာဘောင်း ချန်ပီယံဖြစ်ရင် နယူးကာဆယ် ရမယ့် ဆုကြေး

နယူးကာဆယ် ကစားသမားတွေဟာ တနင်္ဂနွေနေ့မှာ မန်ချက်စတာ ယူနိုက်တက်နဲ့ ယှဉ်ပြိုင်ကစားပြီး ၄၈ နှစ်အတွင်း ပထမဆုံးသော ဆုဖလားကို အနိုင်ရဖို့ အခွင့်အရေး ရှိနေပါတယ်။ နယူးကာဆယ်အသင်း ကာရာဘောင်းဖလား အနိုင်ရခဲ့မယ်ဆိုရင် ကလပ်ဘက်ကနေပြီး ပြိုင်ပွဲကပေးတဲ့ ဆုကြေးထက် ၁၀ ဆ ပိုများတဲ့ ပမာဏကို ချီးမြှင့်သွားမှာပါ။ ကလပ်ရဲ့ သမိုင်းဝင် အခိုက်အတန့် အမှန်တကယ် ဖြစ်လာခဲ့ရင် ဆုကြေး ချီးမြှင့်ပေးဖို့ ကလပ်ပိုင်ရှင်တွေဘက်က ဆန္ဒ ရှိနေပါတယ်။ ၁၉၅၅ ခုနှစ်က အက်ဖ်အေဖလား အောင်မြင်မှုနောက်ပိုင်း ပထမဆုံးသော ပြည်တွင်းဆုဖလားကို… Continue Reading →

လီဗာပူး တိုက်စစ်မှူးက ပရီးမီးယားလိဂ် ဂန္တဝင်ကြီး ခြေရာ နင်းနိုင်မယ်လို့ ဟောကိန်းထုတ်တဲ့ မိုက်ကယ် အိုဝင်

ပရီးမီးယားလိဂ် ကစားသမားဘဝ ခက်ခဲတဲ့ တာထွက်မှုကို ရင်ဆိုင်ခဲ့ရတဲ့ ဒါဝင် နူးညက်စ်ဟာ ဒီရာသီမှာ သွင်းဂိုး လက်ဆယ်ချောင်းကျော် ရယူထားခဲ့ပြီ ဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်ကို ရင်ဆိုင်ကစားတဲ့ ပွဲမှာ သွင်းယူခဲ့တဲ့ ဂိုးအပါအဝင် ချန်ပီယံလိဂ်မှာ သွင်းဂိုး ၄ ဂိုး ရထားခဲ့ပါပြီ။ သူဟာ ဒီရာသီ လီဗာပူးအတွက် ပြိုင်ပွဲစုံ ၂၉ ပွဲမှာ သွင်းဂိုး ၁၂ ဂိုး၊ ဂိုးထောက်ပံ့မှု ၄ ကြိမ် ရယူလာခဲ့တာပါ။ ဒါဝင်ဟာ ကနဦး ပြောင်းရွှေ့ကြေး ပေါင် ၆၄… Continue Reading →

တန်ဟက်က အရမ်းကို တော်တာပါ၊ ကျနော် သူ့ကို အရမ်းသဘောကျတယ် လို့ စွတ်မြှောက်နေတဲ့ ဇာဗီ

ဘာစီလိုနာ အသင်း နည်းပြ ဇာဗီကတော့ မန်ချက်စတာ ယူနိုက်တက် နည်းပြ တန်ဟက် အပေါ် တောက်လျောက် မနားတမ်း ချီးကျူးမှုတွေ ပြုလုပ်နေပါတယ်။ ပြီးခဲ့တဲ့ နူးကမ့်မှာ ၂-၂ သရေကျခဲ့တဲ့ ပွဲ အပြီးမှာလည်း တန်ဟက်ကို အထူး ချီးကျူးခဲ့ပါသေးတယ်။ ဒီည အိုးထရက်ဖို့ဒ်မှာ ယူနိုက်တက်နဲ့ ဘာစီလိုနာတို့ အဆုံးအဖြတ် ဒုကျော့ ကစားဖို့ ရှိနေပြီး ဒီပွဲ မတိုင်ခင်မှာလည်း ဇာဗီက တန်ဟက်ကို အများကြီး သဘောကျမိကြောင်း ချီးျကျူးစကားတွေ ဆိုခဲ့ပြန်ပါတယ်။ ဇာဗီ က… Continue Reading →

ဘာစီလိုနာကို အနိုင်ယူမယ့်ပွဲ လာကြည့်ကြလို့ ပွဲကြိုမှာ လေတိုက်နေတဲ့ မန်ယူနိုက်တက် နည်းပြ တန်ဟက်

နည်းပြ အဲရစ်တန်ဟက်က မန်ချက်စတာ ယူနိုက်တက် ပရိသတ်တွေကို သူ ဘာပြောခဲ့လဲ ဆိုတာကို လူသိထင်ရှား ဖွင့်ချလာခဲ့ပါတယ်။ နောက်ဆုံး ယှဉ်ပြိုင်ကစားခဲ့တဲ့ လက်စတာနဲ့ ပရီးမီးယားလိဂ်ပွဲကို အနိုင်ရပြီးတဲ့နောက် ကွင်းထဲကနေ ထွက်ခွာသွားခဲ့ချိန် နည်းပြတန်ဟက်က နိုင်ပွဲအတွက် အောင်ပွဲခံနေတဲ့ ပရိသတ်တွေဆီ သွားရောက်ပြီး စကားပြောဆိုမှု လုပ်ခဲ့ပါတယ်။ အဲ့ကိစ္စအတွက် တန်ဟက်က “ ကြာသပတေးနေ့လည်း လာခဲ့ဦးနော်’လို့ ကျွန်တော် ပြောခဲ့တာပါ။ ”လို့ ထုတ်ပြောလာခဲ့ပါတယ်။ ဘာစီလိုနာကို အနိုင်ယူနိုင်မယ်လို့ ယုံကြည်ချက် ရှိနေတဲ့ မန်ချက်စတာ ယူနိုက်တက် နည်းပြက… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!