အာဆင်နယ်အသင်းဟာ မနေ့ညက ဖူလ်ဟမ်ကို အဝေးကွင်း သွားရောက် ရင်ဆိုင်ပြီး ၃-၀ ဖြင့် ဂိုးပြတ် အနိုင်ရခဲ့ပါတယ်။ ထိုပွဲကို ဂန်းနားတို့ ခက်ခဲမယ် ယူဆခဲ့ကြပေမယ့် ထရော့ဆက်ရဲ့ ဟက်ထရစ် ပံ့ပိုးမှုနဲ့ အတူ ၃ဂိုးထိ ဂိုးပြတ်သွားခဲ့တာပါ။ ဂါဘရီရယ်၊ မာတင်နယ်လီနဲ့ အိုဒီဂတ်တို့ ဂိုးတွေ သွင်းယူခဲ့တဲ့ နိုင်ပွဲအပြီးမှာ အာဆင်နယ်ဟာ အမှတ်ပေးဇယား ထိပ်ဆုံးမှာ ၅ မှတ် အသာရမှုကို ဆက်ထိန်းထားနိုင်ခဲ့တယ်။ ဖူလ်ဟမ်နဲ့ ပွဲအပြီးမှာ အာဆင်နယ်အသင်းသားတွေဟာ အဝတ်လဲခန်းအတွင်း ဟိုက်ဘူရီကွင်း (ယခင်ကွင်းဟောင်း) မှာ… Continue Reading →
လက်စတာကို အနိုင်ရခဲ့တဲ့ပွဲအပြီး ဂရေဟမ်ပေါ်တာဟာ မူဒရက်ခ်ကို ရွှန်းရွှန်းဝေအောင် ချီးကျူးသုံးသပ်ခဲ့ပါတယ်။ ပွဲများစွာမှာ မထင်မရှား ဖြစ်ခဲ့ပြီးနောက် အသက် ၂၂ နှစ်အရွယ် ကစားသမားဟာ ကင်းပါဝါကွင်းမှာ အထင်ကြီးစရာ ကောင်းခဲ့ပြီး ဖန်တီးမှုတစ်ကြိမ် ပြုလုပ်ပေးခဲ့ပါတယ်။ မူဒရက်ခ်ဟာ လက်စတာရဲ့ ခံစစ်ကို ဆက်တိုက် ခြိမ်းခြောက်ခဲ့ပြီးတော့ အရင်ပွဲတွေနဲ့စာရင် ပိုပြီး ဗဟိုကျတဲ့နေရာမှာ ကျင်လည်ခဲ့တာပါ။ ပွဲပြီးအင်တာဗျူးမှာ ပေါ်တာက မူဒရက်ခ်အနေနဲ့ ပိုပြီးတော့တောင် ကောင်းလာမယ်လို့ ခန့်မှန်းပေးခဲ့ပြီး ဘာကြောင့် သူက ကြီးမားတဲ့ အောင်မြင်မှုရနိုင်မှာလဲ ဆိုတာကို ပြောပြခဲ့ပါတယ်။ “… Continue Reading →
မန်ချက်စတာ ယူနိုက်တက်နဲ့ ဂိုးမရှိ သရေပွဲ အပြီးမှာ ဆောက်သမ်တန် အသင်း မန်နေဂျာ ရူဘန် ဆဲလက်စ် ကတော့ ဒိုင်လူကြီး အန်တိုနီ တေလာ ဆုံးဖြတ်ချက်တွေ အပေါ် အငြင်းမပွားခဲ့ဘဲ ဒိုင်တွေက သိပ်တော်ပါတယ်လို့ ချီးကျူးသွားခဲ့ပါတယ်။ ဒီပွဲမှာ ကာဆီမီရို အနီကတ် ကိစ္စနဲ့ ပတ်သတ်ပြီး ဒိုင်လူကြီးနဲ့ VAR အပေါ် ဝေဖန်မှုတွေ များစွာ ရှိခဲ့တာပါ။ ယူနိုက်တက် နည်းပြ တန်ဟက် ကိုယ်တိုင် ဒိုင်ရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သတ်လို့ မကျေနပ် စကား… Continue Reading →
ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ရှုံးထွက်အဆင့်က မပြီးသေးဘူးလို့ အန်ဆလော့တီက လီဗာပူးနဲ့ ဒုတိယအကျော့ မတိုင်ခင် ရီးရဲလ်မက်ဒရစ် ကစားသမားတွေကို သတိပေးခဲ့ပြီး မနှစ်က ချယ်ဆီးနဲ့ပွဲကို ဥပမာပေးခဲ့ပါတယ်။ လီဗာပူးဟာ ပြီးခဲ့တဲ့လက အန်ဖီးမှာ ၅-၂ နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် ဒုတိယအကျော့မှာ ပြန်လာနိုင်ဖို့ သိပ်ကို ခဲယဉ်းနေတာပါ။ နူးညက်စ်နဲ့ ဆာလာတို့ရဲ့ အစောပိုင်းဂိုးတွေက လီဗာပူးတို့ ထိန်းချုပ်ထားနိုင်ပြီလို့ ထင်ခဲ့ရပေမယ့် ဗီနီနဲ့ ဘန်ဇီးမားတို့ သွင်းဂိုး ၂ဂိုးစီအပြင် မီလီတာအိုကပါ ဂိုးရခဲ့တာဖြစ်ပါတယ်။ မက်ဒရစ်ဟာ ကွာတားဖိုင်နယ်ကို တက်လှမ်းဖို့… Continue Reading →
© 2023 Myan News — Powered by WordPress
Theme by Anders Noren — Up ↑