မန်ချက်စတာ စီးတီးကတော့ ဒီနေ့ည ဝင်ဘာလေမှာ မန်ချက်စတာ ယူနိုက်တက်နဲ့ ယှဉ်ပြိုင်ခဲ့တဲ့ အက်ဖ်အေဖလား ဗိုလ်လုပွဲမှာ ၂-၁ နဲ့ အနိုင်ရပြီး ဒီရာသီ ဒုတိယမြောက် ဆုဖလားကြီး သိမ်းပိုက်လိုက်ပြီ ဖြစ်ပါတယ်။ စီးတီးဟာ မြို့ခံ ပြိုင်ဘက် ယူနိုက်တက် အား ဘောလုံး ပိုင်ဆိုင်မှု၊ တိုက်စစ်ဆင်မှု များစွာ အသာစီးယူကာ ကစားသွားခဲ့တာပါ။ စီးတီးအတွက် သွင်းဂိုး ၂ ဂိုးလုံးကို ကွင်းလယ်လူ အသင်းခေါင်းဆောင် ဂွမ်ဒိုဂန်က သွင်းယူ သွားခဲ့ပါတယ်။ ဒီညပွဲ ရဲ့ အကောင်းဆုံး… Continue Reading →
ဒီအပတ် လီဂူးဝမ်းပွဲဟာ ပီအက်စ်ဂျီအတွက် မက်ဆီ နောက်ဆုံးကစားပေးတဲ့ ပွဲစဉ် ဖြစ်လာမှာဖြစ်ကာ ဒီနွေမှာ အာဂျင်တီးနား ဂန္တဝင်က ပြင်သစ်ကနေ ထွက်ခွာမယ်လို့ နည်းပြဂယ်တီယာက ထုတ်ပြောခဲ့ပါတယ်။ အနာဂတ်မှာ မက်ဆီ ပြောင်းရွှေ့ကစားနိုင်တဲ့ ကလပ် ၅ သင်းကို Givemesport က အခုလို ဖော်ပြသွားပါတယ်။ ဘာစီလိုနာ ဘာစီလိုနာဟာ ဘဏ္ဍာရေးဆိုင်ရာ ပြဿနာတွေ ရှိနေတာပါ။ ဒါပေမယ့်လို့ သူတို့ဟာ ကစားသမား အများအပြားကို ထွက်ခွင့်ပေးခြင်းနဲ့အတူ ဒီနွေမှာ ပီအက်စ်ဂျီကထွက်မယ့် မက်ဆီကို ပြန်လည် ခေါ်ယူမယ် သတင်းကြီးနေပါတယ်။… Continue Reading →
မန်ချက်စတာ မြို့ခံ နှစ်သင်း ဖြစ်တဲ့ စီးတီးနဲ့ယူနိုက်တက် တို့ဟာ ဒီနေ့ စနေနေ့ည မြန်မာစံတော်ချိန် ၈နာရီခွဲ အချိန်၊ ဝင်ဘာလေကွင်းကြီးမှာ အက်ဖ်အေဖလား ဖိုင်နယ်ပွဲ အဖြစ် ထိပ်တိုက်တွေ့ကာ ဗိုလ်လုကြတော့မှာ ဖြစ်ပါတယ်။ ဒီပွဲစဉ်အတွက် ပရီးမီးယားလိဂ် ဆရာကြီးတွေ ဖြစ်ကြတဲ့ မီကာရစ်ချက်၊ ခရစ်ဆက်တန်၊ မာတင်ကီယွန် တို့ ကတော့ အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။ မီကာရစ်ချက် ခန့်မှန်းချက် စီးတီးက ဘောလုံးပိုင်ဆိုင်မှုကတော့ အသာရမှာပဲ။ ဒါပေမယ့် ဒါက ပွဲရလဒ်အပေါ် တိုက်ရိုက်ကြီး သက်ရောက်မယ်တော့… Continue Reading →
မန်စီးတီးနဲ့ မန်ချက်စတာ ယူနိုက်တက် တို့ ထိပ်တိုက် တွေ့တဲ့ အက်ဖ်အေဖလား ဗိုလ်လုပွဲ ကတော့ မနက်ဖြန် စနေနေ့ည ၈ နာရီခွဲ အချိန်မှာ ယှဉ်ပြိုင် ကစားတော့မှာပါ။ ဝါရင့် ဆရာကြီး ဖြစ်တဲ့ ဂန်းနားဟောင်းကြီး ပေါမာဆန်ကတော့ အက်ဖ်အေဖလား ဗိုလ်လုပွဲ အတွက် အခုလို သုံးသပ် ခန့်မှန်းထားပြီ ဖြစ်ပါတယ်။ အက်ဖ်အေဖလား ဖိုင်နယ်ကတော့ မန်ချက်စတာ ယူနိုက်တက် အတွက် သူတို့ မြို့ခံပြိုင်ဘက်အသင်း ဖလား ၃ လုံးရသွားမှာကို တားဆီးနိုင်တဲ့ တခုတည်းသော… Continue Reading →
© 2023 Myan News — Powered by WordPress
Theme by Anders Noren — Up ↑