Month

August 2023

ပိုချက်တီနို လက်ထက် ၄ ပွဲဆက် ကစားနေတဲ့ ချယ်ဆီး အသင်းသား ဒဏ်ရာ ရသွားတဲ့ အခြေအနေ

ချယ်ဆီးအသင်းရဲ့ မနေ့ညက ဝင်ဘာဒန်အသင်းကို ၂-၁ ဖြင့် အနိုင်ရတဲ့ ကာရာဘောင်း ဒုတိယအကျော့ ပွဲစဉ်မှာ ခံစစ်မှူး ကိုးဝဲလ်ဟာ အသေးစား ဒဏ်ရာ ရခဲ့ပါတယ်။ နည်းပြ ပိုချက်တီနို လက်အောက်မှာ ၄ ပွဲဆက် ပွဲထွက်ထားတဲ့ ကိုးဝဲလ်ဟာ မနက်က ပွဲမှာတော့ နည်းနည်း ထိခိုက်မှုရှိခဲ့တာပါ။ အသက် ၂၀ အရွယ် ခံစစ်မှူးဟာ ခြေကျင်းဝတ်မှာ ရေခဲအုပ်ထားပြီး ပရိသတ်တွေကို လိုက်နှုတ်ဆက်နေတဲ့ မြင်ကွင်းက စိတ်ပူစရာ ဖြစ်ခဲ့ပါတယ်။ ကိုးဝဲလ်ရဲ့ ခြေကျင်းဝတ် ဒဏ်ရာအကြောင်း မေးရာမှာ… Continue Reading →

ဘယ် အသင်း လာလာ ကြိတ်မယ်၊ ချန်ပီယံလိဂ် ယူမယ် လို့ ကြုံးဝါးလာတဲ့ မန်ယူ နောက်ခံလူ ဘစ်ဆာကာ

ဒီရာသီ ဥရောပ ချန်ပီယံလိဂ်ပြိုင်ပွဲ ရဲ့ အုပ်စုအဆင့် မဲခွဲမှုတွေကတော့ ဒီနေ့ ကြာသပတေးနေ့ ညနေမှာ ပြုလုပ်တော့မှာ ဖြစ်ပါတယ်။ မန်ချက်စတာ ယူနိုက်တက် နောက်ခံလူ အေရွန် ဝမ်ဘစ်ဆာကာ ကတော့ ဥရောပ ထိပ်တန်း ပြိုင်ပွဲ တစ်ခု ဖြစ်တဲ့ ချန်ပီယံလိဂ်မှာ ပြန် ပါဝင်ခွင့် ရတဲ့ အပေါ် စိတ်လှုပ်ရှား ကျေနပ်နေပြီး ဖလားရ ဗိုလ်စွဲဖို့ထိ ကြိုးစားမယ့် အကြောင်း ယူနိုက်တက် ဝက်ဘ်ဆိုဒ်ကနေ အင်တာဗျူး ဖြေကြားသွားခဲ့ပါတယ်။ ” ကျနော်တို့ ရင်ခုန်နေပါတယ်။… Continue Reading →

ဒီည ချန်ပီယံလိဂ် အုပ်စုအဆင့်အတွက် မဲခွဲပွဲ၊ မဲအိုးများနဲ့ အုပ်စုကြပ်သွားနိုင်တဲ့ မန်ချက်စတာကလပ်များ

၂၀၂၃-၂၀၂၄ ဘောလုံးရာသီ ဥရောပ ချန်ပီယံလိဂ် ပြိုင်ပွဲ ပြန်လည် စတင်လာဖို့ နီးစပ်နေပြီဖြစ်ကာ အုပ်စုအဆင့် မဲခွဲမှုကို ဒီနေ့ညနေမှာ ပြုလုပ်တော့မှာ ဖြစ်ပါတယ်။ မနှစ်ကရာသီ ဖလား ၃ လုံး ချန်ပီယံ မန်စီးတီးဟာ လက်ရှိ ချန်ပီယံဖြစ်ပြီး ချန်ပီယံဆုကို ကာကွယ်သွားမှာပါ။ မနှစ်က စီးရီးအေ ကလပ် အင်တာမီလန်ဟာ ပြိုင်ဘက်ဖြစ်ခဲ့ကာ ဖိုင်နယ်မှာ ၁-၀ ဖြင့် မန်စီးတီးကို အရေးနိမ့်ခဲ့ပါတယ်။ ချန်ပီယံလိဂ် မဲအိုးတွေကတော့ အတည်ပြု ထွက်ပေါ်လာပြီ ဖြစ်ရာ အောက်ပါအတိုင်း ဖြစ်ပါတယ်။… Continue Reading →

ဆာလာကို ကမ်းလှမ်းတဲ့ ပမာဏက နည်းနည်းနောနော မဟုတ်ပါဘူး၊ သူ လီဗာပူး က ထွက်မှာလို့ အခိုင်အမာ ပြောလာသူ

လီဗာပူး တိုက်စစ်မှုး မိုဟာမက် ဆာလာ က ဒီအပတ် ဈေးကွက် ပိတ်ချိန်မှာပဲ လီဗာပူးအသင်း ကနေ ထွက်ခွာလိမ့်မယ်လို့ ပရီးမီးယား လိဂ် ကွင်းလယ်လူဟောင်း Jan Aage Fjortoft က အခိုင်အမာ ဆိုလာပါတယ်။ လီဗာပူးအသင်းဟာ ဆာလာကို လုံးဝ လက်မလွတ်လိုတာကြောင့် ဆော်ဒီကလပ် Al-Ittihad အသင်းရဲ့ ချဉ်းကပ်မှုကို ပယ်ချထားတာပါ။ နယူးကာဆယ် ပွဲအပြီးမှာ နည်းပြကလော့ပ်က ဆာလာရဲ့ ဇာတ်လမ်းတွေဟာ သူ့အတွက်တော့ အဆုံးသတ်သွားပြီ၊ အသင်းက ထွက်မှာ မဟုတ်တော့ဘူး လို့… Continue Reading →

Transfer Deadline Day အမှီ မန်ယူ ခေါ်ယူဖို့ ကြိုးစားနေတဲ့ ပစ်မှတ် ကစားသမားများနဲ့ အလားအလာ

မန်ချက်စတာ ယူနိုက်တက်ဟာ ဖီအိုရင်တီးနား ကွင်းလယ်လူ အမရာဘတ်ကို ဒီအပတ်မှာ ခေါ်ယူနိုင်ရေး ကြိုးစားနေပြီဖြစ်ကြောင်း နာမည်ကြီး သတင်းထောက် David Ornstein က ဖော်ပြလာပါတယ်။ အသက် ၂၇ နှစ်အရွယ် ကွင်းလယ်လူနဲ့ ဒီနွေဈေးကွက် တစ်ခုလုံး သတင်းထွက်နေခဲ့ရာမှာ အခုကတော့ အငှားခေါ်ယူရေး သဘောတူညီမှုချက်ရဖို့ ကြိုးစားလာတာ ဖြစ်ပါတယ်။ အမရာဘတ်ဟာ စီးရီးအေကလပ်နဲ့ ၂၀၂၄ ခုနှစ်ထိ စာချုပ်ရှိထားပြီး နောက်ထပ် ၁၂ လ သက်တမ်းတိုးခွင့် ရှိထားပါတယ်။ ယူနိုက်တက် ရင်ဆိုင်နေရတဲ့ FFP စည်းမျဉ်းဆိုင်ရာ… Continue Reading →

ဝေဖန်မှု မခံနိုင်ဘဲ လာဆက်သွယ် စကားပြောတဲ့ အာဆင်နယ် အသင်းသား အကြောင်း ရီယို ဖာဒီနန် ဖော်ထုတ်သွား

သရဲနီဟောင်းကြီး ရီယို ဖာဒီနန်က ပြီးခဲ့တဲ့ရာသီ အာဆင်နယ် နောက်ခံလူ ဂါဘရီရယ် မက်ဂါဟေးစ်ကို ဝေဖန်မှုတွေ ပြုလုပ်ပြီးနောက် ကစားသမားက သူ့ကို တိုက်ရိုက် မက်ဆေ့ပို့ ဆက်သွယ် လာခဲ့ကြောင်းကို ဖော်ထုတ်လာပါတယ်။ ပြီးခဲ့တဲ့ရာသီတုန်းက ဂါဘရီရယ်ရဲ့ သွေးဆူလွယ်မှု၊ စိတ်မြန်လက်မြန် လုပ်ချက်၊ ဆုံးဖြတ်ချက်တွေ အပေါ် ဖာဒီနန်က မကြာခဏ ဝေဖန်ဖူးပြီး ဂါဘရီရယ်ရဲ့ အပြုအမူတချို့က အာဆင်နယ် အသင်း အမှတ်တချို့ လျော့သွားသည်ထိ ထိခိုက်ခဲ့ဖူးပါတယ်။ ဒီရာသီမှာတော့ အာတီတာကလည်း ဖာဒီနန် ပြောခဲ့သလို သံသယတွေ ဝင်လာဟန်… Continue Reading →

မန်ယူကို စိတ်ပျက်နေတဲ့ ပစ်မှတ်၊ စီးတီးထံ သွားဖို့ ဝုဗ်အား ဖိအားပေးနေတဲ့ နူးနက်စ်၊ လူသစ် ခေါ်နိုင်သေးတဲ့ ချယ်ဆီးနဲ့ အပြောင်းအရွှေ့ သတင်းထူးများ

မန်စီးတီးဟာ ဝုဗ် ကွင်းလယ်လူ နူးနက်စ်အတွက် ဒုတိယမြောက် ကမ်းလှမ်းမှု ပေးမှာဖြစ်ကာ ပေါင် ၄၇ သန်းထက် ပိုများမှာ ဖြစ်ပါတယ်။ နူးနက်စ်ကလည်း မန်စီးတီးထံ ပြောင်းရွှေ့ခွင့် ရဖို့ အသင်းနဲ့ လေ့ကျင့်ခန်း မဆင်းဘဲ ဖိအားပေးနေပါတယ်။ မန်ချက်စတာ ယူနိုက်တက်ဟာ ကွင်းလယ်နေရာ အတွက် ဖီအိုရင်တီးနားမှ အမရာဘတ်ထက် စပါးမှ ဟော့ဂျက်ကို ပိုမို စိတ်ဝင်စားနေပြီ ဖြစ်ပါတယ်။ အမရာဘတ်ရဲ့ အေးဂျင့်တွေကတော့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ယူပြီးမှ အခုထိ ကမ်းလှမ်းမလာတဲ့ ယူနိုက်တက်ကို စိတ်ပျက်နောကပါတယ်။… Continue Reading →

အသင်းဟောင်း အာဆင်နယ်နဲ့ ချယ်ဆီးတို့ရဲ့ ပရီးမီးယားလိဂ် စိန်ခေါ်နိုင်စွမ်းတွေ အပေါ် ဖာဘရီဂတ်စ် သုံးသပ်

ချယ်ဆီးနဲ့ အာဆင်နယ် အသင်းတို့မှာ ကစားသွားဖူးတဲ့ ပရီးမီးယားလိဂ် ကြယ်ပွင့်ဟောင်း ဖာဘရီဂတ်စ်က ဒီရာသီမှာ အာဆင်နယ်တို့ အမှတ်ပေးဖလား ထပ်မံ စိန်ခေါ်လာလိမ့်မယ်လို့ ထင်မြင်ချက် ပေးလာပါတယ်။ အသုံးစရိတ် ပေါင် သန်း ၂၀၀ ထုတ်ပြီး ဟာဗက်၊ ရိုက်စ်၊ တင်ဘာနဲ့ ယာယာတို့ကို ခေါ်ယူထားခြင်းဟာ အာဆင်နယ် ကို ပိုပြီး တောင့်တင်းလာစေပါတယ်။ အထူးသဖြင့် ဒီကလန်ရိုက်စ်ကို ခေါ်ယူနိုင်ခြင်းဟာ အာဆင်နယ်ကို မနှစ်ကထက် အရည်အချင်းပိုင်း ပိုတိုးတက်လာစေတာပါ။ ‘ အာဆင်နယ်က ဒီရာသီ ပရီးမီးယားလိဂ်ကို ထပ်မံ… Continue Reading →

မင်းတို့က ဘာကောင်တွေမို့ ဘရူနို ကို ပြောရတာလဲ လို့ ရှေ့ကနေ ကာကွယ်ပေးလာတဲ့ သရဲနီဟောင်းကြီး

မန်ချက်စတာ ယူနိုက်တက် အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ်ကို ဝေဖန်ကြသူတွေအား သရဲနီဟောင်းကြီး ရီယို ဖာဒီနန်ကတော့ ချက်ကျလက်ကျ တုန့်ပြန်မှု ပြုလုပ်လိုက်ပြီ ဖြစ်ပါတယ်။ ဘရူနို ဖာနန်ဒက်စ်လို အခွင့်အရေးတွေ အများကြီး လုပ်နိုင်တဲ့ ကစားသမား တစ်ဦးကို ဝေဖန်ကြတာဟာ အဓိပ္ပာယ်မရှိတဲ့ လုပ်ရပ်လို့ ဖာဒီနန်က ယူဆထားပါတယ်။ ပေါ်တူဂီသား ကွင်းလယ်သမား ဟာ ပြိုင်ဘက်တွေထဲမှာတင် မဟုတ်ဘဲ မန်ယူနိုက်တက် ပရိသတ်တွေ ကြားထဲမှာပါ မကြာခဏ ဝေဖန်ခံရလေ့ရှိသူ ဖြစ်ပါတယ်။ ” အရင်အပတ်က ဘရူနို ဖာနန်ဒက်စ်… Continue Reading →

© 2023 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!