မန်ချက်စတာ ယူနိုက်တက်ဟာ ဒီည အိုးထရက်ဖို့ဒ်မှာ ခရစ္စတယ်ပဲလေ့စ်ကို ဧည့်ခံ ကစားခဲ့ရာ ပြီးခဲ့တဲ့ ကာရာဘောင်းပွဲ လို မျက်နှာပန်း မလှတော့ဘဲ့ ၁-ဝ နဲ့ ရှုံးနိမ့်သွားခဲ့ရပါတယ်။ ဒီရှုံးပွဲပြီးတဲ့နောက် မန်ချက်စတာ ယူနိုက်တက်ဟာ ၃၄ နှစ်အတွင်း အဆိုးရွားဆုံး တာထွက်ကို ပိုင်ဆိုင်သွားခဲ့ပါပြီ။ ဒီရာသီ ပထမဆုံးအကြိမ် အဖြစ် ပြိုင်ပွဲစုံ ၃ ပွဲဆက် အနိုင်ရလဒ် ရနိုင်ဖို့ မျှော်လင့်ခဲ့ပေမယ့် မန်ယူနိုက်တက်ဟာ ဒီပွဲမှာ ပဲလေစ့်ရဲ့ မာကျောမှုကို မယှဉ်နိုင်ခဲ့ပါဘူး။ ကစားပုံမဆိုးပေမယ့် နည်းစနစ်ပိုင်းအရတော့ နည်းပြ… Continue Reading →
နည်းပြ အာတီတာရဲ့ အာဆင်နယ်အသင်းမှာ အသေးစား ဒဏ်ရာ ပြဿနာတွေ ရှိနေတာကြောင့် ဒီအပတ် ဘုန်းမောက်ပွဲ အတွက် လူစာရင်း ရွေးချယ်မှုက အနည်းငယ် ခက်ခဲနိုင်ပါတယ်။ ကြားရက်မှာ ချန်ပီယံလိဂ် ကစားရဖို့ ရှိသလို၊ နောက်အပတ်မှာ မန်စီးတီးနဲ့ ရင်ဆိုင်ရဖို့ ရှိနေတာမို့ ဒဏ်ရာရ ကစားသမားစာရင်း နည်းပါးလာရေးက အာဆင်နယ်အတွက် အရေးကြီးလာနေပါပြီ။ နည်းပြ အာတီတာက သူ့ရဲ့ ဒဏ်ရာရ ကစားမသားတွေ အခြေအနေကို ဘုန်းမောက်နဲ့ ပွဲကြိုမှာ အခုလို အတည်ပြ သွားခဲ့ပါတယ်။ ” ဒီကလန်ရိုက်စ်… Continue Reading →
ဒီနေ့ စနေနေ့မှာတော့ ပရီးမီးယားလိဂ် ပွဲကြီးပွဲကောင်းအဖြစ် အဆင့် ၂ နေရာက လီဗာပူးနဲ့ အဆင့် ၄ နေရာက စပါးတို့ လန်ဒန်ကွင်းကြီးမှာ ထိပ်တိုက်တွေ့ကြမှာ ဖြစ်ပါတယ်။ နှစ်သင်းလုံးဟာ ဒီရာသီမှာ လူစာရင်း အပြောင်းအလဲတွေ လုပ်ထားကြပြီး စွမ်းဆောင်ရည်ကောင်းတွေ ပြသနေတာပါ။ ပိုစတီကိုဂလူး လက်အောက် စပါးအသင်းက တိုက်စစ်အသားပေး ကစားနေပြီး ယာဂင်ကလော့ပ်ရဲ့ Liverpool 2.0 ကလည်း တိုက်စစ်ပိုင်း ခြေစွာနေတာ ဖြစ်ပါတယ်။ စပါးအသင်းဟာ ရာသီစ ၇ ပွဲမှာတင် မန်ယူနိုက်တက်၊ အာဆင်နယ်၊… Continue Reading →
ဘောလုံးပွဲစဉ်တွေ သုံးသပ်နေကြ ဝါရင့်ကြီး ဖြစ်တဲ့ ဂန်းနားဟောင်းကြီး ပေါမာဆန်ရဲ့ ဒီတပတ် ပရီးမီးယားလိဂ် ပွဲကြို သုံးသပ်ချက်နဲ့ ခန့်မှန်းရလဒ်တွေက အောက်ပါ အတိုင်း ဖြစ်ပါတယ်။ ဘုန်းမောက် v အာဆင်နယ် နောက်အပတ် မန်စီးတီးကို ရင်ဆိုင်ရမယ့်ပွဲ မတိုင်ခင် အာဆင်နယ်တို့ နိုင်မှကိုဖြစ်မယ့် ပွဲစဉ်ပါပဲ။ ဒီပွဲမှာ အာဆင်နယ်အသင်း အနိုင် ၃ မှတ် ရသွားမယ် ထင်ပါတယ်။ ပေါမာဆန် ခန့်မှန်းရလဒ်။ ။ ဘုန်းမောက် 0-2 အာဆင်နယ် မန်ယူနိုက်တက် v ပဲလေစ့်… Continue Reading →
ဒီတပတ် ကစားကြမယ့် ပရီးမီးယားလိဂ် ပွဲစဉ်တွေအတွက် ဘီဘီစီမှ ပင်တိုင် သုံးသပ် ခန့်မှန်းသူ ခရစ်ဆက်တန်ရဲ့ ပွဲကြို သုံးသပ်ချက်နဲ့ ရလဒ် ခန့်မှန်းတွေ က အောက်ပါအတိုင်း ဖြစ်ပါတယ်။ ဘုန်းမောက် v အာဆင်နယ် ဘုန်းမောက်ကို ယုံကြည်လို့ မရပါဘူး။ မန်နေဂျာသစ် ဝင်လာပေမယ့် ပိုတိုးတက်လာရဲ့လား မသေချာပါဘူး။ ဒီပွဲအတွက် အာဆင်နယ် လူစာရင်းက ထိခိုက်မှုတွေ ရှိထားပေမယ့်လို့ နိုင်ပွဲရမယ် ထင်မိဆဲပါ။ ဆက်တန် ခန့်မှန်းရလဒ်။ ။ ဘုန်းမောက် 0-1 အာဆင်နယ် မန်ချက်စတာယူနိုက်တက်… Continue Reading →
ကြာသပတေးနေ့ နံနက် အစောပိုင်းက ကာရာဘောင်းဖလား ပြိုင်ပွဲ စတုတ္ထအဆင့် မဲခွဲရလဒ်တွေ ထွက်ပေါ်လာခဲ့ရာမှာ မန်ချက်စတာ ယူနိုက်တက်ဟာ ပြိုင်ဘက် အဖြစ် နယူးကာဆယ်အသင်းနဲ့ တွေ့နေပြီး အိုးထရက်ဖို့ဒ် ကွင်းမှာ ယှဉ်ပြိုင်ဖို့ မဲခွဲရလဒ် ထွက်ခဲ့ပါတယ်။ ဒါဟာ ယူနိုက်တက်တို့ ပြည်တွင်း ဖလားပွဲတွေမှာ ၁၂ ကြိမ် ဆက်တိုက် အိမ်ကွင်းမှာ ဧည့်ခံယှဉ်ပြိုင်ဖို့ မဲကျခဲ့ခြင်း ဖြစ်ကာ ဗြိတိန် ဘောလုံးလောကအတွက် စံချိန်သစ်လည်း ဖြစ်ပါတယ်။ ဒါဟာ အပုံ ၄ဝ၉၄ ပုံမှာ ၁ ပုံသာ… Continue Reading →
မန်ချက်စတာ ယူနိုက်တက်မှာ ခြေစွမ်းပြနေပြီ ဖြစ်တဲ့ ကွင်းလယ်လူသစ် အမရာဘတ် ကို လီဗာပူးအသင်းက မခေါ်ခဲ့တာလား၊ မရခဲ့တာလားလို့ ဒီတလောမှာ မေးခွန်းတွေ ထွက်ပေါ်နေပါတယ်။ လီဗာပူးအသင်းဟာ ဒီနွေဈေးကွက်မှာ ကွင်းလယ်လူ အများအပြားဖြင့် အပြောင်းအရွှေ့ ချိတ်ဆက်မှု လုပ်ခဲ့ပေမယ့် အမရာဘတ်တော့ မပါခဲ့ပါဘူးလို့ အပြောင်းအရွှေ့ ဂုရု သတင်းထောက် ရိုမန်နိုက ဖော်ထုတ်ခဲ့ပါတယ်။ လီဗာပူးအသင်းဟာ ကိုင်ဆီဒို၊ လာဗီယာ တို့ကို မခေါ်ယူနိုင်တဲ့နောက် အမရာဘတ်ကို ခေါ်ယူဖို့ ဝင် ကြိုးစားခဲ့တယ်။ ဒါပေမယ့် ကစားသမားက ယူနိုက်တက်ကို ရွေးချယ်ခဲ့တာမို့… Continue Reading →
ချယ်ဆီးအသင်းဟာ မနေ့ညက ကစားသွားတဲ့ ကာရာဘောင်း လိဂ်ဖလား တတိယအဆင့် ပွဲစဉ်မှာ ဘရိုက်တန် အသင်းကို ၁-ဝ နဲ့ နိုင်ကာ နောက်တစ်ဆင့် တက်သွားခဲ့ပြီ ဖြစ်ပါတယ်။ ဒီပွဲမှာ ဂိုးမိုးခေါင်နေတဲ့ တိုက်စစ်မှုး နစ်ကိုးလပ်စ် ဂျက်ဆန် ဂိုးသွင်းနိုင်ခဲ့တာကလည်း ကျေနပ်စရာ ဖြစ်ခဲ့တာပါ။ ဂျက်ဆန် ရဲ့ သွင်းဂိုးက တစ်ချက်ခုတ် ၃ ချက်လောက် ပြတ်သွားကာ ချယ်ဆီးအသင်းကို များစွာ အကျိုး ဖြစ်စေခဲ့ပါတယ်။ ဒီနိုင်ပွဲကြောင့် ချယ်ဆီးအသင်းက ဖလားပွဲမှာ နောက်တစ်ဆင့် တက်နိုင်ခဲ့သလို ဒီစက်တင်ဘာလ… Continue Reading →
အာဆင်နယ်အသင်းဟာ မနေ့ညက ဘရန့်ဖိုဒ့်ကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်တဲ့ ကာရာဘောင်းပွဲစဉ်မှာ နယ်ဆန်ရဲ့ တစ်လုံးတည်းသော သွင်းဂိုးဖြင့် အနိုင်ရခဲ့ပါတယ်။ ဘရန့်ဖိုဒ့်အသင်းရဲ့ အပိုင် အခွင့်အရေးကို ဂိုးလိုင်းနားမှာ ခန္ဓာကိုယ်ကို ပစ်ဝင်ပြီး ကာကွယ်နိုင်ခဲ့ခြင်းအတွက် ကီဝီအာကို ချီးကျူးနေကြပါတယ်။ ကာရာဘောင်းဖလား စတုတ္ထအဆင့်မှာတော့ အာဆင်နယ်ဟာ လန်ဒန်ဒါဘီအဖြစ် အဝေးကွင်းမှာ ဝက်စ်ဟမ်းအသင်းကို သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ မန်စီးတီးကတော့ တတိယအဆင့်မှာတင် နယူးကာဆယ်ကို ရှုံးနိမ့်ပြီး ထွက်သွားရပါပြီ။ ပွဲထွက်လူစာရင်းမှာ ခေါက်ထားခံရပြီးနောက် ပြန်ကစားရတဲ့ ဂိုးသမား ဘရန့်ဖိုဒ့်ပွဲမှာ ရမ်စ်ဒယ်… Continue Reading →
© 2025 Myan News — Powered by WordPress
Theme by Anders Noren — Up ↑