Date

September 6, 2023

မန်ချက်စတာ ယူနိုက်တက်ရဲ့ ဒီရာသီ ချန်ပီယံလိဂ် ပြိုင်ပွဲဝင်မယ့် ၂၅ ဦး လူစာရင်း ထွက်ပေါ်

မန်ချက်စတာ ယူနိုက်တက်ဟာ ဒီရာသီ ချန်ပီယံလိဂ် အုပ်စု အဆင့် ပြိုင်ပွဲဝင်မယ့် ၂၅ ဦး လူစာရင်းကို တင်သွင်းခဲ့ပြီ ဖြစ်ပါတယ်။ ထို လူစာရင်းမှာ ပေါင် သန်း ၄ဝ နဲ့ ခေါ်ယူခဲ့တဲ့ ဗန်ဒီဘိခ်တော့ မပါဝင်လာပါဘူး။ အုပ်စု အဆင့် ပွဲတွေဟာ ဒီလ နှောင်းပိုင်းမှာ ယှဉ်ပြိုင် ကစားရမှာ ဖြစ်ပြီး ယူနိုက်တက် အုပ်စုတွင်း ပြိုင်ဘက်တွေထဲမှာ ဘိုင်ယန်မြူးနစ်လို အင်အားကြီး ပါဝင်သလို ကိုပင်ဟေဂင်နဲ့ ဂါလာတာစာရေးတို့လည်း ရှိနေပါတယ်။ ဒီနွေမှာ ခေါ်ယူထားတဲ… Continue Reading →

ဆန်ချိုရဲ့ သဘောထား ပုံမလာကြောင်း အစောကြီးတည်းက ကြိုပြောဖူးတဲ့ မန်စီးတီး နည်းပြ ပက် ဂွာဒီယိုလာ

မန်ချက်စတာ ယူနိုက်တက် တောင်ပံ တိုက်စစ်သမား ဆန်ချိုဟာ ပွဲထွက်လူစာရင်းမှာ နေရာမရတဲ့နောက် နည်းပြ တန်ဟက်နဲ့ မကျေမလည်မှုတွေ ရှိနေကြောင်း လူသိရှင်ကြား ဖြစ်လာခဲ့ပါပြီ။ အင်္ဂလန် လက်ရွေးစင် ကစားသမားဟာ ဒေါ့မွန်ကနေ ယူနိုက်တက်ထံ ပေါင် ၇၃ သန်းဖြင့် ပြောင်းလာခဲ့ကတည်းက သူ့ရဲ့ အစွမ်းအစ ကို ပြသနိုင်ခြင်း မရှိပါဘူး။ တိုက်စစ်သမားကတော့ ယူနိုက်တက်က သူ့ရဲ့ အခြေအနေကို စိတ်ပျက်နေဟန် ရှိပါတယ်။ ဆန်ချိုနဲ့ ဖိုဒန်တို့ဟာ မန်စီးတီး အကယ်ဒမီကနေ အတူတူ ပေါ်ထွက်လာကြတာပါ။ ၂၀၁၉… Continue Reading →

ဒီလအတွင်း ဆော်ဒီလိဂ်ထံ ပြောင်းသွားနိုင်ဆဲ ဒိတ်ဒိတ်ကြဲ ကစားသမား ၁၀ ဦး

ဆော်ဒီပရိုလိဂ်ဟာ သူတို့ရဲ့ စျေးကွက်ကို ချဲ့ထွင်ဖို့အတွက် ဥရောပ ဘောလုံးစျေးကွက်မှ နာမည်ကျော် ကစားသမားတွေကို ပြီးခဲ့တဲ့ လတွေအတွင်း ခေါ်ယူလာခဲ့တာ ဖြစ်ပါတယ်။ ဥရောပစျေးကွက်တွေ ပိတ်ကုန်ပြီဖြစ်ပေမယ့် လက်ရှိ အချိန်ထိ တူရကီစျေးကွက် ဆက်ဖွင့်နေဆဲဖြစ်တယ်။ ဒါ့အပြင် ဆော်ဒီလိဂ်ရဲ့ အပြောင်းအရွှေ့ စျေးကွက်ကလည်း ဒီလ အလယ်လောက်ထိ ဆက်ရှိနေဦးမှာဖြစ်ပါတယ်။ ဒါကြောင့် ဒီလအတွင်း ဆော်ဒီလိဂ်ထံ ရောက်ရှိသွားနိုင်တဲ့ ကစားသမားတွေကို ဖော်ပြသွားပါမယ်။ မိုဆာလာ ဆော်ဒီကလပ်တွေဟာ လီဗာပူးတိုက်စစ်မှူး မိုဆာလာကို ခေါ်ယူလိုနေပြီး ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးရှင်အဖြစ် ကမ်းလှမ်းဖို့ အဆင်သင့်ဖြစ်နေပါတယ်။… Continue Reading →

ယူရိုပါလိဂ် ပြိုင်ပွဲ ပါဝင်ကစားမယ့် လီဗာပူး လူစာရင်းကနေ ဝါရင့် စီနီယာ တစ်ဦးအား ယာဂင်ကလော့ပ် ဖယ်ထုတ်

လီဗာပူးအသင်းဟာ ယူရိုပါလိဂ် လူစာရင်းမှာ အသင်း စီနီယာ ကစားသမား တစ်ဦးကို ဖယ်ထုတ်လိုက်ပါတယ်။ ယူအီးအက်ဖ်အေနဲ့ ပရီးမီးယားလိဂ် စည်းမျဉ်း သတ်မှတ်ချက်တွေဟာ အနည်းငယ် ကွဲပြားနေတာကြောင့် ယာဂင်ကလော့ပ်က သူ့ရဲ့ လူစာရင်း ရွေးချယ်ရေးမှာ စဉ်းစားစရာတွေ ရှိလာနေခဲ့တာပါ။ ကလော့ပ်က ဥရောပပွဲ ကစားမယ့် လီဗာပူး လူစာရင်းကနေ ဝါရင့် ဂိုးသမား အတ်ဒရီယန် ကို ဖယ်ထုတ်လိုက်ပြီး လူငယ် ကစားသမား ဗန်ဒုတ်ကို ထည့်သွင်းသွားမယ် လို့ သိရပါတယ်။ ယူအီးအက်ဖ်အေထံ စီနီယာ ကစားသမား ၂၅… Continue Reading →

© 2023 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!