ဒီရာသီ အာဆင်နယ်အသင်း လူစာရင်း တောင့်တင်းလာမှုနဲ့ ရိုက်စ်ကို ခေါ်ယူနိုင်ခဲ့မှုတွေကို အတော်လေး အထင်ကြီးစရာ ဖြစ်ပေမယ့် ပရီးမီးယားလိဂ် ရဖို့တော့ မဖြစ်နိုင်ဘူးလို့ ပရီးမီးယားလိဂ် ကစားသမားဟောင်းကြီး ရော်ဘီ ဆားဗေ့ချ်က ယူဆထားပါတယ်။ ရော်ဘီ ဆားဗေ့ချ်က “ ယူနိုက်တက်နဲ့ ပွဲမှာ ရိုက်စ် သိပ်ကောင်းပါတယ်။ ဝေဖန်ခံနေရပေမယ့် ဟာဗက်ကလည်း ကောင်းလာဦးမှာပါ။ အာဆင်နယ်အတွက် အိုဒီဂတ်က ဂိုးသွင်းနိုင်ခဲ့ပြီး သူတို့ ကွင်းလယ်က တော်တော် သန်မာပါတယ်။ အိုဒီဂတ်နဲ့ ရိုက်စ် အတွဲက ပိုကောင်းလာဖို့ပဲရှိတယ်။ ရိုက်စ်ဆိုရင် ခံစစ်အတွက်တင်… Continue Reading →
မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှုး ဟွိုင်လန်းကတော့ သူ ပါဝင် ကစားဖို့ မစောင့်နိုင်အောင် ဖြစ်နေတဲ့ ပွဲစဉ် ရှိနေကြောင်း ဖွင့်ဟလာပါတယ်။ မန်ချက်စတာ ယူနိုက်တက်ရဲ့ ချန်ပီယံလိဂ် အုပ်စုတွင်း ပြိုင်ဘက်တွေထဲမှာ ဟွိုင်လန်း ရဲ့ အသင်းဟောင်း ကိုပင်ဟေဂင် လည်း ပါဝင်နေပါတယ်။ ကိုပင်ဟေဂင် အသင်းမှာ ဟွိုင်လန်းအတွက် ပို ရင်ခုန်စရာ ဖြစ်တာက သူ့ရဲ့ အမွှာညီတွေ ဖြစ်တဲ့ အသက် ၁၈ နှစ် အရွယ် အော်စကာနဲ့ အီမီးလ် တို့လည်း ပါဝင်ကစားနေတာပါ။… Continue Reading →
ဂလေဇာတို့ အရောင်း ရုပ်သိမ်းပြီးနောက် မန်ချက်စတာ ယူနိုက်တက်ရဲ့ ရှယ်ယာ တန်ကြေးဟာ ဒီအပတ်ထဲမှာတင် ဆိုးဆိုးဝါးဝါး ကျဆင်းနေပြီး ဈေးကွက်တန်ဖိုး ပေါင် သန်း ၆၀၀ လောက် ဆုံးရှုံးခဲ့တာလို့ သိရပါတယ်။ မန်စီးတီးအသင်းဟာ ဘရိုက်တန် လူငယ်ကြယ်ပွင့် ဖာဂူဆန်ကို လာမယ့် ဈေးကွက်တွေမှာ ခေါ်ယူဖို့ ကြိုးစားသွားမှာ ဖြစ်ပါတယ်။ ဘရာဇီး တောင်ပံ တိုက်စစ်သမား အန်တိုနီရဲ့ အိမ်တွင်း အကြမ်းဖက်မှု ကိစ္စကို အလေးအနက် ကိုင်တွယ်သွားမှာ ဖြစ်ကြောင်း မန်ချက်စတာ ယူနိုက်တက်က သတင်းထုတ်ပြန်ပါတယ်။ အာဆင်နယ်… Continue Reading →
ပရီးမီးယားလိဂ် တိုက်စစ်မှုးဟောင်းကြီး မိုက်ကယ်အိုဝင်ကတော့ အာဆင်နယ် တိုက်စစ်သမား ကိုင်ဟာဗက်ရဲ့ ပရိုမဆန်လောက်အောင် ချာတူးလန် ညံ့နေချက်ကြီးကို မယုံနိုင်အောင် အံ့သြတကြီး ဖြစ်နေပါတယ်။ နည်းပြ အာတီတာရဲ့ အာဆင်နယ် ပွဲထွက် လူစာရင်းမှာ ဆက်တိုက် ပါဝင်ခွင့် ရနေတဲ့ တိုက်စစ်သမား ကိုင်ဟာဗက် ဟာ အခုထိ ခြေစွမ်းပြနိုင်ဖို့တော့ ရုန်းကန် နေရဆဲ ဖြစ်ပါတယ်။ ဟာဗက်ဟာ မန်ချက်စတာ ယူနိုက်တက်နဲ့ ပွဲမှာ ဂိုး သွင်းကို သွင်းနိုင်ရမယ့် အပိုင် အခွင့်အရေးကြီး တစ်ချက်ကို လွဲချော်သွားခဲ့ပါသေးတယ်။ ပြိုင်ဘက်… Continue Reading →
© 2023 Myan News — Powered by WordPress
Theme by Anders Noren — Up ↑