မန်ချက်စတာ ယူနိုက်တက် နည်းပြတန်ဟက်က ဘရိုက်တန်ပွဲကြိုမှာ ဆန်ချို ကိစ္စအတွက် တရားဝင် ထုတ်ပြောမှု ပြုလုပ်လာခဲ့ပါတယ်။ အသက် ၂၃ နှစ်အရွယ် တိုက်စစ်သမားက သူ့ရဲ့ စွမ်းဆောင်ရည်ကြောင့် အာဆင်နယ်ပွဲ လူစာရင်းကနေ ဖယ်ထုတ်ခဲ့ရတာဆိုတဲ့ နည်းပြတန်ဟက်ရဲ့ ပြောဆိုမှုဟာ မမှန်ကန်ပါဘူးလို့ လူမှုကွန်ယက်ကနေ တန်ပြန်ခဲ့တာ ဖြစ်ပါတယ်။ အဲ့ကိစ္စ နောက်ဆက်တွဲအဖြစ် ဆန်ချိုဟာ ယူနိုက်တက်ရဲ့ လေ့ကျင့်ရေးကွင်းထံ ရောက်လာနေခဲ့ပေမယ့် အသင်းနဲ့အတူ ပူးပေါင်းခွင့်မရဘဲ တစ်ဦးချင်း လေ့ကျင့်နေရတာပါ။ သူဟာ ဘရိုက်တန်ပွဲ အပါအဝင် လာမယ့် ပွဲစဉ် အချို့အတွက်… Continue Reading →
အာဆင်နယ် အသင်းရဲ့ ဂန္တဝင် ဖြစ်တဲ့ နည်းပြဟောင်းကြီး အာဆင်ဝင်းဂါးကတော့ ဒီရာသီ ချန်ပီယံလိဂ် ကစားဖို့ ရှိနေတာကြောင့် ဂန်းနားတို့ စွန့်လွှတ်ရမှာတွေ ရှိကြောင်း သတိပေး လိုက်ပါတယ်။ နည်းပြ အာတီတာရဲ့ အာဆင်နယ် အသင်းဟာ ပြီးခဲ့တဲ့ရာသီ သိမ်းချိန်မှာ မန်စီးတီးနောက် ၅ မှတ် ပြတ်ပြီး အဆင့် ၂ ရခဲ့တာပါ။ ဒီရပ်တည်မှုကြောင့် နောက်ဆုံး ၆ နှစ်တာ အတွင်း ပထမဆုံး အကြိမ် အဖြစ် အာဆင်နယ်တို့ ချန်ပီယံလိဂ် ပြန် ကစားခွင့်… Continue Reading →
နိုင်ငံတကာ သီတင်းပတ်အပြီး ပြန်စတင်တော့မယ့် ဒီတပတ် ပရီးမီးယားလိဂ်ပွဲစဉ်တွေ အတွက် ဂန်းနားဟောင်းကြီး ပေါမာဆန်ရဲ့ ပွဲကြို ခန့်မှန်းချက်တွေကို ဖော်ပြလိုက်ပါတယ်။ ဝုဗ် vs လီဗာပူး နိုင်ငံတကာ သီတင်းပတ်အပြီး စနေနေ့ အစောပိုင်းမှာ ပွဲကစားရတာဟာ များစွာသော ကစားသမားတွေအတွက် အမြဲတမ်း ခက်ခဲပါတယ်။ အထူးသဖြင့် လက်ရွေးစင် ကစားသမားတွေ အများကြီး စေလွှတ်ပေးရတဲ့ အသင်းကြီးတွေပေါ့။ ယာဂင်ကလော့ပ်နဲ့ အသင်းသားတွေက ၂၀၂၃-၂၀၂၄ ဘောလုံးရာသီအစကို ပုံစံကောင်းနဲ့ စတင်လိုနေပါလိမ့်မယ်။ လီဗာပူး ဂိုးပေးရမယ်ဆိုပေမယ့် အိမ်ရှင်အသင်းကို အနိုင်ရဖို့ မခက်ခဲပါဘူး။… Continue Reading →
လီဗာပူး ကွင်းလယ် ကစားသမား သီယေဂို အယ်ကန်တာရာဟာ စက်တင်ဘာ ၁၅ ရက်၊ သောကြာနေ့ တူရကီ အပြောင်းအရွှေ့ ဈေးကွက် မပိတ်ခင် လီဗာပူးကနေ ထွက်ခွာလိုနေတယ်လို့ စပိန်သတင်းဌာန AS က ဖော်ပြပါတယ်။ တူရကီကလပ် Trabzonspor ဟာ သူတို့ဈေးကွက် မပိတ်ခင် သီယေဂိုကို ရလိုနေပြီး စပိန်သား ကွင်းလယ်လူရဲ့ အခြေအနေကို စုံစမ်းနေပါတယ်။ လီဗာပူး နည်းပြအဖွဲ့ကတော့ ကွင်းလယ်လူကို ဆက်ထိန်းထားလိုတယ်လို့ သိရပါတယ်။ သီယေဂိုဟာ လီဗာပူးအသင်းမှာ တစ်ပတ်လုပ်ခ ပေါင် ၂… Continue Reading →
© 2024 Myan News — Powered by WordPress
Theme by Anders Noren — Up ↑