Month

September 2023

နာမည်ကြီး မန်စီးတီးတို့ ပြုတ်သွားပြီးနောက် ကာရာဘောင်း စတုတ္ထအဆင့် မဲခွဲရလဒ်များ ထွက်ပေါ်လာပါပြီ

ကာရာဘောင်း ဖလား ပြိုင်ပွဲ တတိယအဆင့် ပွဲစဉ်တွေ အပြီးမှာတော့ နောက်တစ်ဆင့် တက်ရောက်သွားတဲ့ အသင်းတွေ ထွက်ပေါ်လာခဲ့သလို မဲခွဲရလဒ်တွေလည်း ထွက်ပေါ်လာပါပြီ။ မနေ့ညက ပွဲတွေမှာတော့ ပရီးမီးယားလိဂ် ကလပ်တွေ နိုင်ပွဲရခဲ့ပေမယ့် နာမည်ကြီး မန်စီးတီးတို့ ဒီအဆင့်မှာတင် ပြုတ်သွားခဲ့ပါတယ်။ မနှစ်ကရာသီ ဖလား ၃ လုံး အောင်မြင်ခဲ့တဲ့ မန်စီးတီးတို့ ရာသီစမှာတင် နယူးကာဆယ် အသင်းကို ၁-ဝ နဲ့ ရှုံးကာ ကာရာဘောင်းက ထွက်ခဲ့ရတာဖြစ်ပေမယ့် ဂွာဒီယိုလာကတော့ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံ ပြေးလမ်းအတွက်ပဲ ပိုမို… Continue Reading →

တိုက်စစ်မှုး တိုနေး ကို အာဆင်နယ် ချိန်ရွယ်လာတဲ့ အပေါ် ဘရန့်ဖို့ဒ် နည်းပြ တုန့်ပြန် မှတ်ချက်ပြု

အာဆင်နယ်အသင်းဟာ တိုက်စစ်မှူးသစ် အလိုရှိနေပြီး ဇန်နဝါရီမှာ ဘရန့်ဖိုဒ့်အသင်းမှ တိုက်စစ်မှုး အိုင်ဗန် တိုနေးကို ခေါ်ယူလိုနေကြောင်း အပြောင်းအရွှေ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ကစားသမား ကိုယ်တိုင်က သူ့ရဲ့ နောက် ကလပ်အသင်း အဖြစ် မှန်ကန်တဲ့ ဦးတည်ချက်ရှိတဲ့ အသင်းကို ရွေးချယ်လိုပြီး အာဆင်နယ်ပွဲတွေကို ငယ်တည်းက ကြည့်ရှုခဲ့ပါကြောင်း ထုတ်ပြောထားခဲ့ပါတယ်။ ဒါပေမယ့် ဘရန့်ဖိုဒ့် နည်းပြ သောမက်စ် ဖရန့်က ဒီသတင်းတွေကို လိုက်လံ ဆွေးနွေးနေလိုခြင်း မရှိသလို တိုနေးကို ရောင်းထုတ်ပေးဖို့ ဆန္ဒ မရှိကြောင်း ပြောဆို… Continue Reading →

ဆာလာ၊ ဗန်ဒိုက်တို့ မဟုတ်ဘဲ လီဗာပူး အသင်းဖော်တွေထဲမှာ သူ အထင်ကြီးရဆုံးသူ အကြောင်း အန်ဒို ထုတ်ဖော် ချီးကျူး

နွေကမှ လီဗာပူးအသင်းထံ ပြောင်းရွှေ့လာခဲ့တဲ့ ကွင်းလယ် ကစားသမား ဝါတာရု အန်ဒိုက လီဗာပူး မှာ သူ့ အထင်အကြီးဆုံး အသင်းဖော် အကြောင်းကို ထုတ်ဖော် ပြောဆိုလာခဲ့ပါတယ်။ အန်ဒို ရည်ညွှန်းသူက လီဗာပူးမှာ မျက်နှာဖုံးတွေ ဖြစ်နေကြတဲ့ ဆာလာ၊ ဗန်ဒိုက်တို့တော့ မဟုတ်ပါဘူး။ ဝါတာရု အန်ဒို က “ လီဗာပူးအသင်းမှာ ကစားသမား အားလုံးက မြင့်မားတဲ့ စွမ်းရည်တွေ ရှိကြပါတယ်။ သူတို့ထဲမှာ ဂိုးသမား အယ်လီဆန်က အတော်လေး ကောင်းတဲ့သူလို့ မြင်ပါတယ်။ ကျနော်… Continue Reading →

ပဲလေ့စ်ကို ဂိုးပြတ်ကြိတ်အပြီး ယူနိုက်တက် နည်းပြ တန်ဟက် အားရစွာ ချီးကျူးသွားတဲ့ ကစားသမား ၃ ဦး

မန်ချက်စတာ ယူနိုက်တက်ဟာ အင်္ဂါနေ့ည က ကစားခဲ့တဲ့ ကာရာဘောင်းဖလား တတိယအဆင့် ပွဲစဉ်မှာ ခရစ္စတယ် ပဲလေ့စ်ကို ၃-ဝ နဲ့ ဂိုးပြတ် အနိုင်ယူပြီး နောက်တဆင့် တက်ရောက်သွားပါတယ်။ အမ်မရာဘတ်က ယူနိုက်တက် အတွက် ပွဲထွက် ပထမဆုံး ပါဝင် ကစားခွင့် ရခဲ့ပြီး မက်ဂွဲရားကလည်း ဒီရာသီ ပထမဆုံး အကြိမ် အဖြစ် ယူနိုက်တက် ပွဲထွက် လူစာရင်းမှာ ပါဝင်လာပါတယ်။ ဒဏ်ရာကနေ ပြန် ကောင်းလာခဲ့တဲ့ မောင့်လည်း ပါဝင် ခြေစွမ်းပြခဲ့ပါတယ်။ အမ်မရာဘတ်… Continue Reading →

ပွဲဦးထွက် ကိုယ့်နေရာ မဟုတ်ဘဲတောင် ခြေစွမ်းပြနေတဲ့ အမရာဘတ်က ဒါ အကောင်းဆုံး မဟုတ်သေးဘူး လို့ ပြောဆို

မနေ့ညက ကစားသွားတဲ့ မန်ချက်စတာ ယူနိုက်တက်ရဲ့ ခရစ္စတယ် ပဲလေစ့်ကို ၃-၀ ဖြင့် ဂိုးပြတ် အနိုင်ရတဲ့ ကာရာဘောင်း ပွဲမှာ ကစားသမားသစ်ဖြစ်တဲ့ အမရာဘတ်က ဘယ်အစွန်လူအဖြစ် ပွဲထွက်ခွင့်ရခဲ့ပါတယ်။ ဖီအိုရင်တီးနားကနေ အငှားဖြင့် ပြောင်းလာတဲ့ အသက် ၂၇ နှစ်အရွယ် ကွင်းလယ်လူဟာ ဘယ်ခြမ်းကနေ ကွင်းလယ်ကို တက်ကစားရတဲ့ နေရာသစ်မှာ အံဝင်ခဲ့တာပါ။ ကွင်းလယ် မဟုတ်ဘဲ ဘယ်အစွန် နေရာကနေ သူ ပွဲထွက်လာတော့ အားလုံးက အံ့အားသင့်ခဲ့ကြပါသေးတယ်။ ဘယ်ခြမ်း အစွန်လူအဖြစ် ကစားခဲ့ခြင်းကို အမရာဘတ်က… Continue Reading →

လီဗာပူး ရည်ရွယ်ထားသူကိုမှ နည်းပြသစ် အဖြစ် ခန့်ဖို့ ချိန်ရွယ်လျာထားပြီ ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်

လာလီဂါ ထိပ်သီး ရီးရဲလ်မက်ဒရစ် အသင်းဟာ လာမယ့် နွေ မှာ စာချုပ်ကုန်တော့မယ့် ဝါရင့် နည်းပြကြီး အန်ဆယ်လော့တီ နေရာ ရေရှည် အစားထိုးဖို့ နည်းပြသစ်ကို လျာထားခဲ့ပြီလို့ သိရပါတယ်။ ၂၀၂၄ နွေမှာတော့ အန်ဆယ်လော့တီဟာ မက်ဒရစ်ကလပ်နဲ့ စာချုပ်ကုန်ဆုံးမှာပါ။ သူဟာ ဘရာဇီး ဘောလုံး အသင်းကို ပြောင်းလဲ ကိုင်တွယ်မယ်လို့လည်း သိထားရပါတယ်။ ရီးရဲလ်မက်ဒရစ် တာဝန်ရှိသူတွေကတော့ အန်ဆယ်လော့တီ နေရာမှာ လူငယ် နည်းပြတစ်ဦးဖြစ်တဲ့ ဇာဗီ အလွန်ဆိုနဲ့ အစားထိုးသွားမှာ ဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်… Continue Reading →

ကိုင်စီဒို ပြန်လာပေမယ့် တစ်သင်းစာလောက်ကို လူနာနဲ့ ပွဲပယ်တွေ ရှိနေသေးတဲ့ ချယ်ဆီးအသင်း

ဒဏ်ရာ ရ လူစာရင်းကနေ ကိုင်စီဒို နဲ့ ဘရိုဂျာ တို့ ပြန်လာပြီ ဖြစ်ပေမယ့် ချယ်ဆီးအသင်းမှာ ဒဏ်ရာ ရ၊ ပွဲပယ် ကစားသမား ၁၁ ယောက် အထိ ရှိနေပါသေးတယ်။ ပွဲရလဒ်တွေ မကောင်းလို့ ခေါင်းခဲနေတဲ့ နည်းပြ ပိုချက်တီနိုရဲ့ ချယ်ဆီးအသင မှာ လက်ရှိ ဒဏ်ရာ ရ လူစာရင်းတွေက အောက်ပါ အတိုင်း ဖြစ်ပါတယ်။ ဘက်ဒီရှိုင်း – နောက်ဆက်တွဲ ဒဏ်ရာ ပြသနာ။ ဘက်တင်နယ်လီ – ဖော်ပြခြင်း… Continue Reading →

မန်စီးတီး အဓိက ကစားသမားတွေကို ကာရာဘောင်းပွဲ အတွက် လုံးဝ ထုတ်မသုံးဘူး ကြိုပြောလိုက်တဲ့ ပက်

ဒီတပတ် ဗုဒ္ဓဟူးနေ့မှာ မန်စီးတီးအသင်းက ကာရာဘောင်း ဖလား တတိယအဆင့် ပွဲစဉ် အဖြစ် စိန့်ဂျိန်းပါ့ခ်သွားပြီး နယူးကာဆယ် အသင်းကို ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ လတ်တလော အသင်းမှာ ဒဏ်ရာ ရတွေ များပြားနေတာကြောင့် ကာရာဘောင်း ပွဲမှာ သူ့ ပုံမှန် ကစားသမားတွေကို စွန့်စား မသုံးဘူးလို့ မန်စီးတီး နည်းပြ ပက် ဂွာဒီယိုလာက အသိပေးလိုက်ပါတယ်။ နယူးကာဆယ်ကလည်း မနေ့ညက ပရီးမီးယားလိဂ် ပွဲမှာ ရှက်ဖီးကို ၈-၀ နဲ့ ဂိုးပြတ် အနိုင် ကစားပြီး… Continue Reading →

ဒါလော့ လှုံ့ဆော် တိုက်တွန်းမှု၊ သတိပေးခံရတဲ့ အိုနာနာ၊ ရက်ဖို့ဒ် မှတ်တမ်းဆိုးနဲ့ နောက်ဆုံးရ မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ

မန်ချက်စတာ ယူနိုက်တက် နောက်ခံလူ ဒီယိုဂို ဒါလော့ ကတော့ ယူနိုက်တက် ရှေ့ဆက်သွားနိုင်ဖို့ အသင်းဖော်တွေ အနေနဲ့ စံနှုန်းကောင်းကို ထိန်းထားကြဖို့ တိုက်တွန်းလိုက်ပါတယ်။ လာမယ့် ကမ္ဘာ့ဖလား ခြေစစ်ပွဲတွေ အတွက် ဘရာဇီး လက်ရွေးစင် အသင်းကို ရွေးချယ် ကြေညာသွားရာ ယူနိုက်တက် တိုက်စစ်သမား အန်တိုနီ မပါဝင်ပြန်ပါဘူး။ ၎င်းဟာ ရည်းစားဟောင်းနဲ့ အမှုဆိုင်နေရတာကြောင့် ကလပ်ကရော နိုင်ငံအသင်းကပါ ဖယ်ထုတ်ခံထားရပါတယ်။ ဝါရင့် နောက်ခံလူ အီဗန်စ်ကတော့ နည်းပြ တန်ဟက် ဟာ ယူနိုက်တက် အတွက်… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑