ဂန်းနားဂန္တဝင်ကြီး ဆိုးကမ့်ဘဲလ် ကတော့ တနင်္ဂနွေနေ့ညက မြောက်လန်ဒန်ဒါဘီ သရေ ပွဲ အပြီးမှာ အာဆင်နယ် ကွင်းလယ်လူ ဂျော်ဂျင်ဟိုအား မနေနိုင်တော့ဘဲ ပြစ်တင်စကား ဆိုသွားပါတယ်။ ဆိုးကမ့်ဘဲလ် မနေနိုင်တော့ဘဲ ပြောဆိုလိုက်ရသူကတော့ စပါးဘက် ဒုတိယဂိုး ပေးလိုက်ရတဲ့ အမှား ကျူးလွန်ခဲ့သူ အီတလီ ကွင်းလယ် ကစားသမား ဂျော်ဂျင်ဟို ဖြစ်ပါတယ်။ ဂျော်ဂျင်ဟို ဟာ ဒုတိယပိုင်း ကျမှ ရိုက်စ် ဒဏ်ရာကြောင့် ထွက်သွားချိန် လူစားဝင် ကစားခဲ့ရတာပါ။ သူ ကွင်းထဲ ဝင်ချိန်မှာ ပွဲက… Continue Reading →
ပိုချက်တီနိုရဲ့ ချယ်ဆီးအသင်းဟာ ဒီ စက်တင်ဘာလထဲမှာ သွင်းဂိုး တစ်ဂိုးမှတောင် မရှိသေးလို့ အသင်းရဲ့ တစ်လတာ အကောင်းဆုံး ဂိုး ဆု ကို ပေးစရာတောင် မရှိတဲ့အထိ အဖြစ် ဆိုးနေပါတယ်။ ချယ်ဆီးအသင်းဟာ ပုံမှန် စွမ်းဆောင်ရည်အောက် ကျဆင်းနေသလို ရှုံးပွဲတွေ ဆက်နေခဲ့ကာ အမှတ်ပေးဇယား အဆင့် ၁၄ နေရာမှာပဲ ရှိနေတာ ဖြစ်ပါတယ်။ အဆိုးဆုံးတွေထဲက တစ်ခုကတော့ တိုက်စစ်ပိုင်း ဂိုးမိုးခေါင်နေခြင်းပဲ ဖြစ်ပါတယ်။ ဒီလထဲ ဖောရက်စ်၊ ဘုန်းမောက်နဲ့ အက်စတွန်ဗီလာတို့နဲ့ ယှဉ်ပြိုင်ရာမှာ ချယ်ဆီးအသင်းဟာ… Continue Reading →
မနေ့ က တနင်္ဂနွေနေ့ည ပရီးမီးယားလိဂ် ပွဲကောင်းတွေထဲမှာ လီဗာပူးအသင်းဟာ ဝက်စ်ဟမ်းကို အိမ်ကွင်းမှာ ဧည့်ခံပြီး ၃-၁ ဖြင့် ဂိုးပြတ် အနိုင်ရခဲ့တဲ့ ပွဲလည်း ပါဝင်ပါတယ်။ ဆာလာ၊ ဒါဝင်၊ ဒီယက်စ်တို့ ဦးဆောင်တဲ့ လီဗာပူး တိုက်စစ်ဟာ အခွင့်အရေးတွေ အများကြီး မရပေမယ့် အန္တရာယ်ရှိတဲ့ တိုက်စစ်တွဲလုံးအဖြစ် ဝက်စ်ဟမ်းကို ခြိမ်းခြောက်ခဲ့ပါတယ်။ ဝက်စ်ဟမ်းကလည်း ရုပ်ပိုင်းဆိုင်ရာ အားပြုတာမို့ ကြည့်ကောင်းတဲ့ ပွဲစဉ် ဖြစ်ခဲ့ပါတယ်။ ဒီရာသီမှာ လီဗာပူးအသင်းဟာ ရေပန်းစားမှု နည်းပါးတဲ့အသင်းဖြစ်ပြီး ထိပ်ဆုံး ၄… Continue Reading →
ဒီ တနင်္ဂနွေနေ့ ည ပရီးမီးယားလိဂ် ပွဲစဉ်တွေကတော့ ချယ်ဆီး ပွဲကလွဲလို့ သွင်းဂိုးတွေ မြိုင်ဆိုင်ခဲ့ပြီး ပွဲကြီး ပွဲကောင်းတွေ ဖြစ်ခဲ့ပါတယ်။ ပွဲကောင်းတွေထဲက တစ်ပွဲအဖြစ် လီဗာပူးအသင်းဟာ ဝက်စ်ဟမ်းကို အိမ်ကွင်းမှာ ဧည့်ခံပြီး ၃-၁ ဖြင့် ဂိုးပြတ် အနိုင်ရခဲ့ပါတယ်။ ယာဂင်ကလော့ပ်ရဲ့ လီဗာပူး အသင်းကတော့ ဒီတလောမှာ ၃-၁ ရလဒ်နဲ့ချည်း နိုင်တာ ၃ ပွဲ ဆက်တိုက် ရှိသွားခဲ့ပြီ ဖြစ်ပါတယ်။ ဆာလာ၊ ဒါဝင်၊ ဒီယက်စ်တို့ ဦးဆောင်တဲ့ လီဗာပူး တိုက်စစ်ဟာ… Continue Reading →
လီဗာပူး ကွင်းလယ် ကစားသမားဟောင်းကြီး ဂရေမီ ဆောင်းနက်ကတော့ ဒီနွေ အပြောင်းအရွှေ့မှာ ကိုင်ဟာဗက် ကို ခေါ်ယူဖို့ ပေါင် ၆၅ သန်း အာတီတာ သုံးစွဲခဲ့တာက ဖြုန်းတီးမှု သက်သက်ပဲ လို့ ထောက်ပြ ပြောဆိုလိုက်ပါတယ်။ ကိုင်ဟာဗက် ဟာ အာဆင်နင်မှာ အခုထိ ၆ ပွဲ ကစားပြီးပေမယ့် ဂိုး တစ်ဂိုးမှ မသွင်းနိုင်သလို ဖန်တီးထောက်ပံ့မှုလည်း မပြုလုပ်နိုင်သေးပါဘူး။ ဂျာမန်သားဟာ ပြီးခဲတဲ့ အပတ် အဲဗာတန်နဲ့ ပွဲမှာ အရန်ခုံမှာသာ ရှိနေခဲ့ပါတယ်။ ဂရေမီ… Continue Reading →
ဒီနေ့ မနက် အစောပိုင်း ကစားသွားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ မန်ချက်စတာ ယူနိုက်တက်ဟာ တန်းတက် ဘန်လေ အသင်းကို အဝေးကွင်း သွားရောက် ရင်ဆိုင်ပြီး ကျဉ်းမြောင်းတဲ့ ရလဒ် ၁-ဝ ဖြင့် အနိုင်ရခဲ့ပါတယ်။ အီဗန်စ်ရဲ့ ပေးပို့မှုကနေ အသင်းခေါင်းဆောင် ဖာနန်ဒက်စ်က ယူနိုက်တက် အတွက် လှပတဲ့ အနိုင် ဂိုး ရယူခဲ့ခြင်း ဖြစ်ကာ ဖိအားများနေတဲ့ နည်းပြတန်ဟက်နဲ့ ကလပ်ကို ကယ်တင်နိုင်ခဲ့တာပါ။ ယူနိုက်တက်ရဲ့ ဒီနိုင်ပွဲဟာ စိတ်ဓါတ်ပိုင်းနဲ့ တိုက်ခိုက်ကစားမှုကြောင့်လို့ ယူနိုက်တက် နည်းပြက ယုံကြည်နေတယ်။… Continue Reading →
မန်ချက်စတာ ယူနိုက်တက်ရဲ့ မနေ့ညက ဘန်လေကို နိုင်တဲ့ ပွဲမှာ တောက်ပသွားခဲ့တာကတော့ ဝါရင့် နောက်ခံလူကြီး ဂျွန်နီ အီဗန်စ် ဖြစ်ပါတယ်။ ယူနိုက်တက် ခံစစ်တန်းမှာ ဒဏ်ရာရသူတွေ များနေတာကြောင့် မနေ့ညက ပွဲမှာ အီဗန်စ် ဝင်ကစားခွင့် ရခဲ့တာ ဖြစ်ပြီး ဝါရင့် ကစားသမား ပီပီ ခံစစ်တန်းမှာ ဦးဆောင်ပိတ်ဆို့ ကာကွယ်သွားသလို ယူနိုက်တက်ရဲ့ တစ်လုံးတည်းသော အနိုင်ဂိုးအတွက်လည်း ဖာနန်ဒက်စ်ဆီ ဖန်တီးပေးပို့ခဲ့ပါတယ်။ အီဗန်စ်ကလည်း ပွဲအပြီးမှာ ဒီပွဲက သူ့အတွက် ယူနိုက်တက်နဲ့ ပွဲ ၂ဝဝ… Continue Reading →
ပြီးခဲ့တဲ့အပတ် ဘရိုက်တန်ကို အရေးနိမ့်အပြီး ရာထူးကနေ ထုတ်ပယ်ခံရဖို့ စတုတ္ထ ရေပန်းစားဆုံး နည်းပြဖြစ်နေခဲ့တဲ့ အဲရစ်တန်ဟက်ဟာ ကြားရက်မှာ ဘိုင်ယန်နဲ့ ချန်ပီယံလိဂ် ရှုံးပွဲအပြီး ရေပန်းစားမှု ပိုမြင့်လာခဲ့ပြီ ဖြစ်ပါတယ်။ ယူနိုက်တက်အသင်း တာထွက် မကောင်းမှုနဲ့အတူ နည်းပြတန်ဟက်ရဲ့ ထိုင်ခုံက လှုပ်ခတ်လာနေခြင်းဖြစ်ကာ လက်ရှိမှာတော့ ရာထူးက ထုတ်ပယ်ခံရနိုင်တဲ့ ပရီးမီးယားလိဂ် နည်းပြများ စာရင်းမှာ တတိယနေရာကို ရောက်လာ ခဲ့ပါတယ်။ ရှက်ဖီးယူနိုက်တက် နည်းပြ Paul Heckingbottom က ထုတ်ခံရဖို့ ရေပန်းအစားဆုံး ဖြစ်ကာ ဒုတိယ… Continue Reading →
ဒီရာသီ ပွဲထွက် ကစားခွင့် မရတော့တဲ့ အာဆင်နယ် ကွင်းလယ် ကစားသမား ဂျော်ဂျင်ဟို ကတော့ သူ့ အနေအထားကို လတ်တလော အင်တာဗျူးမှာ အခုလို ဖွင့်ဟလာပါတယ်။ ” ကျွန်တော်က မီခေးလ် (အာတီတာ) နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိပါတယ်။ သူ့ အနေနဲ့ ဘာနေနေ ကျွန်တော့်ကို ရှင်းပြနေစရာလည်း မရှိပါဘူး။ အခုက ကျွန်တော် စိတ်တည်တည်ငြိမ်ငြိမ် ထားပြီး နေ့စဉ် အလုပ်ကြိုးစား လုပ်နေဖို့ပဲ။ ပွဲ ကစားဖို့ အသင့် ရှိနေကြောင်း… Continue Reading →
© 2025 Myan News — Powered by WordPress
Theme by Anders Noren — Up ↑