Month

November 2023

မန်ချက်စတာ ယူနိုက်တက်ရဲ့ ချန်ပီယံလိဂ် မှာ သွား ကစားတဲ့ ခြေစွမ်းကို အံ့သြစိတ်ပျက်နေကြတဲ့ သရဲနီဟောင်းကြီး ၂ဦး

ချန်ပီယံလိဂ် အုပ်စု ပွဲစဉ် ၅ မှာ ဂါလာတာစာရေးနဲ့ ၃-၃ သရေကျသွားပြီးတဲ့နောက် မန်ချက်စတာ ယူနိုက်တက် အသင်းဟာ အုပ်စုတက်ဖို့ မရေရာတော့ပါဘူး။ ဒီရာသီ ချန်ပီယံလိဂ်မှာ ယူနိုက်တက် အုပ်စုအဆင့်ကနေ ပြုတ်သွားခဲ့မယ်ဆိုရင် အဓိက အားနည်းချက်က ခံစစ်ပိုင်း ကြောင့်ပဲ ဖြစ်ပါလိမ့်မယ်။ အုပ်စုတွင်းမှာ ဂိုးသွင်းအား အကောင်းဆုံးဖြစ်တဲ့ ယူနိုက်တက်ဟာ ၄-၃ ရလဒ် ၂ ပွဲ၊ ၃-၃ ရလဒ် ၁ ပွဲနဲ့ ၃-၂ ရလဒ် ထွက်ပေါ်တဲ့ ပွဲတွေနဲ့အတူ သွင်းဂိုး… Continue Reading →

ချန်ပီယံလိဂ် ထူးခြား စံချိန်မှတ်တမ်းတွေပါ ယူပြီး လန်းစ်ကို ၆ ဂိုးပြတ် တီးပစ်ခဲ့တဲ့ အာဆင်နယ် အသင်းရဲ့ နိုင်ပွဲ

နည်းပြ အာတီတာရဲ့ အာဆင်နယ် အသင်းဟာ ချန်ပီယံလိဂ်ပြိုင်ဘက် Lens အသင်းကို အိမ်ကွင်းမှာ ၆-၀ ဖြင့် အနိုင်ရခဲ့တာကြောင့် အုပ်စုပွဲတွေ မကုန်ခင်မှာတင် အုပ်စုဗိုလ် အနေနဲ့ ရှုံးထွက်အဆင့်ထံ တက်ရောက် သွားပြီ ဖြစ်ပါတယ်။ ဒါ့အပြင် မနေ့ညက ပွဲမှာ အာဆင်နယ်ရဲ့ မတူညီတဲ့ ကစားသမား ၅ ဦးက ပထမပိုင်းအတွင်း ဂိုးသွင်းနိုင် ခြင်းဟာ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ပထမဆုံးအကြိမ်အဖြစ် မှတ်တမ်းဝင် သွားပါတယ်။ နောက်ထပ် ဂုဏ်ယူစရာ မှတ်တမ်းကတော့ ချန်ပီယံလိဂ်ပွဲတစ်ပွဲမှာ ပွဲချိန်ဝက်အတွင်း… Continue Reading →

ဂါလာတာစရေး နဲ့ ၃-၃ သရေ ကျပြီးနောက် မန်ယူ ချန်ပီယံလိဂ် အုပ်စုတက်ဖို့ ဘာတွေ ဖြစ်မှ ရတော့မလဲ

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ မနေ့ညက ချန်ပီယံလိဂ် ပွဲစဉ် ၅ အဖြစ် တူရကီကလပ် ဂါလာတာစရေးကို အဝေးကွင်းမှာ သွားရောက် ယှဉ်ပြိုင်ကစားရာမှာ ပွဲကို အကြိမ်ကြိမ် ဦးဆောင် ခဲ့ပေမယ့် ရလဒ်ကို မထိန်းနိုင်ခဲ့ဘဲ ၃-၃ နဲ့ သရေ ရလဒ် ထွက်ပေါ်ခဲ့ပါတယ်။ ဂါနာချိုရဲ့ ကောင်းမွန်တဲ့ ကန်ချက်ကြောင့် ယူနိုက်တက်တို့ ဦးဆောင်ဂိုး ရခဲ့သလို ဖာနန်ဒက်စ်ကလည်း အဝေး ကန်ချက်ကောင်းကြောင့် ၂-၀ ဖြင့် ဦးဆောင်နိုင်ခဲ့ပေမယ့် အိုနာနာရဲ့ လိုအပ်ချက်ကနေ ဇီယက်ချ်က ဖရီးကစ်ကနေ… Continue Reading →

မန်ယူ ရှုံးမယ် အပိုင် ပြောတဲ့ မီကာရစ်ချက်၊ ရှုံးပါစေ ဆုမတောင်းပေမယ့် ပွဲက အခက်ကြီး ဆိုတဲ့ အွန်နရီ

နည်းပြ တန်ဟက်ရဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ချန်ပီယံလိဂ် အုပ်စုတွင်း ၅ ပွဲမြောက် ပွဲစဉ်အဖြစ် တူရကီကလပ် ဂါလာတာစရေးကို အဝေးကွင်း သွားရောက် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ရမှတ် ၃ မှတ်ဖြင့် အုပ်စုတွင်းမှာ နောက်ဆုံးရှိနေပေမယ့် ဒုတိယနဲ့ တတိယနေရာက အသင်းတွေဟာ ၄ မှတ်တွေပဲ ရထားတာပါ။ မန်ချက်စတာ ယူနိုက်တက် အသင်းသားတွေဟာ ရှုံးထွက် အဆင့်ကို တက်ရောက်နိုင်ဖို့ လမ်းပွင့်နေဆဲ ဖြစ်ကာ ဒီညပွဲက အဓိကကျလာပါလိမ့်မယ်။ သီယာရီ အွန်နရီနဲ့ မီကာ… Continue Reading →

ရမ်စ်ဒယ် ကိစ္စ ငြင်းတဲ့ အာဆင်နယ်၊ ဝါနာကို မန်ယူ စုံစမ်းခြင်း၊ လူသစ် ၃ ဦးထိ ခေါ်မယ့် ချယ်ဆီးနဲ့ အပြောင်းအရွှေ့ ထူးခြား သတင်းများ

ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးနေတဲ့ ဂိုးသမား ရမ်စ်ဒယ်အတွက် ပရီးမီးယားလိဂ်ကလပ် တစ်သင်းထံက ချဉ်းကပ်မှု ရပေမယ့်လို့ အာဆင်နယ်ဘက်က ငြင်းဆန်လိုက်ပါတယ်။ မန်ချက်စတာ ယူနိုက်တက်ဟာ လိုက်ဇစ်အသင်းမှ တိုက်စစ်မှူး ဝါနာကို ဇန်နဝါရီမှာ ခေါ်ယူဖို့ စုံစမ်းမှု ပြုလုပ်ထားပါတယ်။ အင်္ဂလန်ကလပ် ချယ်ဆီး၊ လီဗာပူးတို့ ခေါ်ယူလိုနေတဲ့ Gabriel Moscardo ကို ပြင်သစ်ကလပ် ပီအက်စ်ဂျီအသင်းကလည်း စိတ်ဝင်စားမှု ပြသလာနေပါတယ်။ သောမက်စ် ပါတေးရဲ့ အနာဂတ် မသေချာသေးခြင်းနဲ့အတူ ဇန်နဝါရီမှာ အက်စတွန်ဗီလာ ကွင်းလယ်လူ ဒေါက်ကလပ် လူးဝစ်ကို ခေါ်ယူဖို့… Continue Reading →

လီဗာပူး နောက်ခံလူဟောင်းကြီး ဂျင်မီ ကာရေဂါ ပြောလာတဲ့ အကောင်းဆုံး ပြိုင်ဘက် အသင်း

လီဗာပူး နောက်ခံလူဟောင်းကြီး ဂျင်မီ ကာရေဂါကတော့ သူ ရင်ဆိုင်ခဲ့ဖူးသမျှ အသင်းတွေထဲမှာ အကောင်းဆုံး အသင်းက ဘယ်အသင်းလဲ ဆိုတာ ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။ ကာရေဂါ အတွက် အိပ်မက်ဆိုး တစ်ခုလိုတောင် ဖြစ်ခဲ့ရတဲ့ အသင်းကတော့ သူတို့ခေတ်က လျှမ်းလျှမ်းတောက်ခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက်၊ ချယ်ဆီးတို့ မဟုတ်ခဲ့ပါဘူး။ ၁၇ နှစ်တာ အန်းဖီးမှာ ကစားခဲ့တဲ့ ကစားသမားဘဝမှာ ကာရေဂါ အတွက် အကြီးမားဆုံး ပြိုင်ဘက် အသင်း ကတော့ ရွှေဖလား ယူခဲ့တဲ့ အာဆင်နယ် အသင်းပဲ… Continue Reading →

ပရီးမီးယားလိဂ်မှာ မအောင်မြင်လို့ ပြည်တော်ပြန်သွားရတဲ့ ပြိုင်ဘက် တိုက်စစ်မှုးဟောင်းကို ခေါ်ဖို့ ယူနိုက်တက် အံ့ဖွယ် လှုပ်ရှားနေ

မန်ချက်စတာ ယူနိုက်တက်ဟာ တချိန်က ပရီးမီးယားလိဂ်မှာ မအောင်မြင်ခဲ့လို့ ဂျာမနီမြေသို့ ပြန်သွားရတဲ့ ချယ်ဆီး တိုက်စစ်မှုးဟောင်း တီမိုဗာနာကို ဇန်နဝါရီမှာ ခေါ်ယူဖို့ ဆက်သွယ် မေးမြန်းထားကြောင်း အံ့အးသင့်ဖွယ် သတင်းထွက်လာပါတယ်။ အသင်းဟောင်းထံ ပြန်သွားတာ ဖြစ်ပေမယ့် ဗာနာက လိုက်ပ်ဇစ်မှာလည်း ခက်ခဲတဲ့ အနေအထား ရင်ဆိုင်နေ ရပါတယ်။ ဂျာမန် လက်ရွေးစင် ကစားသမား ဟာ ဒီရာသီ ဘွန်ဒစ်လီဂါကလပ် အတွက် ၁၃ ပွဲသာ ပါဝင်ထားပြီး ထိုထဲက ၃ ပွဲကသာ ပွဲထွက် လူစာရင်းကနေ… Continue Reading →

မန်စီးတီး အတွက် ပြန်လာတော့မယ့် ဒီဘရိုင်း၊ ဘယ်တော့ ကစားမလဲ ထုတ်ဖော် ပြောလာပါပြီ

မန်စီးတီး အသင်းမှာ အဓိက အားထားရတဲ့ ကွင်းလယ် ကြယ်ပွင့် ကီဗင် ဒီဘရိုင်း ကတော့ သူ ဘယ်တော့အသင်း အတွက် ပြန် ကစားနိုင်မလဲ ဆိုတာကို ထုတ်ဖော် ပြောဆိုလာပြီ ဖြစ်ပါတယ်။ ဒီဘရိုင်းဟာ ဒီရာသီ ပရီးမီးယားလိဂ် ပထမဆုံး ပွဲ ဖြစ်တဲ့ ဘန်လေနဲ့ ပွဲမှာတည်းက တံကောက်ကြော ဒဏ်ရာ ရသွားခဲ့တာပါ။ အဘူဒါဘီမှာ ရှိတဲ့ HLN သတင်းဌာနနဲ့ အင်တာဗျူးမှာ ဒီဘရိုင်းက သူ့ ဒဏ်ရာ အခြေအနေနဲ့ ပြန်လာမယ့် ရက်ကို… Continue Reading →

ချယ်ဆီး အခြေအနေ ဆိုးနေတဲ့ ဒီ ၂၀၂၃ အတွင်း ပရီးမီးယားလိဂ် အချက်အလက်များ ထွက်ပေါ်လာ

ဒီ ၂၀၂၃ ခုနှစ်အတွင်း ကစားထားတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေကို လေ့လာကြည့်တဲ့ အခါမှာ အံ့အား သင့်ဖွယ် အချက်အလက်တွေ ပေါ်ထွက်လာခဲ့ပါတယ်။ ငွေအလုံးအရင်း သုံးထားတဲ့ ချယ်ဆီး ရုန်းကန်နေရသလို နည်းပြ အမ်မရီ ကိုင်တွယ်နေတဲ့ အက်စတွန်ဗီလာကတော့ အောင်မြင်နေပါတယ်။ ဘောလုံးပြက္ခဒိန် နှစ်တစ်ခု ကုန်ဆုံးဖို့ရာ ၁ လလောက်ပဲ ကျန်ရှိတော့တာဖြစ်ပြီး အသင်းတိုင်ဟာ ဇန်နဝါရီ ဈေးကွက်အတွက်တောင် စတင် ပြင်ဆင်နေပြီ ဖြစ်ပါတယ်။ ၂၀၂၂ ကမ္ဘာ့ဖလား အပြီးမှာ ချယ်ဆီးဟာ အန်ဇို ဖာနန်ဒက်စ်နဲ့ မူဒရစ်တို့ကို… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!