Month

January 2024

ပရီးမီးယားလိဂ် နည်းပြဟောင်းကို တန်ဟက် နေရာ အစားထိုးဖို့ မန်ယူအသင်း စိတ်ဝင်စားလာ

မန်ချက်စတာ ယူနိုက်တက်ဟာ နွေကျရင် နည်းပြတန်ဟက်ကို ရာထူးကနေ ထုတ်ပယ်ပြီး အခြားသော နည်းပြ တစ်ဦးဖြင့် အစားထိုးနိုင်ကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ နယ်သာလန်သားဟာ အိုးထရတ်ဖိုဒ့်မှာ ဖိအားတွေ စတင်ရရှိနေတာပါ။ ဒီရာသီကုန်ထိ တန်ဟက်ကို ဆက်လက် နေရာပေးထားမယ်ဆိုပေမယ့် ရာသီကုန်ရင် INEOS အဖွဲ့က အပြောင်းအလဲတွေ ပြုလုပ်လာဖို့ ရှိနေပါတယ်။ တန်ဟက်ရဲ့ စာချုပ်က ၁၈ လပဲ ကျန်ရှိတော့တာဖြစ်ကာ လီဗာပူး၊ ဘာစီလိုနာနည်းပြ ယူနိုက်တက်ကလည်း နွေကျရင် နည်းပြသစ် ခန့်အပ်ဖွယ် ရှိလာနေတယ်။ ယူနိုက်တက် တာဝန်ရှိသူတွေကတော့… Continue Reading →

နည်းပြကလော့ပ်နဲ့ လီဗာပူး တခေတ်ဖြစ်စေခဲ့တဲ့ ပုဂ္ဂိုလ်ကို ခေါ်ယူဖို့ ကြိုးစားမှု ဘာဖြစ်သွားလဲ

လီဗာပူးအသင်းဟာ မိုက်ကယ် အတ်ဝပ်ကို အကြီးတန် အရာရှိ ရာထူးအတွက် ပြန်လည် ချဉ်းကပ်မှုဟာ ပယ်ချခံရတယ်လို့ သတင်းထွက်လာပါတယ်။ ဘောလုံးလောကရဲ့ ဉာဏ်ကြီးရှင်တွေထဲက တစ်ဦးလို့ တင်စားခံထားရတဲ့ အတ်ဝပ်ဟာ ယာဂင်ကလော့ပ်၊ မိုက်ဂေါ်ဒန်တို့နဲ့ လက်တွဲပြီး လီဗာပူးအသင်း ကမ္ဘာ့ဘောလုံး ဇာတ်ခုံပေါ် ထိပ်တန်းနေရာ ပြန်တက်နိုင်ရေး ကြိုးစားပေးခဲ့သူ တစ်ဦးဖြစ်ပါတယ်။ ၂၀၂၂ မှာ လီဗာပူးကနေ သူ ထွက်ခွာသွားခဲ့တဲ့နောက် ဂျူလီယန်ဝတ်၊ ဂျော့ရှမတ်ကီတို့ဖြင့် အစားထိုးမှုတွေ ပြုလုပ်ခဲ့ပေမယ့် ဒီနွေကျရင် အားကစား ဒါရိုက်တာ ရာထူးက လစ်လပ်နေတော့မှာပါ။ လီဗာပူးအသင်းဟာ… Continue Reading →

ကိစ္စ တစ်ရပ် ဖြစ်လာခဲ့ရင် မန်စီးတီးတို့ ချန်ပီယံလိဂ်က ဖယ်ထုတ်ခံရမည်

မန်စီးတီးအသင်းဟာ ဒီရာသီ လာလီဂါဖလားကို ဂျီရိုနာအသင်း အောင်မြင်ခဲ့မယ် ဆိုရင် လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့် ၁ နေရာကနေ ဖယ်ထုတ်ခံရနိုင်တယ်လို့ နာမည်ကျော် ESPN သတင်းဌာနက ဖော်ပြလာပါတယ်။ ပရီးမီးယားလိဂ် လက်ရှိ ချန်ပီယံတွေဟာ ဒီရာသီမှာ ဆုဖလား အောင်မြင်နိုင်ဆဲ ဆိုပေမယ့် ဇယားထိပ်က လီဗာပူးနောက် ၅ မှတ်အကွာမှာ ရှိနေတာပါ။ ဒါပေမယ့်လို့ ၎င်းတို့ရဲ့ မိတ်ဖက်ကလပ် ဂျီရိုနာကတော့ လာလီဂါကို ဦးဆောင်နေပါတယ်။ ယူအီးအက်ဖ်အေ စည်းမျဉ်းအရ multi-model ပိုင်ရှင်တွေရဲ့ ကလပ်တွေထဲမှာ ရပ်တည်မှု အမြင့်ဆုံးသော… Continue Reading →

မန်ယူအသင်းမှာ ဂျင်း ကစားသမား ခေါ်ယူမှုတွေ နည်းပါးသွားတော့မယ့် အကြောင်းရင်း

ယူနိုက်တက်ရဲ့ ဂုရုသစ်ဖြစ်လာတဲ့ ဘာရန်ဒါက အပြောင်းအရွှေ့မှာ သူ လုံးဝ မလုပ်မယ့် ကိစ္စကို ထုတ်ပြောမှု လုပ်ထားပြီးပါပြီ။ ဒေါ့မွန်ကနေ ဟာလန်းကို ပေါင် ၅၁.၂ သန်းဖြင့် ခေါ်ယူရာမှာ အဓိက ဦးဆောင်ခဲ့တဲ့ ဘာရန်ဒါဟာ ဒီလထဲမှာပဲ ယူနိုက်တက်ရဲ့ စီအီးအိုနေရာ တာဝန်ယူမယ့်သူလို့ သိလာရတာပါ။ သူဟာ ရာသီကုန်မှ ယူနိုက်တက် အကြီးအကဲ တာဝန်ကို စယူပါမယ်။ ဘာရန်ဒါဟာ ကစားသမားတွေကို စျေးကြီးပေး မခေါ်ပေမယ့် ရောင်းချရာမှာတော့ စျေးကောင်းရအောင် ကြိုးစားနိုင်စွမ်း ရှိပါတယ်။ သူ့ရဲ့ အပြောင်းအရွှေ့အပေါ်… Continue Reading →

လီဗာပူးအသင်းကနေ နှုတ်ထွက်ဖို့ ကလော့ပ် ဆုံးဖြတ်ရတဲ့ အဓိက အကြောင်းရင်း

နည်းပြယာဂင်ကလော့ပ်ဟာ ဒီရာသီအကုန်မှာ လီဗာပူးအသင်း နည်းပြရာထူးကနေ နှုတ်ထွက်မယ်လို့ တရားဝင် ကြေညာခဲ့ပြီ ဖြစ်ပါတယ်။ ဒါပေမယ့် အခုလို ကြေညာမှု မတိုင်ခင် လွန်ခဲ့တဲ့ ၁၂ လလောက်တည်းက ကလော့ပ်ဟာ လီဗာပူးကနေ နှုတ်ထွက်ဖို့ စဉ်းစားခဲ့တာလို့ သိရပါတယ်။ မနှစ်ကရာသီ လီဗာပူးအသင်း ရလဒ်တွေ အတော်လေး ဆိုးရွားခဲ့တာကြောင့် အဆိုပါ ကျရှုံးနေမှုကို တာဝန်ယူဖို့ ကလော့ပ်က စီစဉ်ခဲ့ပါတယ်။ ၂၀၂၂-၂၀၂၃ ဘောလုံးရာသီမှာ လီဗာပူးအသင်းဟာ ကလော့ပ်လက်ထက် အဆိုးရွားဆုံး လိဂ်အဆင့်ရပ်တည်မှုမျိုးထိ ကျဆင်းခဲ့ရတယ်။ The Times ရဲ့… Continue Reading →

မန်ယူနဲ့ ချယ်ဆီးကို ဘက်ကန်ဖို့ တိုက်တွန်းထားတဲ့ ခရစ်ဆက်တန် ဒီအပတ် ခန့်မှန်းများ

ဒီကြားရက်မှာ ပြန်လည် စတင် ကစားမယ့် ပရီးမီးယားလိဂ် ပွဲစဉ်တွေ အတွက် ဘီဘီစီ သတင်းဌာနရဲ့ ပင်တိုင် သုံးသပ်သူ ခရစ်ဆက်တန်ကတော့ အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။ Nottingham Forest v Arsenal မီခေးလ် အာတီတာ ရဲ့ အသင်းဟာ သူတို့ စခန်းသွင်း လေ့ကျင့်ရေးကနေ အကျိုးအမြတ်တော့ ရှိမှာပါ။ နောက်ပြီး စိတ်သစ် လူသစ်လည်း ဖြစ်လာပါမယ်။ ဒါက ဒီပွဲမှာ ကျွန်တော် ဂန်းနားတွေကို အလေးသာပေးချင်တဲ့ အကြောင်း တစ်ချက် ဖြစ်ပါတယ်။… Continue Reading →

ဒီကြားရက် ပရီးမီးယားလိဂ်ပွဲတွေအတွက် ပေါမာဆန် ရလဒ် ခန့်မှန်းများ ထွက်လာပါပြီ

ဒီတပတ် ကြားရက်မှာတော့ ပရီးမီးယားလိဂ် ပွဲတွေ ပြန်လည် စတင် ကစားပြီ ဖြစ်ပါတယ်။ ဘောလုံးပွဲတွေ သုံးသပ်နေကြ ဝါရင့်ကြီး ဖြစ်တဲ့ ဂန်းနားဟောင်းကြီး ပေါမာဆန်ကတော့ သူ့ရဲ့ ပွဲကြို သုံးသပ်ချက်နဲ့ ခန့်မှန်းရလဒ်တွေကို အခုလို ဖော်ပြထားပါတယ်။ Nottingham Forest vs Arsenal အာဆင်နယ် အနေနဲ့ ပရီးမီးယားလိဂ် title race ထဲမှာ ဆက်ရှိချင်ရင် ပွဲတွေ ဆက်နိုင်နေမှ ရမှာပါ။ ဒီပွဲ ပြီးရင် သူတို့က အမ်းမရိတ်မှာ လီဗာပူးနဲ့ ရင်ဆိုင်ရဖို့… Continue Reading →

ကလော့ပ်ရဲ့ နောက်ဆုံး လီဗာပူးပွဲအတွက် လက်မှတ်ခ မယုံနိုင်စရာ ပမာဏထိ စျေးတက်လာ

ယာဂင်ကလော့ပ်ရဲ့ လီဗာပူးနည်းပြဘဝ နောက်ဆုံး အန်ဖီးကွင်း ပွဲစဉ်ထဲက ပေါင် ၆၀ တန် လက်မှတ်ဟာ မယုံနိုင်စရာ ပမာဏနဲ့ အရောင်းအဝယ် လုပ်နေကြပြီ ဖြစ်ပါတယ်။ သောကြာနေ့မှာပဲ ကလော့ပ်ဟာ ရာသီကုန်ရင် လီဗာပူးကနေ ထွက်ခွာမယ်လို့ ကြေညာခဲ့တာပါ။ လီဗာပူးအသင်းကို ကိုင်တွယ်မယ့် သူ့ရဲ့ နောက်ဆုံး ပွဲစဉ်ကတော့ ဝုဗ်ကို အန်ဖီးကွင်းမှာ ဧည့်ခံယှဉ်ပြိုင်ရမယ့် ပရီးမီးယားလိဂ်ပွဲစဉ် ဖြစ်လာပါမယ်။ ယူရိုပါလိဂ် ဖိုင်နယ်ထံ တက်ရောက်နိုင်မယ်ဆိုရင် နောက်ထပ် ၁ ပွဲ ဆက်ရှိနေမှာ ဖြစ်ပေမယ့် ဝုဗ်ပွဲမှာတော့ လီဗာပူးမြို့က… Continue Reading →

ဒဏ်ကြေးကြီး ရိုက်ခံရတဲ့ ရက်ဖိုဒ့်၊ ဂန်းနားကြယ်ပွင့်ကို ခေါ်လိုတဲ့ အေစီမီလန်၊ ဘာကာကို ကိုင်လိုတဲ့ တူချယ်နဲ့ နောက်ဆုံးရ သတင်းထူးများ

ရာသီကုန်ရင် နည်းပြ ဇာဗီ နှုတ်ထွက်မှာ ဖြစ်လို့ အာတီတာ တစ်ယောက် ဘာစီလိုနာ ထံ ပါသွားမှာ ဂန်းနား ပရိသတ်တွေ စိုးရိမ်နေကြပေမယ့် အာတီတာကတော့ အာဆင်နယ်ကနေ ထွက်ခွာဦးမှာ မဟုတ်ဘူးလို့ စကိုင်းစပေါ့က ဖော်ပြလာပါတယ်။ ပိုချက်တီနိုရဲ့ တိုက်စစ်အင်အားကို တိုးမြှင့်ပေးဖို့ ချယ်ဆီးအသင်းဟာ လိုင်လီ တိုက်စစ်သမား ဂျိုနသန် ဒေးဗစ်ကို ပစ်မှတ်ထား ချိန်ရွယ်လာပါတယ်။ နှစ်ညဆက်တိုက် နိုက်ကလပ်သွားခဲ့ပြီး ယူနိုက်တက် ထရိန်နင်ကို ပျက်ကွက်ခဲ့တာကြောင့် တိုက်စစ်မှုး မားကပ် ရက်ဖို့ဒ်ဟာ သူ့လုပ်ခရဲ့ နှစ်ပတ်စာ –… Continue Reading →

© 2025 Myan News — Powered by WordPress

Theme by Anders NorenUp ↑