Date

February 1, 2024

တန်ဟက်ကို ရာထူးကနေ ထုတ်ပယ်ကာ လီဗာပူးနဲ့အတူ နည်းပြလုဖို့ ခြေလှမ်းပြင်လာတဲ့ မန်ယူ

မန်ချက်စတာ ယူနိုက်တက်ဟာ ရာသီကုန်ရင် နည်းပြတန်ဟက်ကို ရာထူးကနေ ထုတ်ပယ်ပြီး နည်းပြ အပြောင်းအလဲ ပြုလုပ်ဖွယ် ရှိနေပါတယ်။ ကလပ်ရဲ့ ရှယ်ယာရှင်သစ်တွေဟာ ယူနိုက်တက်ရဲ့ ဘောလုံးဆိုင်ရာ အော်ပရေရှင်းတွေကို အကဲဖြတ်မှုတွေ လုပ်နေကြချိန်မှာ ကွင်းတွင်း အခြေအနေ တည်ငြိမ်နေဖို့ နည်းပြတန်ဟက်ကို ရာသီကုန်ထိ အိုးထရတ်ဖိုဒ့်မှာ ဆက်ထိန်းထားဦးမှာပါ။ ဒါပေမယ့်လို့ လီဗာပူး၊ ဘာစီလိုနာတို့ နည်းပြသစ် ရှာဖွေနေပြီမို့ ယူနိုက်တက်ကလည်း နောက်ကောက်မကျလိုပါဘူး။ ၎င်းတို့ ကလပ် ၂ သင်း စိတ်ဝင်စားနေတဲ့ ဒီဇာဘီကို တန်ဟက်နေရာ အစားထိုးဖို့ ယူနိုက်တက်တို့… Continue Reading →

ရသင့်တဲ့ ပင်နယ်တီတွေ မရလို့ လီဗာပူးကို ရှုံးတာလား? ပိုချက်တီနို ဘယ်လို တုန့်ပြန်သလဲ?

ပထမပိုင်းမှာ ပင်နယ်တီရသင့်တဲ့ ဖြစ်ရပ်ကို ချယ်ဆီးတို့ မရခဲ့ဘူးလို့ ထောက်ပြနေကြတာတွေဟာ ဆင်ခြေတွေပဲဖြစ်ပြီး အဲ့တာတွေက စွမ်းဆောင်ရည် ညံ့ဖျင်းမှုကို မကုစားနိုင်ပါဘူးလို့ ပိုချက်တီနိုက ထုတ်ပြောလာပါတယ်။ လီဗာပူးအသင်းက ၄-၁ ဖြင့် အနိုင်ရခဲ့တဲ့ပွဲမှာ ဂါလယ်ဂါနဲ့ ဗန်ဒိုက် ဖြစ်ရပ်ဟာ ပင်နယ်တီ ပေးလို့ရပါတယ်လို့ ဝေဖန်ချက်တွေ ထွက်ပေါ်လာတာပါ။ ပိုချက်တီနိုက “ ဆင်ခြေတွေ ပေးနေမှာ မဟုတ်ပါဘူး။ ကျနော်တို့ရဲ့ စွမ်းဆောင်ရည်က မကောင်းခဲ့တာပါ။ လီဗာပူးတို့ အနိုင်ရဖို့ ထိုက်တန်ခဲ့ပါတယ်။ သူတို့က ကျနော်တို့ထက် ပိုကောင်းခဲ့တာပါ။ ကျနော်တို့ လိုချင်တဲ့အတိုင်း… Continue Reading →

ပရီးမီးယားလိဂ်မှာ ဘယ်သူမှ မလိုချင်တဲ့ ထိပ်ဆုံးနေရာကို ဒါဝင် နူးညက်စ် ပိုင်ဆိုင်ခဲ့ပြီ

ဒါဝင် နူးညက်စ်ဟာ လီဗာပူး ၄-၁ ချယ်ဆီးပွဲမှာ တိုင် ၄ ကြိမ်ထိတိုင် ထိခဲ့ခြင်းကြောင့် တစ်ပွဲတည်းဖြင့် တိုင်ထိမှု အများဆုံး ပရီးမီးယားလိဂ် ကစားသမား ဖြစ်လာခဲ့ပါတယ်။ အန်ဖီးကွင်းမှာ လီဗာပူးအသင်းဟာ ပွဲကောင်းကစားခဲ့ပြီး ဂျိုတာ၊ ဘရတ်ဒလေ၊ ဆိုဘိုစလိုင်း၊ ဒီယက်စ်တို့ရဲ့ သွင်းဂိုးတွေဖြင့် ချယ်ဆီးအသင်းကို သက်သက်သာသာ အနိုင်ယူခဲ့တာပါ။ အကယ်လို့ ဒါဝင် နူးညက်စ်ရဲ့ ကန်ချက် တစ်ကြိမ်ကြိမ်လောက်က တိုင်နဲ့ ဘားတန်းတွေကို မထိဘဲ ဂိုး ဖြစ်ခဲ့မယ်ဆိုရင် လီဗာပူးအတွက် ပိုလွယ်ကူတဲ့ပွဲ ဖြစ်ခဲ့နိုင်ပါတယ်။ ဒါဝင်ရဲ့… Continue Reading →

ဘာစီလိုနာ နည်းပြရှာပုံတော်၊ ရက်ဖိုဒ့်ကို ခေါ်လိုနေတဲ့ ပီအက်စ်ဂျီနဲ့ နောက်ဆုံးရ အပြောင်းအရွှေ့ သတင်းထူးများ

ဘာစီလိုနာဟာ အကြွေး ယူရို ၁ ဘီလျံလောက် တင်ရှိနေပြီး ယူအီးအက်ဖ်အေ စည်းမျဉ်းနဲ့ ညိနေသလို ဒီနွေမှာ ကစားသမားသစ် ခေါ်ယူနိုင်ဖွယ် မရှိဘူးလို့ သိရပါတယ်။ လီဗာပူးအသင်းဟာ ကလော့ပ်ရဲ့ နောက်ဆုံးလတွေအကြောင်းကို မှတ်တမ်း ရုပ်ရှင် ရိုက်ကူးနေကာ ရာသီကုန်ရင် ထုတ်လွှင့်မယ်လို့ ကြေညာပါတယ်။ ချယ်ဆီးအသင်းက ပေါင် ၂၅ သန်း တောင်းဆိုတာကြောင့် ဖူလ်ဟမ်၊ ပဲလေစ့်နဲ့ ဖောရက်စ်တို့ဟာ ခံစစ်သမား ချာလိုဘတ်ကို ခေါ်ယူဖို့အား နောက်ဆုတ်ခဲ့ကြပြီ ဖြစ်ပါတယ်။ မန်ချက်စတာ ယူနိုက်တက်မှာ အဆင်မပြေ ကိစ္စတွေ… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑