Date

February 2, 2024

ပရီးမီးယားလိဂ် ပြိုင်ဘက်တွေကို သတိပေးစကား ထုတ်ပြောသွားတဲ့ ကလော့ပ်

လီဗာပူးနည်းပြ ယာဂင်ကလော့ပ်က အမှတ်ပေးလိဂ်ကို ဦးဆောင်နေမှုအား ကာကွယ်သွားမှာဖြစ်ကြောင်းနဲ့ ဘယ်အသင်းမှ လီဗာပူးအထက်ကို ကျော်တက်နိုင်ခြင်း မရှိစေရအောင် ကြိုးစားမယ်လို့ ကြွေးကြော်ပါတယ်။ အာဆင်နယ် ပွဲကြိုမှာ ကလော့ပ်ကပဲ ” ကုန်ခဲ့တဲ့ နှစ်တွေမှာ ကျနော်တို့ သင်ယူခဲ့ရတာ တစ်ခုက အကယ်လို့ ဆုဖလား စိန်ခေါ်မှုမှာ မန်စီးတီး ပါနေတယ်ဆိုရင် ကစားရတဲ့ ပြိုင်ပွဲတိုင်းကို အနိုင်ရဖို့ လိုပါတယ်။ ဒါက ပရီးမီးယားလိဂ် ဖြစ်ပါတယ်။ မန်စီးတီးက ဒီလိဂ်ကို လွှမ်းမိုးထားတာဖြစ်ပါတယ်။ သူတို့က သိပ်ကို ကောင်းမွန်တဲ့ ဘောလုံးကစားနေပြီး ဒီလိဂ်ကို… Continue Reading →

မက်ဆီ စံချိန် ချိုးတော့မယ့် အိုနာနာရဲ့ စံချိန် မှတ်တမ်းကို ထုတ်ဖော် လှောင်ပြောင်

မန်ချက်စတာ ယူနိုက်တက်ဟာ မနေ့ညက ဝုဗ်ကို အဝေးကွင်း သွားရောက် ရင်ဆိုင်ရာ ၄-၃ နဲ့ အဖိုးတန် နိုင်ပွဲကောင်း ရခဲ့ပါတယ်။ ပွဲဟာ လွယ်လွယ်ကူကူတော့ မဟုတ်ခဲ့ဘဲ ဒုတိယပိုင်းမှာ စိတ်လှုပ်ရှားစရာတွေ အပြည့် ကြုံခဲ့ရတာပါ။ တိုက်စစ်သမားတွေ ကြိုးစားကြတဲ့ ဒီပွဲမှာ ယူနိုက်တက် ပရိသတ်တွေကတော့ ထုံးစံလိုဖြစ်နေတဲ့ အိုနာနာရဲ့ ညံ့ဖျင်းချက်တွေကို ဖော်ထုတ်ဖို့ ဝန်မလေးကြပါဘူး။ ဒီပွဲမှာ အိုနာနာက အမှားတွေ လုပ်ခဲ့ပြီး ကာကွယ်မှုကောင်းတွေ ရှားပါးခဲ့လို့ ယူနိုက်တက်တို့ ဂိုးတွေ ပြန်ပေးခဲ့ရပါတယ်။ ကံကောင်းစွာပဲ မိုင်နူးက… Continue Reading →

ဂျိုးကိုလ်း ပြောပြလာတဲ့ အာတီတာရဲ့ အသင်းကို ထိပ်တန်းလို့ မခေါ်ထိုက်တဲ့ အကြောင်းရင်း

မနှစ်ကရာသီ အမှတ်ပေးဖလား စိန်ခေါ်နိုင်ဖို့ နီးစပ်ခဲ့တာအတွက်နဲ့တော့ အာတီတာရဲ့ အသင်းကို ထိပ်တန်းအသင်းအဖြစ် မြင်ပေးလို့ မရပါဘူးလို့ ပရီးမီးယားလိဂ် ကစားသမားဟောင်း ဂျိုးကိုလ်းက ထုတ်ပြောလာပါတယ်။ Vibe with Five ထံ တက်ရောက်ပြီး သုံးသပ်ဆွေးနွေးရာမှာ ဂျိုးကိုလ်းက ထိပ်တန်းအသင်းတွေလို့ ခေါ်ဆိုခြင်း ခံနိုင်ဖို့ဟာ ဆုဖလား အောင်မြင်ဖို့ လိုအပ်ကြောင်းကို ထည့်ပြောခဲ့တာပါ။ ကစားသမားဘဝ ပရီးမီးယားလိဂ် ၂ ကြိမ်နဲ့ အက်ဖ်အေဖလား ၂ ကြိမ် အောင်မြင်ခဲ့တဲ့ ကိုလ်းက အာတီတာရဲ့ အသင်းဟာ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်… Continue Reading →

ပရီးမီးယားလိဂ် အထွန်းတောက်ဆုံး ကြယ်ပွင့် ဖြစ်လာမယ့် မိုင်နိုးရဲ့ နောက်ဆုံးမိနစ် သွင်းဂိုးဖြင့် မန်ယူတို့ ဝုဗ်ကို အနိုင်ယူ

ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် မန်ချက်စတာ ယူနိုက်တက်နဲ့ ဝုဗ်တို့ရဲ့ ပွဲစဉ်ကတော့ သွင်းဂိုးတွေ​ မြိုင်ဆိုင်ခဲ့ပြီး နောက်ဆုံးမိနစ်ရောက်ချိန်ထိတိုင် ဂိုးတွေ မြင်ခဲ့ရကာ ယူနိုက်တက်က ၄-၃ ဂိုးဖြင့် အနိုင်ရရှိခဲ့ပါတယ်။ ယူနိုက်တက်ဟာ ပထမပိုင်းမှာတင် သွင်းဂိုး ၂ ဂိုး မြန်မြန်ဆန်ဆန် ရယူခဲ့သလို ဟွိုင်လန်းရဲ့ သွင်းဂိုး လူမကျွံခဲ့ရင် ၃ ဂိုးပြတ်နေခဲ့မှာပါ။ ဒုတိယပိုင်းမှာ ဝုဗ်ဘက်က ပင်နယ်တီကနေ ခြေပဂိုး ယူခဲ့ပေမယ့် ယူနိုက်တက်ကလည်း ဦးဆောင်ဂိုးကို ခပ်မြန်မြန် ပြန်ယူခဲ့ပါတယ်။ ပွဲချိန် ၈၅ မိနစ်အထိ ဝုဗ်တို့… Continue Reading →

တိုက်စစ်မှူးသစ် ရလိုနေတဲ့ အာဆင်နယ်က ပြိုင်ဘက် ယူနိုက်တက် အသင်းသားကို စိတ်ဝင်စားလာ

အာဆင်နယ်အသင်းဟာ မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူး မာကက် ရက်ဖိုဒ့်ကို ခေါ်ယူဖို့ အံ့အားသင့်ဖွယ် ချိန်ရွယ်လာပါတယ်။ ယူနိုက်တက်မှာ ရက်ဖိုဒ့်ရဲ့ အခြေအနေတွေကို အာဆင်နယ်အသင်း အနီးကပ် စောင့်ကြည့်နေကြောင်း သူတို့ရဲ့ သတင်းပေးထံကနေ သိထားရတယ်လို့ Football Insider က ဖော်ပြလာတယ်။ အာဆင်နယ်ဟာ ၂၀၂၂ ခုနှစ်တည်းက ရက်ဖိုဒ့်ကို ပေါင် ၄၅ သန်းနဲ့ ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ဖူးပါတယ်။ မဖြစ်မြောက်ခဲ့တဲ့ အပြောင်းအရွှေ့ကို ဒီတစ်ကြိမ်မှာ ပြန်လည် စတင်လိုလာတာပါ။ ရက်ဖိုဒ့်ဟာ ကလပ်ရဲ့ ကျဆင်းမှုတွေကို စိတ်ပျက်နေတာကြောင့်… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!