တနင်္ဂနွေနေ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေမှာတော့ ချယ်ဆီးအသင်းက အိမ်ကွင်းမှာတင် ဝုဗ်ကို ၂-၄ ရလဒ်ဖြင့် ဂိုးပြတ် ရှုံးနိမ့်ခဲ့ကာ အမှတ်ပေးဇယား အဆင့် ၁၀ အောက်ကို ကျဆင်းသွားပြီ ဖြစ်ပါတယ်။ ချယ်ဆီးဘက်က ပါလ်မာ ဦးဆောင်ဂိုး စသွင်းတာဖြစ်ပေမယ့် ဝုဗ်တို့ ခြေပဂိုး ခပ်မြန်မြန် ပြန်ယူခဲ့သလို ဒီဇာဆီရဲ့ အမှားကနေပဲ ဦးဆောင်ဂိုးပါ ရသွားခဲ့တာပါ။ ဒုတိယပိုင်းမှာတော့ ဝုဗ်အသင်းကပဲ နောက်ထပ် ဦးဆောင်ဂိုးတွေ ရခဲ့ကာ ဆေးဗားက ခြေပဂိုး တစ်ဂိုး ပြန်သွင်းခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲဟာ ချယ်ဆီးအတွက်တော့… Continue Reading →
ဒီကနေ အမ်းမရိတ်မှာ အာဆင်နယ် အသင်းက ပရီးမီးယားလိဂ် ပွဲ အဖြစ် လီဗာပူးကို ဧည့်ခံ ကစားဖို့ ရှိနေပါတယ်။ ဒီနှစ်သင်းဟာ အက်ဖ်အေဖလားပွဲ အဖြစ် ပြီးခဲ့တဲ့ကလည်း အမ်းမရိတ်မှာ တွေ့ခဲ့သေးပြီး ထိုစဉ်က လီဗာပူးက ၂-ဝ နဲ့ နိုင်ခဲ့တာပါ။ အက်ဖ်အေဖလားပွဲမှာ လီဗာပူးကို ရှုံးခဲ့ပြီးနောက် အာဆင်နယ်ဟာ ပြိုင်ဘက် ဂိုးဧရိယာ ထဲမှာ အရင်ကထက် ပိုပြီး ထိထိရောက်ရောက် လုပ်နိုင်လာပြီ လို့ အာတီတာက ယုံကြည်မှု ရှိနေပါတယ်။ ဒီအကြောင်းကို ပွဲကြိုမှာ အခုလို… Continue Reading →
ရီးရဲလ်မက်ဒရစ်ဟာ ပြင်သစ်သား တိုက်စစ်မှူး အမ်ဘာပေကို ရာသီကုန်ရင် အလွတ်ဖြင့် ခေါ်ယူနိုင်မယ်လို့ ယုံကြည်ချက် ရှိနေပါတယ်။ အမ်ဘာပေက ဒီရာသီအပြီးမှာ ပီအက်စ်ဂျီကနေ ထွက်ခွာမယ်လို့ ပဲရစ်ကလပ်ကို အသိပေးတော့မှာပါ။ သူဟာ လက်တလောထိတော့ ပီအက်စ်ဂျီကိုကော ရီးရဲလ်မက်ဒရစ်ကိုပါ တရားဝင် အကြောင်းကြားရခြင်း မရှိသေးပေမယ့် ဆုံးဖြတ်ချက် ချခဲ့ပြီလို့ ESPN က ဖော်ပြလာခဲ့တယ်။ ပီအက်စ်ဂျီဘက်က အမ်ဘာပေကို စာချုပ်သစ်နဲ့အတူ တစ်နှစ်လုပ်ခ ယူရို ၇၂ သန်းထိ တိုးပေးလိုပေမယ့် ဒီတစ်ကြိမ်တော့ ၂၀၂၂ တုန်းကလို မဟုတ်ဘဲ ကစားသမားက… Continue Reading →
ချယ်ဆီးအသင်းဟာ ပိုင်ရှင်သစ်တွေလက်ထက် အပြောင်းအရွှေ့ အသုံးစရိတ် ပေါင် ၁ ဘီလျံ ကျော် ထုတ်ထားပေမယ့်လို့ လာမယ့်စျေးကွက်တွေမှာ လူသစ် ခေါ်ယူရေးထက် ကစားသမား ရောင်းချမှုကိုပဲ အာရုံစိုက်ရဖွယ် ရှိနေပါတယ်။ ပြီးခဲ့တဲ့ စျေးကွက် ၄ ခုအတွင်း အသုံးစရိတ် ပေါင် ၁ ဘီလျံထိ ရှိထားတဲ့ လန်ဒန်ကလပ်ဟာ ပရီးမီးယားလိဂ်ရဲ့ ဘဏ္ဍာရေး ဟန်ချက်ညီမှုဆိုင်ရာ ကန့်သတ်ချက်အရ ၃ နှစ်အတွင်းမှာ ပေါင် ၁၀၅ သန်းထက် ပိုဆုံးရှုံးခွင့် မရှိထားပါဘူး။ အဆိုပါ စည်းမျဉ်းနဲ့ ညိခဲ့တာကြောင့်ပဲ… Continue Reading →
© 2024 Myan News — Powered by WordPress
Theme by Anders Noren — Up ↑