Date

February 8, 2024

ရာသီကုန်ရင် ချယ်ဆီးတို့ Top 4 ဝင်နိုင်မလား ခန့်မှန်းလိုက်တဲ့ ရွိုင်ကိန်း

မနေ့ညက အက်ဖ်အေဖလား ဒုကျော့ ပြန်ကန်ပွဲမှာ ချယ်ဆီးအသင်းဟာ နည်းပြ အမ်မရီရဲ့ အက်စတွန်ဗီလာကို အဝေးကွင်း သွားရောက် ရင်ဆိုင်ပြီး ၃-၁ ဖြင့် အနိုင်ယူကာ အက်ဖ်အေဖလား နောက်တစ်ဆင့် သို့ တက်ရောက်သွားခဲ့ပါပြီ။ ဒီပွဲ ကစားခဲ့တဲ့ ချယ်ဆီးဟာ အတိတ်က အသင်းဟောင်းကို ပြန်မြင်ယောင်စေတဲ့ထိ ကောင်းခဲ့ပါကြောင်း သရဲနီဟောင်းကြီး ရွိုင်ကိန်းက အခုလို ချီးကျူးလိုက်ပါတယ်။ ရွိုင်ကိန်းက ” အရင်က ချယ်ဆီးအသင်းကို မြင်နေရသလိုပဲ။ သိပ်တော်တယ်၊ ရုပ်ပိုင်းဆိုင်ရာ သန်မာပြီး ဘောလုံးပိုင်ဆိုင်မှု သိပ်ကောင်းတယ်။ ဆုံးဖြတ်ချက်ကောင်းတွေ… Continue Reading →

မန်ယူအသင်းရဲ့ အိမ်ကွင်းသစ် ဆောက်မယ့် အကြံ အာဆင်နယ်နဲ့ နှိုင်းယှဉ် ပယ်ချခံမှု ရှိနေ

မန်ချက်စတာ ယူနိုက်တက်ရဲ့ ရှယ်ယာ ၂၅% ကို ပိုင်ဆိုင်ထားတဲ့ ဆာဂျင်ရက်ကလစ် ဦးဆောင်သော Ineos အဖွဲ့ကတော့ သမိုင်းဝင် ကွင်းဖြစ်တဲ့ အိုးထရတ်ဖိုဒ့်ကို စွန့်ခွာဖို့ ကြံရွယ်နေပါတယ်။ ရက်ကလစ်ဟာ လန်ဒန်ပြိုင်ဘက်တွေနဲ့ ယှဉ်ပြိုင်နိုင်မယ့် ကွင်းတစ်ခုကို တည်ဆောက်လိုနေပါတယ်။ ၎င်းကွင်းကိုတော့ ‘Wembley of the North’ လို့ ခေါ်ဆိုလောက်တဲ့ထိ ကွင်းကြီးတစ်ကွင်း ဖြစ်လာဖို့လည်း မျှော်လင့်နေပါတယ်။ အင်္ဂလန်အသင်းရဲ့ လက်ရွေးစင်ကွင်းဖြစ်တဲ့ ဝင်ဘာလေဟာ ပရိသတ် ၉၀၀၀၀ ဝင်ဆံ့ပြီး နိုင်ငံရဲ့ အကောင်းဆုံးကွင်းကြီးဖြစ်ပါတယ်။ ဒီလိုကွင်း တည်ဆောက်နိုင်ဖို့… Continue Reading →

လက်ရှိ ဘောလုံးရာသီမှာ VAR အကူအခံရဆုံး အသင်းအဖြစ် ဖော်ပြခံရလာတဲ့ Top 4 အသင်း

ဒီရာသီ ပရီးမီးယားလိဂ်မှာ VAR ရဲ့ ဆုံးဖြတ်ချက် အမှားတွေနဲ့ ပတ်သက်လို့ အချက်အလက် အသစ်တစ်ခု ထွက်ပေါ်လာခဲ့ပြီ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ် ပွဲတန်ပိုကို ဆက်ထိန်းနိုင်ဖို့ ကွင်းတွင်းမှာ VAR ဆုံးဖြတ်ချက်တွေကို အချိန်တိုအတွင်း အမြန်ဆုံး လုပ်နိုင်ဖို့ကို ရာသီစတည်းက ပြုပြင်နေတာပါ။ ဒါပေမယ့် အချိန်တိုအတွင်း ဆုံးဖြတ်ခြင်းကပဲ တိကျပြတ်သားမှုပိုင်းမှာ အားနည်းလာစေပါတယ်။ ဒါတွေကို ပြုပြင်နိုင်ဖို့ ပရီးမီးယားလိဂ်က ကြိုးစားနေပါတယ်လို့ ထုတ်ပြောထားပြီး နာမည်ကျော် ESPN သတင်းဌာနကတော့ ၂၀၂၃-၂၀၂၄ ဘောလုံးရာသီမှာ VAR ဟာ မှားယွင်းတဲ့… Continue Reading →

ပိုချက်တီနိုကို ထုတ်ပယ်ရင် ချယ်ဆီး အသစ် ခန့်ဖို့ ချိန်ရွယ်ထားတဲ့ မန်နေဂျာစာရင်း ထွက်လာပြီ

အက်စတွန်ဗီလာကို ၃-၁ ဖြင့် အနိုင်ရပြီး အက်ဖ်အေဖလား ပဉ္စမအဆင့်ထံ တက်ရောက်သွားပေမယ့်လို့ ပိုချက်တီနိုရဲ့ ချယ်ဆီး မန်နေဂျာ ထိုင်ခုံဟာ အာမခံချက် မရှိသေးပါဘူး။ ပရီးမီးယားလိဂ် အဆင့် ၁၁ နေရာမှာပဲ ရှိနေဆဲ ချယ်ဆီးအသင်းဟာ ရာသီကုန်မှာ ဥရောပဝင်ခွင့် တစ်နေရာ မရခဲ့ရင် ပိုချက်တီနိုကို ထုတ်ပယ်ပြီး မန်နေဂျာသစ် တစ်ဦးဖြင့် အစားထိုးနိုင်ဆဲ ဖြစ်ပါတယ်။ ချယ်ဆီးအသင်း ပိုချက်တီနိုကို ရာထူးက ထုတ်ပယ်ရင်တောင် ပေးချေရမယ့် ပေါင် ၁၀ သန်းဟာ ပရီးမီးယားလိဂ် ဘဏ္ဍာရေး ကန့်သတ်ချက်နဲ့… Continue Reading →

လီဗာပူးအသင်း အလွန်ဆိုကို စတင် ဆက်သွယ်ခြင်းနှင့် နောက်ဆုံးရ သတင်းထူး

ဒီကနေ့မှာတော့ အင်္ဂလန်ပြင်ပ သတင်းမီဒီယာတွေကနေ လီဗာပူးနဲ့ အလွန်ဆို အကြောင်း သတင်းထူး ဖော်ပြမှု ၂ ခု ထွက်ပေါ်နေပါတယ်။ ရာသီကုန်မှာ ယာဂင်ကလော့ပ် နေရာ အစားထိုးဖို့ လီဗာပူးအသင်း ကြိုးစားမယ့်သူ အဖြစ် ရေပန်းစားမှု ထိပ်ဆုံးမှာ လေဗာကူဆင်အသင်း နည်းပြ အလွန်ဆို ရှိနေပါတယ်။ စပိန်သားဟာ လီဗာပူးအသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလား အောင်မြင်ဖူးသူ ဖြစ်ပါတယ်။ နည်းပြကလော့ပ်က ရာသီကုန်မှာ ရာထူးက ထွက်ဖို့ စဉ်းစားတာက အသင်းကို ကိုင်တွယ်ဖို့ရာ ခွန်အား ကုန်ဆုံးသွားတာကြောင့်လို့ ထုတ်ပြောထားပါတယ်။ ပထမသတင်းကတော့… Continue Reading →

မန်ယူအသင်းရဲ့ ပစ်မှတ် ကစားသမားများ၊ ပိုချက်တီနိုကို တောင်ပန်မှုနဲ့ နောက်ဆုံးရ သတင်းတိုများ

ဘရန့်ဖိုဒ့်နည်းပြ သောမက်စ် ဖရန့်က ချယ်ဆီးနဲ့ အာဆင်နယ်တို့ စိတ်ဝင်စားနေတဲ့ တိုက်စစ်မှူး တိုနေးကို ဒီနွေကျရင် ရောင်းထုတ်သွားမှာဖြစ်ကြောင်း ဝန်ခံလိုက်ပါတယ်။ လီဗာပူးအသင်းဟာ လေဗာကူဆင်နည်းပြ အလွန်ဆိုကို ချိတ်ဆက်မှု ပြုလုပ်ခဲ့ပေမယ့် စပိန်သားက ရာသီမကုန်ခင်ထိ လက်ရှိ ကလပ်အတွက်ပဲ အာရုံစိုက်လိုနေပါတယ်။ ပိုချက်တီနိုကို ရာထူးကနေ ထုတ်ပယ်သင့်ပြီလို့ လူမှုကွန်ယက်မှာ ရေးသားခဲ့ခြင်းအတွက် ချယ်ဆီးခံစစ်မှူး သီယေဂိုရဲ့ ဇနီးဖြစ်သူက တရားဝင် တောင်းပန်မှု ပြုလုပ်ခဲ့ပါတယ်။ မန်ချက်စတာ ယူနိုက်တက်ဟာ ကင်မစ်နဲ့ အဖွန်ဆိုအပြင် အဲဗာတန်အသင်း ခံစစ်မှူး ဘရိတ်ဝိတ်ရဲ့ ခြေစွမ်းကို… Continue Reading →

© 2025 Myan News — Powered by WordPress

Theme by Anders NorenUp ↑