Date

February 10, 2024

ဇာတ်သိမ်းနီးလာတော့ မင်းသားတွေ ပြန်လာပါပြီ။ မန်စီးတီးတို့ အဲဗာတန်ကို ဂိုးပြတ် သမရင်း ဇယားထိပ် တက်

မန်စီးတီးအသင်းဟာ တိုက်စစ်မှူး ဟာလန်းရဲ့ သွင်းဂိုးတွေနဲ့အတူ အဲဗာတန်ကို ၂-၀ ဖြင့် အနိုင်ယူကာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို စတင် ဦးဆောင်ပြီ ဖြစ်ပါတယ်။ နည်းပြဂွာဒီယိုလာက ဟာလန်းကို တိုက်စစ်တင်ထားပေမယ့် ခံစစ်သမား ၄ ဦး၊ ကွင်းလယ် ခံစစ်သမား ၂ ဦး တွဲထုတ်လာခြင်းနဲ့အတူ ကစားကွက်ပိုင်းမှာ အခွင့်အရေး ဖန်တီးနိုင်စွမ်း အားနည်းခဲ့ပါတယ်။ ပထမပိုင်းမှာ မန်စီးတီးဟာ ဘောလုံးပိုင်ဆိုင်မှု သာပေမယ့်လို့ တိုက်စစ်ပိုင်း ချိတ်ဆက်ပုံ အားနည်းချက်ရှိနေပါတယ်။ ၄၅ မိနစ်လုံး ဂိုးပေါက်ကို တည့်မတ်စွာ ခြိမ်းခြောက်မှု… Continue Reading →

ကလော့ပ်စတိုင် လိုက်ခိုးနေတဲ့ အာတီတာလို့ စွပ်စွဲမှု ထွက်ပေါ်လာ

အာဆင်နယ်နည်းပြ အာတီတာဟာ အင်္ဂလန်လိဂ်မှာ ယာဂင်ကလော့ပ် အောင်မြင်ခဲ့တဲ့ နည်းလမ်းတွေကို ထပ်တူနီးပါး လိုက်လံ တုပနေကြောင်း စွပ်စွဲချက် ထွက်ပေါ်လာနေပါတယ်။ အာတီတာဟာ လူငယ်နည်းပြတစ်ယောက်အဖြစ် သူ့ထက် ဝါပိုကြီးတဲ့ ဂွာဒီယိုလာ၊ ကလော့ပ်တို့ရဲ့ ပုံစံတွေကို တုပလေ့ရှိပါတယ်။ လီဗာပူးအသင်းရဲ့ YNWA သီချင်း အဖွင့်နဲ့ ပရိသတ်တွေကို ညီညွတ်စေမှုကို တုပပြီး အမ်းမရိတ်က ပွဲတွေမှာ North London Forever သီချင်းကို ပုံစံတူ ဖွင့်ပေးမှုတွေ ပြုလုပ်လာတယ်။ ပြီးခဲ့တဲ့ လီဗာပူးကို အနိုင်ရတဲ့ ပွဲစဉ်မှာတော့ ပွဲအပြီးမှာ… Continue Reading →

တိုက်စစ်သမား ၃ ဦးထိ ပါဝင်လာတဲ့ အာဆင်နယ်ရဲ့ အပြောင်းအရွှေ့ ပလန်

အာဆင်နယ်အသင်းဟာ နွေစျေးကွက်အတွက် ပြင်ဆင်မှု လုပ်ဆောင်နေရာမှာ အက်သလက်တစ် ဘီဘာအို တောင်ပံသမား နီကိုး ဝီလီယမ်ကိုလည်း ပစ်မှတ်ထားနေပါတယ်။ အာဆင်နယ်ဟာ ဆာကာနေရာ အရန်အဖြစ်ကော တိုက်စစ်အင်အားကို ချဲ့ထွင်ဖို့ပါ ဝီလီယမ်ကို သဘောကျနေတာဖြစ်ပါတယ်။ အသက် ၂၁ နှစ်အရွယ် ဝီလီယမ်ဟာ မနှစ်ကမှ ဘီဘာအိုနဲ့ စာချုပ်သစ် သက်တမ်းတိုးထားတာမို့ သူ့ကို ခေါ်ယူဖို့ ကြိုးစားရင် စျေးပေါမှာတော့ မဟုတ်ပါဘူး။ အာဆင်နယ်ဟာ လာမယ့်ရာသီအတွက် လူစာရင်း တစ်ခုကို ပြင်ဆင်နေတာဖြစ်ပြီး ကာလရှည် စောင့်ကြည့်ခဲ့တဲ့ ဝုဗ်အသင်းမှ နက်တိုကိုလည်း ခေါ်ယူနိုင်နေဆဲပါ။… Continue Reading →

ထိပ်ဆုံး ၄ သင်း အိမ်မက်အတွက် အရေးပါမယ့် ဗီလာပွဲကို ယူနိုက်တက်တို့ အနိုင်ရမလား ခန့်မှန်းချက်

မန်ချက်စတာ ယူနိုက်တက်ဟာ ထိပ်ဆုံး ၄ သင်း ဝင်ခွင့်အတွက် အရေးပါတဲ့ ပွဲစဉ်အဖြစ် အက်စတွန်ဗီလာနဲ့ ယှဉ်ပြိုင်ရပါမယ်။ ဗီလာဟာ အိမ်ကွင်းပုံစံ သိပ်ကောင်းပေမယ့် ယူနိုက်တက်နဲ့ပွဲ မတိုင်ခင် ၂ ပွဲဆက်တိုက် အိမ်ကွင်း ရှုံးပွဲ ရင်ဆိုင်ထားရပါတယ်။ ဒီပွဲဟာ နှစ်သင်းလုံးအတွက် အရေးကြီးတာကြောင့် ပွဲကောင်းဖြစ်လာဖွယ် ရှိနေပါတယ်။ ကလပ် ၂ သင်းကြား ရမှတ် ကွာဟမှု ၈ မှတ်ထိ ရှိနေပေမယ့် ဒီပွဲအပြီး ၅ မှတ်ထိ ကျဉ်းမြောင်းသွားနိုင်သလို ယူနိုက်တက်ရဲ့ ချန်ပီယံလိဂ်ဝင်ခွင့် အိပ်မက်… Continue Reading →

အာဆင်နယ်၊ လီဗာပူးတို့အား ပရီးမီးယားလိဂ်ရဲ့ သတိပေးချက် ထွက်ပေါ်

ပရီးမီးယားလိဂ်ကတော့ သူတို့ရဲ့ VAR နည်းစနစ်ဟာ တိုးတက်ဖို့ လိုအပ်နေတာတွေ အများကြီး ရှိနေသေးပေမယ့် တခုခု ဆိုတိုင်း လူသိရှင်ကြား ကြေညာချက် စာထုတ်ပြီး ကန့်ကွက် မနေကြဖို့ သတိပေး တောင်းဆိုလိုက်ပါတယ်။ ဒီရာသီ VAR ရဲ့ အမှားတွေကို ကြေညာချက် ထုတ်ကာ ကန့်ကွက်ထားတာကတော့ လီဗာပူးနဲ့ အာဆင်နယ် အသင်းတို့ ဖြစ်ကြပါတယ်။ ပရီးမီးယားလိဂ်ရဲ့ ဘောလုံးဆိုင်ရာ ဌာန အကြီးအကဲ တိုနီ စခိုးစ် ကတော့ VAR နဲ့ ကလပ်အသင်းတွေ အနေအထားကို အခုလို… Continue Reading →

ရှုံးပွဲတွေကို ရှောင်းရှားလိုရင် ကလော့ပ် သေချာပေါက် လုပ်ရမယ့် ကိစ္စ

ပြီးခဲ့တဲ့ပွဲ အမ်းမရိတ်မှာ အာဆင်နယ်ကို အရေးနိမ့်ပြီးနောက် ယာဂင်ကလော့ပ်ရဲ့ လီဗာပူးအသင်းဟာ ဒီရာသီ ပြိုင်ပွဲစုံ ရှုံးပွဲ ၄ ပွဲ ရှိလာပြီ ဖြစ်ပါတယ်။ ဒီ ရှုံးပွဲ ၄ ပွဲ လုံးမှာ တူညီတဲ့ အချက် တစ်ချက် ထူးခြားစွာ ရှိနေပါတယ်။ အဲဒါကတော့ ထို ၄ ပွဲလုံးမှာ တိုက်စစ်မှုး ဒါဝင်နူးညက်ဇ် ပွဲထွက် လူစာရင်းမှာ မပါဝင်ခဲ့တာ ဖြစ်ပါတယ်။ စက်တင်ဘာလထဲ လီဗာပူးအသင်းက စပါးကို ၂-၁ နဲ့ အရေးနိမ့်စဉ်က နူးညက်ဇ်… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!