Date

February 13, 2024

မန်ယူအသင်းမှာ တောက်ပလာမယ့်သူအဖြစ် ရော်နယ်ဒိုထံက ထောက်ခံခြင်း ပိုင်ဆိုင်ထားသူ

သရဲနီဟောင်းကြီး ရီယို ဖာဒီနန်က သူ ယူနိုက်တက် ကြယ်ပွင့် ဒါလော့ အတွက် စိုးရိမ် စိတ်ပူခဲ့စဉ်က စီရော်နယ်ဒို ဟာ ဒါလော့ အစွမ်းပြမှာ သေချာလို့ မစိုးရိမ်ဖို့ ပြောဆိုခဲ့တဲ့ အကြောင်း ဖော်ထုတ်လာပါတယ်။ ဒါလော့ဟာ ဒီတလော ပွဲတွေမှာ ယူနိုက်တက် အတွက် အထင်ကြီးလောက်ဖွယ် စွမ်းဆောင်ပြနေပြီး ဖာဒီနန် ကိုယ်တိုင်လည်း အသက် ၂၄ နှစ် အရွယ် အစွန်နောက်ခံလူရဲ့ စွမ်းဆောင်ရည် အပေါ် ချီးကျူးလာရပါတယ်။ ပေါ်တူဂီသား နောက်ခံလူကို အစောပိုင်းက သူ… Continue Reading →

ဒီကနေ့ည ချန်ပီယံလိဂ် ရှုံးထွက်အဆင့် ပြိုင်ပွဲတွေအတွက် ပွဲကြို ရလဒ် ခန့်မှန်းများ

ဒီအပတ်မှာတော့ ချန်ပီယံလိဂ်ပြိုင်ပွဲ ရှုံးထွက်အဆင့် ပွဲစဉ်တွေ ပြန်လည် စတင်လာပြီ ဖြစ်ပါတယ်။ ပွဲကောင်းတွေအတွက် လီဗာပူးအသင်းနဲ့ ချန်ပီယံလိဂ်ဖလား ၃ ကြိမ် ကိုင်မြောက်ခဲ့တဲ့ ဂန္တဝင်ကြီး ဖီးတွမ်ဆန်က အခုလို ခန့်မှန်းပေးလာပါတယ်။ RB Leipzig v Real Madrid လာလီဂါဖလား ယှဉ်ပြိုင်ဘက် ဂျီရိုနာကို ၄-၀ နဲ့အနိုင်ယူထားပြီး ရလဒ်ကောင်းနေတဲ့ ရီးရဲလ်မက်ဒရစ်ကို ရင်ဆိုင်ရမှာက လိုက်ဇစ်အတွက် ခက်ခဲပါတယ်။ ဂျီရိုနာက လာလီဂါ အမှတ်ပေးဇယား ဒုတိယနေရာမှာ ရှိနေတာဖြစ်သလို ဘာစီလိုနာက တတိယနေရာမှာ ရှိနေပါတယ်။… Continue Reading →

လီဗာပူးနည်းပြရဲ့ ပရီးမီးယားလိဂ် ခန့်မှန်းချက်အား စပါးအသင်းခေါင်းဆောင် ပယ်ချ

ဆွန်ဟောင်မင်ကတော့ လီဗာပူးအသင်း အရမ်းကောင်းနေပါတယ် ဆိုကာ ပရီးမီးယားလိဂ်ဖလား အပြိုင်လုရေး စပါးတို့ ဝင်ပါနိုင်မယ် ပြောဆိုချက်ကို ငြင်းချက်ထုတ်ခဲ့ပါတယ်။ ဒီအပတ်မှာ လီဗာပူးက ဘန်လေကို အနိုင်ယူပြီး ဇယားထိပ်မှာ ဆက်ရှိနေသလို စပါးကလည်း ဘရိုက်တန်ကို အဝေးကွင်းမှာ အနိုင်ယူပြီး ရမှတ်ကွာဟချက်ကို ဆက်ထိန်းခဲ့ပါတယ်။ ဒါကြောင့်ပဲ ကလော့ပ်က ” နိုင်ပွဲကြီးရခဲ့တဲ့ စပါးကိုလည်း ဖလားပြိုင်ဆိုင်မှုထဲ ထည့်ရပါမယ်။ အာဆင်နယ်ကတော့ အတော်လေး ကောင်းနေတယ်။ အရင် ၂ ပတ်လောက်ကတော့ ကျနော်တို့က အရမ်းကောင်းတဲ့ လူစာရင်းကို ပိုင်ဆိုင်ခဲ့တယ်။ ၂… Continue Reading →

မန်ယူကို ဒိုင်ကူလို့ သူတို့ကို နိုင်သွားတာလို့ ပေါက်ကွဲနေကြတဲ့ အက်စတွန်ဗီလာ ပရိသတ်များ

အက်စတွန်ဗီလာ ပရိသတ်တွေကတော့ တနင်္ဂနွေနေ့တုန်းက မန်ချက်စတာ ယူနိုက်တက်ကို ၂-၁ ဖြင့် အရေးနိမ့်တဲ့ပွဲမှာ ဟွိုင်လန်းရဲ့ သွင်းဂိုးမတိုင်ခင် ကာဆီမီရို လူကျွံကြောင်း ထောက်ပြလာကြပါတယ်။ ယူနိုက်တက်ဟာ ပွဲချိန် ၁၇ မိနစ်မှာတင် ထောင့်ကန်ဘောက အခွင့်အရေးကို မက်ဂွဲရား ခေါင်းတိုက်မှုကနေ ဟွိုင်လန်းက ထပ်ဆင့် ပိတ်သွင်းခဲ့တာပါ။ အဆိုပါ ထောင့်ကန်ဘောကို ဖြစ်စေခဲ့တဲ့ ဖြစ်ရပ်မှာ ကာဆီမီရိုက လူကျွံနေခဲ့တာဖြစ်ပါတယ်။ အနှေးပြကွက်တွေမှာတော့ တည်ကန်ဘောကို ခေါင်းခုန်တိုက်ဖို့ ကြိုးစားနေတဲ့ ကာဆီမီရိုဟာ လူကျွံအခြေအနေမှာ ရှိနေခဲ့ကြောင်း မြင်တွေ့ခဲ့ရတယ်။ ဒါပေမယ့် မြန်မြန်ဆန်ဆန်… Continue Reading →

ပဲလေစ့်ကို ဂိုးပြတ်နိုင်ပေမယ့် ချယ်ဆီးကစားသမားတွေကို ဝေဖန်သွားတဲ့ နဗီး

ပဲလေစ့်ကို အဝေးကွင်းမှာ ၁-၃ ဖြင့် အနိုင်ရခဲ့တဲ့ပွဲအတွင်း အဖွင့်ဂိုး ပေးရမှုအတွက် ချယ်ဆီး ကစားသမား ၃ ဦးကို နဗီးက ပြစ်တင်ခဲ့ပါတယ်။ Selhurst Park မှာ ပဲလေစ့်ဘက်က ဦးဆောင်ဂိုး ရယူခဲ့တာဖြစ်ကာ မာဒူခီရဲ့ ဘောလုံးပေးပုံ မပြတ်သားမှုနဲ့ ကိုင်ဆီဒိုရဲ့ ဘောလုံး မထိန်းနိုင်မှုက တစ်ဆင့် လာမာကပဲ ဧရိယာထိပ်ကနေ ကန်သွင်းခဲ့တာ ဖြစ်ပါတယ်။ အဆိုပါဂိုးအတွက် ဂယ်ရီနဗီးက ‘ ဆေးဗားထံက ထူးဆန်းတဲ့ ရှင်းထုတ်မှုပဲ၊ မာဒူခီက ဘောလုံးကို ပေါ့ဆခဲ့သလို ကိုင်ဆီဒိုကလည်း… Continue Reading →

ပရီးမီးယားလိဂ်က မဟုတ်တဲ့ မော်ရင်ညို နောက်ထပ် ကိုင်တွယ်မယ့် ထိပ်သီးအသင်း

ပြီးခဲ့တဲ့လက စီးရီးအေကလပ် ရိုးမားအသင်းရဲ့ ရာထူးက ထုတ်ပယ်ခြင်း ခံထားရတဲ့ မော်ရင်ညိုဟာ နည်းပြလောကထဲ ပြန်ဝင်လာဖွယ် ရှိနေတယ်လို့ သိရပါတယ်။ မော်ရင်ညိုဟာ လက်ရှိမှာ ဂျာမာန်စကားကို သင်ယူနေပြီး ဘိုင်ယန်မြူးနစ်အသင်း နည်းပြရာထူးကို တာဝန်ယူဖွယ် ရှိနေပါတယ်။ ဘွန်ဒက်လီဂါမှာ လေဗာကူဆင်နဲ့ ၅ မှတ်ပြတ်နေတဲ့နောက် ဘိုင်ယန်ဟာ ရာသီကုန်မှာ နည်းပြတူချယ်ကို ရာထူးကနေ ထုတ်ပယ်ဖွယ် ရှိနေပါတယ်။ တူချယ်ရဲ့ နည်းစနစ်ကို ဘိုင်ယန်မြူးနစ် အသင်းသားတွေ သိပ်သဘောမကျသလို ပရိသတ်တွေကလည်း သူ့အပေါ် ဝေဖန်မှုတွေ ရှိထားတာပါ။ BILD ကတော့… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!